တောင်ကြီးမြို့က ဘာသာရေး အဆောက်အဦတွေကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု အားပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, March 22, 2020

တောင်ကြီးမြို့က ဘာသာရေး အဆောက်အဦတွေကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှု အားပေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေဟာ ဒီနေ့ မတ်လ ၂၂ ရက်၊ ညနေပိုင်းမှာ တောင်ကြီးမြို့ ပေါ်က ဘာသာရေး အဆောက်အဦတွေကို လိုက်လံ ကြည့်ရှု အားပေးခဲ့ပါတယ်။
.

ရှမ်းပြည်နယ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်နဲ့ ပြည်ထောင်စုသားတွေ အားလုံး၊ ကမ္ဘာသူ/ကမ္ဘာသားတွေ အားလုံး၊ ကပ်ကြီး သုံးပါးကို ကျော်လွှားနိုင်ဖို့ အခု ကျရောက်ဆဲ ဖြစ်တဲ့ ရောဂါတွေကို ကျော်နိုင်ဖို့အတွက် ဘာသာကြီး လေးမျိုးမှာ ရှိတဲ့ ဘာသာဝင်တွေ စုပေါင်းပြီး ဆုတောင်းကြတဲ့ အခမ်းအနားတွေကို ပြုလုပ်ရာမှာ အားလုံးသော ဘာသာဝင်တွေနဲ့ တစ်ညီတစ်ညွတ်တည်း ရှိတယ်ဆိုတာကို ပြသဖို့အတွက် လိုက်လံ အားပေးခြင်း ဖြစ်တယ်လို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ပြောဆိုခဲ့ပါတယ်။
.
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေဟာ တောင်ကြီးမြို့ပေါ်က ဆစ်ခ်ဘုရားရှိခိုးကျောင်း၊ စန္ဒီမယ်တော်ကျောင်း၊ မြို့လယ်စွန္နဂျာမေ့ဗလီ၊ တောင်ဗလီ၊ ပန်းသေးဗလီ၊ မြို့ဦးဗလီ၊ ရိုမန်ကသလစ် စိန့်ဂျိုးဇက်ဘုရားကျောင်းတွေကို သွားရောက်ပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

Journal Download

Photo of three cats

About