မှန်သော စကား သစ္စာထား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Monday, March 2, 2020

မှန်သော စကား သစ္စာထား

ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
၂ ကိုးလုံး
ည ၁၀ နာရီခွဲဖို့ သိပ်မလိုတော့ပါ။ စာဖတ်ကောင်းနေ၍ မ နက်စောစောထ၊ ဘုန်းကြီးကျောင်းသွားရန် ကိစ္စလေးရှိနေ၍ "အိပ်တော့မှ ထင်ပါရဲ့"ဟု တွေးနေဆဲမှာ လက်ကိုင်ဖုန်းက ထ မြည်လာပါ၏။ ဖုန်းနံပါတ်ကလည်း စိမ်းနေ၏။ "ဒီအချိန်ကျမှ ဘယ်သူများပါလိမ့်" တွေးရင်း စကားတုံ့ပြန်ရ၏။ "ဟလို မင်္ဂ လာပါ။ ညကြီးမင်းကြီး ဘာများအရေးကြီး။ ဘယ်သူပါလိမ့်"ဆို သောအခါ တစ်ဖက်မှ "ဆရာ ကျွန်တော် ငမျိုးပါ။ သတိရလို့ ဖုန်းခေါ်လိုက်တာ။ ဒီနေ့ ဘာနေ့လဲသိလားဆရာ"တဲ့လေ။ "စနေနေ့၊ တပို့တွဲလကွယ်။ ငါဥပုသ်နဲ့ဟ။ မင်းမလဲ ပျောက်ချက် သားကောင်း။ ဘယ်ကမ္ဘာရောက်နေလဲ ငမျိုး" "ကျွန်တော် မေ မြို့ရောက်နေတယ်။ အဖေ့လက်ငုတ်ခြံ ပြန်လုပ်နေတယ်ဆရာ" "အေးအေး လိမ္မာလာရင် ပြီးတာပဲ။ စိတ်မလေနဲ့တော့ ဟုတ်ပ လား" "ဆရာဆုံးမခဲ့တာတွေကို အမြဲသတိရနေတယ်။ ဖုန်း ဆက်မယ်နဲ့ မောမောစောစော အိပ်ပျော်သွားလို့။ ဒီနေ့ ၂ ငါး လုံးဆုံတဲ့ ကြုံခေါင့်ကြုံခဲဆိုပြီး ဖုန်းဆက်လိုက်တာ။ ကျွန်တော် တန်ခူးလောက် ဆရာ့ကို လာကန်တော့ဖြစ်မလား မသိဘူး။ ဆရာပြောပြခဲ့တဲ့ သစ္စာဆိုတဲ့ အကြောင်းလေး ထူးပါတယ်။ အ ဖေက ကျွန်တော့်ကို လိုက်ရှာပြီး အတင်းခေါ်တော့တာပဲ။ မိ ထွေးကလည်း ကြည်သာပြေလည်နေပါပြီ။ ဆရာ့ကျေးဇူးမမေ့ ပါဘူးဆရာ" "ဝမ်းသာတယ်ကွာ။ လက်ဆယ်ဖြာနဲ့ပဲ ကန်တော့ ရပါတယ်။ ဘယ်တပည့်ဆီက ဘာမှမမျှော်ကိုးဘူး။ ရွှေသတိ ငွေသတိနဲ့ မေတ္တာတွေသာလိုရင်းပါ ငမျိုးရာ" "သစ္စာအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးပေးပါဆရာ၊ သားစဉ်မြေးဆက် လက် ဆင့်ကမ်း သိမ်းထားချင်လို့။ ဆရာ့လက်ရာ ကြွားရအောင်ပါ။"
.
၁၀ နာရီခွဲကျော်သွားမှ ဖုန်းချလိုက်၏။ ဖုန်းခေါ်လာချိန် ၁၀ နာရီ ၂၂ မိနစ်ဟူ၍ ဖုန်းအဝင်မှတ်တမ်းပြ၏။ ည ၁၀ နာရီ ဆိုတော့ ၂၂ နာရီပေါ့။ ၂၂/၂/၂၀၂၀ ရက် ဖြစ်၍ ငမျိုးက ၂ ငါး လုံးဆုံသောနေ့ဟု ဆိုခြင်းပါ။ နာရီနှင့် မိနစ်ပါ ထည့်လိုက်က ၂ ကိုးလုံးတောင် ဆုံနေပါ၏။ ဘာကြောင့် ဖြစ်ဖြစ်၊ တပည့်တေ လေတစ်ယောက် အဆင်ပြေနေပြီ ကြားရ၍ ပီတိဖြစ်ရ၏။ အမေ ဆုံးသွားပြီး အဘွား အဒေါ်လက်တွေပေါ် ကြီးရသည့်မိတဆိုး လေးပါ။ မိခင်မေတ္တာ ငတ်ရှာ၏။ ဖခင်ကို မျက်နှာတကြည့်ကြည့် နှင့် အားကိုးချစ်ပါ ချစ်ခဲ့ရှာ၏။ သူက ဖေခင် ဖေချစ်သားလေ။ ခြံအလုပ်တစ်ဖက်၊ စီးပွားရေးအတွက် တစ်ဖက်နှင့် သားအဖ နှစ်ဦးသား နွေးနွေးထွေးထွေး မရှိနိုင်ရှာခဲ့ပါ။ အရွယ်ကောင်းအ သက် ၃၀ ကျော် မုဆိုးဖိုဆိုတော့လည်း ဘဝဖော် အသစ်ရှာဖို့ အချိန်တွေ လုသွားတာလည်း ပါမည်။ လူပျိုပေါက်အရွယ်် စိတ် မကျေနပ်မှုတွေ များလာတော့ ဂျစ်တူးလေးဖြစ်ခဲ့ပြီ။ ဘွားအေ ခမျာမှာ မျိုမတတ် ချစ်ရှာသော်လည်း သက်ဆိုးမရှည်ရှာပါ။ အ ဒေါ်တွေကတော့ တစောင်းစေးနှင့် မျက်ချေး။ ပိုဆိုးတာက အဖေနောက်မိန်းမ ယူလာချိန်မှာ ငမျိုးအဆိုး အထွတ်အထိပ် ရောက်၊ ပေါက်ကွဲပြီ။ ၇ တန်းကျောင်းစစ်တောင် ကျခဲ့ပြီ။ အိမ် ပြေးဘဝရောက်ပြီ။ ဒုက္ခပင်လယ်ဝေပြီ။ ရရာအလုပ်လုပ်။ သွား ကိုက်၍ ကျွန်တော့်ဆေးခန်းရောက်လာ၏။ ၁၅ နှစ်ကျော်ကြာ ခဲ့ပြီ။ အချိန်တွေများ ကုန်မြန်လိုက်လေ။
မှန်သောစကား
.
"ငမျိုးရယ်။ မင်းအသက်အစိတ်မှာ ကလေး နှစ်ယောက်အ ဖေဖြစ်ပြီ။ ယောက္ခမခြံမှာ ဝင်လုပ်ရဦးတော့ ယောက္ခမအိမ်ထက် သမက်မျက်နှာငယ်တဲ့။ ရေရှည်ဘယ်လို အဆင်ပြေနိုင်ပါ့မလဲ ကွာ"
.
"မှန်လိုက်လေ ဆရာရယ်။ ယောက်ဖတွေက ပိုဆိုးတယ်။ လူငယ်ချင်း ကြိုက်လို့ ခိုးပြေးကြတာမှာ၊ ခိုးရာလိုက်ရပါ့မလား လို့  သူ့အိမ်က ဘယ်ကြည်ပ့ါမလဲ။ ကျွန်တော်ကလည်း အခြေ အနေမဲ့"
.
"အဲလို သိမ်ငယ်စိတ် မထားပါနဲ့။ အဖေတို့ အဒေါ်တို့ ဆွေ မျိုးအရင်းအချာကြီးတွေ၊ အိုးနဲ့ အိမ်နဲ့ ခြံမြေတွေနဲ့။ လက်မဲ့မှ မ ဟုတ်တာကွာ။ အဖေက ပြန်ခေါ်နေတာ မင်းကမှ လှည့်မကြည့် တာ"
.
"မိထွေးမျက်နှာ မကြည့်ချင်ဘူးဆရာ။ ပြီးတော့ နောက် ပေါက်တွေက သုံးယောက်တဲ့။"
.
"သုံးယောက်မကလို့ ဘယ်နှယောက်ဖြစ်ဖြစ်၊ အဖေဆုံညီ အစ်ကို မောင်နှမတွေပဲဟာ။ သွေးရင်းလို သွေးကစကားပြောပါ သေးတယ်။ မင်းစိတ်ပြင်ဖို့ပဲ ရှိတာ ငမျိုးရ"
.
"အဖေကိုယ်တိုင် လာလိုက်ခေါ်ရင်တော့ အခြေအနေတစ် ချက် ပြန်ကြည့်ချင်နေတယ်ဆရာ"
.
"ဒါဆို ဒီလိုလုပ်။ မင်းအဖေကို ချစ်တာ အားကိုးတာ အမှန် ဆိုတဲ့ သစ္စာစကားဆိုပေတော့"
.
ကျွန်တော်လည်း အကြံကုန် ဂဠုန်ဆားချက်ဆိုသည့် အ တိုင်း ပြေလည်ပါစေတော့ဟု တပည့်ငမျိုးအား သစ္စာစကားတိုင် တည်ခိုင်းတော့၏။ သေချာစာစီပြီး ရေးပေးလိုက်၏။ အနည်းဆုံး ၁၀ ရက်ခန့် အဖေ၏ မျက်နှာပေါ်အောင် စိတ်အမှန်းနှင့် ကြည့် ပြီး မေတ္တာဦးစွာ ပို့ခိုင်းရပါ၏။ ရှေးဦးပြုလုပ်ဖွယ် ပရိကံက အ ရေးကြီး၏။ ၁၀ ရက်ပြည့်ပြီးမှ ငါးပါးသီလမြဲအောင် ငါးရက် စောင့်ထိန်းခိုင်းသည်။ လဝက်ကတော့ အချိန်ပေးရ၏။ ပြီးတော့ မှ နေ့စဉ်အချိန်မှန်မှန် သစ္စာစကား တစ်နေ့သုံးကြိမ် (နံနက်၊ နေ့လယ်၊ ညပိုင်း) ဆိုခိုင်း၏။ အချိန်မှန်ပါမှ အဓိဋ္ဌာန်ဖြစ်ကြောင်း မှာကြားရ၏။ တစ်ပတ်အတွင်း ထူးခြားနိုင်ကြောင်း အားပေး လိုက်ရ၏။ အဖေ့မွေးရက်မှ စတင်စေလိုက်၍ သူ့မွေးရက်နေ့အ ရောက် ငါးရက်ဖြင့် အဖေရောက်ချလာပြီး လည်ဂုတ်ဆွဲပွေ့ဖက် ခေါ်သွား၏။ ၁၀ နှစ်ကျော်ကြာ အဆက်ပြတ်နေကြသည့် မိသား စုတို့ဖက်လဲ တကင်းကြိုဆိုကြ၏။ မိကွဲသော်လည်း ဖဆုံအ ငယ်လေးတွေက ကိုကြီး ကိုကြီးနှင့် နှုတ်က မချကြတော့။ သည် မောင်က ဆိုးပေလို့သာ ဆိုးပေနေ၏။ ချစ်မွေးရှိပြီး နှုတ်ချိ၏။ စိတ်ကောင်းဝင်နေလျှင် မျက်နှာချို ရွှင်ပျမြဲပါ။ ချွေးမရော မြေး တွေပါ လဝက်မကြာမီ လာရောက်ခေါ်ဆောင်သွားကြကြောင်း သိရ၏။
.

.
သူ့အပေါင်းအသင်း ငပေငတေတွေက အံ့သြလို့မကုန် တော့ပြီ။ ဘယ့်နှယ်အရက်မူးလျှင် သွေးအလွန်ဆိုး၊ အဆဲအ လွန်သန်၊ အလွန်စရိုက်ကြမ်းတမ်းတတ်လွန်းသော ငမျိုးက သစ္စာဆို၍ ကြီးပွားအဆင်ပြေနေကြောင်း ကြားသိကြတော့ မ ယုံချင်ကြပါတဲ့။ လူမိုက်ကြီးပါးစပ်ကဆိုသော သစ္စာစူးရောက် အကျိုးပေးသည်မှာ မဖြစ်နိုင်ရေးချသာမက၊ မဖြစ်နိုင်လုံးကြီး တင်ရော တစ်ချောင်းငင်ရော ငသတ်မသတ် ပသတ်တသတ် နသတ် ကသတ်ရော အားလုံး မဖြစ်နိုင်ဟု ဆိုကြကုန်၏။ သည် လိုသာဆိုလျှင် လူတိုင်းသစ္စာဆိုကြတော့မှာပေါ့။ အားလုံးပြေ လည်ကြမည်ဆိုက ကောင်းပေစွပေါ့။ သို့ပေသိ၊ တို့များ မှန် တာဆိုတာပဲ။ ဘာမှ ထူးမလာပါဘူးဟု ဆိုကြပါသတဲ့။ ဘယ်လို ပြုမူဆောင် ရွက်၍ ဘယ်လိုသစ္စာစကား ဆိုကြတာ ပါလိမ့်။ လွဲ တာ ရှိပေမည်။
.
ပရမတ္ထ
ဘယ်တော့မှ မပြောင်းလဲ၊ အမြဲမှန်ကန်နေမည့် ဓမ္မကို ပရ မတ္ထသစ္စာဟု ဆို၏။ စိတ်၊ စေသိက်၊ ရုပ်နှင့် နိဗ္ဗာန်တို့သည် တ ကယ့်အရှိတရားဖြစ်ပြီး အမြဲမှန်ကာ ဘယ်တော့မှ မမှားသော ကြောင့် ပရမတ္ထသစ္စာဟု ဆိုရ၏။ ပြီးတော့ သစ္စာလေးပါးမြတ် တရားဟု၊ ဒုက္ခသစ္စာအကျိုးသည် သမုဒယသစ္စာအကြောင်းတ ရားကြောင့်၊ နိဗ္ဗာန်ဆိုသော နိရောဓသစ္စာ အကျိုးတရားသည် မဂ္ဂသစ္စာအကြောင်းတရားကြောင့် ဟူ၍ တရားဦးဓမ္မကြသုတ် ၌ လာရှိ၏။ ဤသစ္စာလေးချက်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ထိုးထွင်းသိမြင်ကာ သုံးလောက ထွတ်ထားဗုဒ္ဓဘုရားရှင်အဖြစ် ပွင့်ထွန်းရေးအတွက်၊ နိယတဗျာဒိတ် ရရှိပြီးသည့်နောက် လေး အသချေင်္နှင့် ကမ္ဘာတစ်သိန်းပါရမီ ဖြည့်ကျင့်တော်မူခဲ့ရ၏။ ပ ညာဓိက ဗုဒ္ဓမို့ ပါရမီဖြည့်ကာလအတိုတောင်းဆုံး ဖြစ်ပါသတဲ့။ သမုတိသစ္စာဆိုသော သမုတ်ပညတ်ထားသည့် အမှန်တရားရှိ သေး၏။ လောကကြီးထဲ၌ ပရမတ်အလိုအားဖြင့် နာမ်နှင့် ရုပ် ခန္ဓာငါးပါးပြဆိုပါလျက်၊ သူငါတစ်ပါး ယောက်ျားမိန်းမ ပုဂ္ဂိုလ် သတ္တဝါစင်စစ် မရှိပါဘဲနှင့် မင်းသူဌေးသူကြွယ် ဆင်းရဲသားသိ ကြားဗြဟ္မာ စသည်အားဖြင့် အဟုတ်တကယ် ရှိသလိုလို ခေါ် ဝေါ်ပြောဆိုနေကြခြင်းမှာ သမုတိသစ္စာဖြစ်၏။ ထင်ရှားအောင် ပြဆိုရလျှင် ရှေးရှေးတုန်းက မင်းဧကရာဇ်များသည် တကယ့် သက်ဦးဆံပိုင်ရှင်ဘုရင်များ ဖြစ်ကြ၏။ မင်းကျင့်တရားဆယ်ပါး မြဲကြ၏။ တိုင်းသူပြည်သားများအား ရင်ဝယ်သားနှင့် မခြား မေတ္တာထား စောင့်ရှောက်ကြည့်ရှု စာနာကြပါ၏။ နောက်ပိုင်း တွင် သီလပျက်ကွင်း အကျင့်တန် အာဏာရှင်များ ဖြစ်လာကြ ၏။ တော်လှန်ရေး အစိုးရဥက္ကဌကြီး မန္တလေးတက္ကသိုလ်ရောက် စဉ် သိချင်သည့်ကိစ္စ ဆရာကြီး ဦးဆန်းထွန်းသာလျှင် ဖြေနိုင် မည်မို့ အခေါ်ခိုင်းရ၏။ ဆရာကြီးရောက်လျှင် ထိုင်ကန်တော့ရာ မလုပ်ပါနှင့် ဆရာကြီးဟု တားမြစ်တော့၏။ သမုတိနတ်မည်ပါ သောကြောင့် ကန်တော့ပါ၏ဟု တရားပြလိုက်၏။ နှစ်ဦးလုံး တော်ကြပါ၏။ ထားပါတော့။
.
မှန်သောစကားပြောတိုင်း စူးရောက်ပါသလား။ ငါသည်အ ရက်ကို ကြိုက်၏။ သောက်၏။ မူး၏။ ရမ်းကား၏။ ဤမှန်ကန် သော စကားကြောင့် အခက်အခဲမှ ပြေလည်ရပါလို၏။ ဤအ မှန်စကားမျိုးသည် မှန်ကား မှန်၏။ မကောင်းသော စကားဖြစ် ၍ အကျိုးတစ်စုံတစ်ရာ မထင်နိုင်ပါ။ သူ့သီလ ကျိုးနေခြင်း၊ သူ့ နှုတ်လျှာ မသန့်ပြန့်ခြင်း၊ သူ့စရိုက်ကြမ်းခြင်းတို့ကြောင့် သူ့ အခံဓာတ်လုံးဝသိက္ခမရှိ၍ ဖြစ်၏။ သစ္စာပြုခြင်းသည် နှုတ်မြွက် ဆိုသော စကားစဉ်မှန်ကပိုကောင်း၏။ စကားမှန်၍ အကြောင်း အရာ သိပ်မသင့်လျှင် အခံဓာတ်ကောင်းက အကျိုးရှိနိုင်ပါ၏။ သစ္စာဆိုခြင်းတွင် စိတ်ထဲ၌ မိမိဖြစ်စေလိုရစေ ချင်လှသော အ ကျိုးတစ်စုံတစ်ခုကို စိတ်ကူး ကြံဆပြဋ္ဌာန်းချက် ပါ၏။ ဤသည် ကို အဓိဋ္ဌာန်ပြုသည်ဆို၏။ ထို့ကြောင့် သစ္စာအဓိဋ္ဌာန်ဟူ၍ စ ကားနှစ်ရပ်တွဲပြီး လောက၌ ဆိုရိုးစကား ပြုကြ၏။ မကောင်း လှသော အမှန်စကားသည်လည်း ထူးကဲသော ဖြစ်ရပ်များပေါ် ပေါက်ခဲ့ဖူးသည်များ ရှိ၏။ ပြည့်တန်ဆာမ၏ သစ္စာစကား ကြောင့် ဂင်္ဂါမြစ်ရေဆန် တက်ခဲ့ဖူးပြီ။ သူကြွယ် လင်မလားတို့ ၏ သားငယ် မြွေဆိပ်တက်စဉ် ဆရာရသေနှင့်အတူ သူကြွယ် ဇနီးမောင်နှံတို့ မြွက်ဆိုစကားများမှာ သိပ်ပြီး မကောင်းလှသော စကားများ ဖြစ်ကြပါလျက် အဘယ့်ကြောင့် မြွေဆိပ်ပြေ၍ သား ငယ်အသက်ချမ်းသာရာ ရရှိပါသနည်း။ ထောက်ပြစရာ ဖြစ်လာ ပါလိိမ့်မည်။
.
စိတ်ရင်းကောင်း
အခံဓာတ်ဆိုသည်မှာ စိတ်ရင်းကောင်း စေတနာကောင်းကို ဆိုလိုပါ၏။ အသောကမင်းကြီးလက်ထက် ၁၀၁ ပါးမင်းတို့ ဝပ် တွားခယသည်အထိ ဘုန်းတန်ခိုးကြီးမြတ်ပါသော်ငြား ဂင်္ဂါရေ ကို ရပ်တံ့စေခြင်း၊ ဆန်တက်စေခြင်းငှာ မတတ်နိုင်ခဲ့ပါ။ ပြည့် တန်ဆာမက သစ္စာဆိုသောအခါ ဂင်္ဂါရေဆန် တက်ရသည့် သာ ဓကလက်တွေ့ရှိခဲ့၏။ ရှေးက ပြည့်တန်ဆာဆိုသည်ကို ယခု ခေတ်အရပ်ပျက်မကဲ့သို့ အဆင့်မျိုး မမြင်သင့်ပါ။ ဘုရင်ကိုယ် တိုင် ရွေးချယ်လျက် တစ်ညတာ ပျော်ပါးဖို့ အသပြာငါးရာ၊ တစ် ထောင် စသည်နှုန်းထားသတ်မှတ်ပေးကာ အဆောင်ယောင် များနှင့် တင့်တောင့်တင့်တယ် ချီးမြှောက်ရလေသူ အလှဧကရီ မျိုးရိုးမြင့် ဂုဏ်ရှိသူပါ။ အဆိုအက အတီးအမှုတ်တို့ဖြင့် အငြီး ဖြေအပန်းဖြေ ပျော်ပါးစေဖို့ အသုံးတော်ခံရသည့် မင်းသုံးသူဌေး သုံး အများပိုင် မယားအဆင့်မျိုး ဖြစ်၏။ သူဆိုသော သစ္စာစ ကားမှာ "သူ့ထံ လာရောက်သူတို့အား အညီအမျှ ဧည့်ဝတ်ကျေ အောင် တာဝန်ထမ်းဆောင်ပါသည်"ဟူ၏။ မည်သူ့ကိုမှ မပိုစေ ရ မလိုစေရသည်ကား ခက်ခဲလှ၏။ မိခင်သည်ပင်လျှင် သားသ မီးတိုင်းကို အညီအမျှ ချစ်ဖို့ခက်၏။ လိမ္မာလွန်းသူထက် ဆိုး လွန်းသူကို ပိုမိုချစ်ကြ၏။
.
ကဏှဒီပါယန ဇာတ်တော်တွင် ဆရာရသေ့ ကျောင်းသင်္ခမ်း သို့ ရောက်စဉ် ဆော့ကစားနေသော သားငယ်မြွေကိုက်ခံရ၍ မြွေဆိပ်တက် မေ့မျောနေ၏။ ဖခင်သူကြွယ်ကြီးက မိဘအစဉ် အဆက် ကိုးကွယ်လှူဒါန်းနေ၍သာ ဆက်လက်လှူဒါန်းနေရ၏။ ရိုသေစွာ လှူဒါန်းသော်လည်း စေတနာကား မရှိပါဟုဆို၏။ သူ ကြွယ်ကတော်ကလည်း မိဘစုံဖက်ပေး၍ ပေါင်းသင်းနေရ၏။ လုံးဝမချစ်ပါ။ မယားဝတ္တရားကား မလစ်ဟင်းစေရအောင် လုပ် ဆောင်ပြုစုပါ၏ဟု ဆို၏။ ရသေ့ကြီးကတော့ "ငါသည် ရသေ့ပြု ၍ ခုနစ်ရက်သာ ရသေ့ဘဝ၌ ပျော်မွေ့၏။ ထိုနေ့မှတစ်ပါး ယ နေ့ထိ သူများကဲ့ရဲ့မည်စိုး၍ အောင့်အည်း၍သာ နေရ၏။ လုံး ဝမပျော်မွေ့ပါ။ အကျင့်သီလကိုကား စောင့်ထိန်းပါ၏ဟု ဆို၏။ သားငယ် မြွေဆိပ်ပြေ၍ အသက်ချမ်းသာရာရ၏။ မှန်သော စ ကားသိပ်မကောင်းသော်လည်း စိတ်ရင်းကောင်းလျက် အကျင့် သီလ မပျက်ကြ၍ သစ္စာစူးခြင်းပါ။
.
သုဝဏ္ဏသာမဇာတ်တော်၌ ဒုကူလနှင့် ပါရိကတို့ရသေ့မိဘ နှစ်ပါး မျက်မမြင်များအား သားဖြစ်သူ ဘုရားလောင်းက ရှာဖွေ ပြုစုကျွေးမွေးနေ၏။ ပီဠိယက္ခမင်းကြီးမှားပစ်မိသော ဆိပ်လူး မြား၏ ဒဏ်ချက်ကြောင့် အဆိပ်တက်မေ့မျောနေ၏။ မိဘနှစ် ပါးတို့၏ ကောင်းသောသစ္စာစကားကြောင့် သားမှာ ကိုယ်စောင်း ကား ပြန်၏။ အဆိပ်လုံးဝ မကျသတိမလည်လာသေးပါ။ ဂန္ဓမာ ဒနတောင်စောင့်နတ်သမီးကား ခုနစ်ဘဝက ဘုရားလောင်း၏ အမိတော်စပ်ခဲ့ဖူး၏။ ဤတောင်ပေါ်၌ရှိသော သစ်ပင်ဟူသမျှ မွှေးကြိုင်ကြ၏ဟူသော သစ္စာစကားကို ဆို၏။ အားလုံးကောင်း မြတ်မှန်ကန်သော သစ္စာစကားကြောင့် သားရွှေအိုး ထမ်းလာ သည်ကို မိဘနှစ်ပါးတို့ မြင်ကြရ၏။ တစ်ချက်ခုတ် သုံးချက်ပြတ် အကျိုးထူးကို ရရှိ၏။ တပည့်ငမျိုးကိုလည်း မှန်သော ကောင်း သော သစ္စာစကားကို ဆိုခိုင်းခဲ့၏။ ဖခင်နှင့် တကွ သတ္တဝါအား လုံး မေတ္တာဆယ်ရက်ပို့စေ၏။ ငါးပါးသီလ ငါးရက်လုံးခြုံစေ၏။ အခံဓာတ်ကောင်းအောင် ရည်ရွယ်ချက်ဖြစ်၏။ တစ်နေ့သုံးကြိမ် အချိန်မှန်မှန် သစ္စာဆိုစေ၏။ ငါးရက်ဖြင့် ဖခင်ကိုယ်တိုင် လာ ခေါ်တော့၏။ အဓိဋ္ဌာန်အောင်ခြင်း၌ စိတ်ရင်းကောင်း ရည်ရွယ် ချက်ကောင်းပြီး မှန်ကန်ကောင်းမြတ်စကားတို့ကြောင့် ဖြစ် ကြောင်း မီးမောင်းထိုးပြရင်း...။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)