တောင်ပေါ်က ဓားပြမှုတွေနဲ့ တောင်ကြီးမြို့ နာမည် မပျက်ပါစေနဲ့ - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, March 12, 2020

တောင်ပေါ်က ဓားပြမှုတွေနဲ့ တောင်ကြီးမြို့ နာမည် မပျက်ပါစေနဲ့


အောင်ဆန်းဝင်း
.
အဲ့ဒီကိစ္စက ဖြစ်နေတာကြာပြီ။ ကြုံခဲ့ရတဲ့လူတွေ၊ ကြားခဲ့ရ တဲ့လူတွေ အကြိမ်ကြိမ်အခါခါ လိုင်းပေါ်တင်လို့ မြန်မာနိုင်ငံမ ပြောနဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာကတောင် သိနေကြပါပြီ။ နွေရာ သီဆို ဘုရားဖူးကားတွေ လာတော့မှာဖြစ်တဲ့အတွက် အမြန်ဆုံး ဖမ်းဆီး အရေးယူဖို့ လိုအပ်နေတယ်။ အရင်ကတည်းက ခဏ ခဏ ဖြစ်နေကျပါ။ သင်္ကြန်ရက် ဘုန်းကြီးကျောင်း တက်တဲ့လူ အများကြီးရှိတာတောင် ကျွန်မအစ်မရဲ့ ပိုက်ဆံအိတ် လုပြေး သွားပါတယ်။ သူငယ်ချင်း တစ်ယောက်အဖွဲ့လိုက် ဆွမ်းသွား ကပ်တာရွှေ ကျပ်သားဆွဲကြိုး ပါသွားပါတယ်။ အဲဒီလူလုပ် တာကြာပြီ။ ပုံစံက အရပ်ခပ်မြင့်မြင့် အသက် ၄၀ ကျော်။ တောစီးဖိနပ်နဲ့ ပြောက်ကျားဘောင်းဘီ ဝတ်တာများတယ်။ ဦး ထုပ်လည်းဆောင်းထားတယ်။ တစ်ခါတလေ လှံပါတယ်။ သူ့ ရဲ့ပစ္စည်းတွေကို တောင်ပေါ်တောထဲမှာ ဖွက်ထားတာ ဖြစ်လိမ့် မယ်။
.
မတ်လ ရက်၊ တနင်္ဂနွေနေ့၊ မွန်းလွဲ နာရီခွဲလောက်မှာ ဖြစ်တဲ့လုယက်မှု ဖြစ်စဉ်တစ်ခုကို ပြုထားတဲ့ မှတ်ချက်တွေထဲက တချို့ပါ။ လုယက်မှု ဖြစ်ပွားတဲ့ နေရာက တောင်ကြီးမြို့ အရှေ့ ဘက် အထင်ကရနေရာ တစ်ခုဖြစ်တဲ့ ရွှေဘုန်းပွင့်တောင်ကြော ပေါ်က မင်္ဂလာတောင်ချွန်း စေတီအတက်လမ်းမှာ ဖြစ်ပါတယ်။ လုယက်ခံရသူတွေကတော့ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ ကုန်းသာပရိယတ္တိစာသင်တိုက်မှာ သီတင်းသုံးတဲ့ ကိုရင်ငယ် ပါးနဲ့ ကျောင်းသားတစ်ယောက်ပါ။ တောင်ပေါ်ဘုရားစေတီ ကို မရောက်ဖူးတဲ့ ကိုရင်ငယ်တွေနဲ့ ကျောင်းသားတစ်ယောက် ဘုရားဖူးသွားရင်း တောင်ချွန်းအတက်လမ်းမှာ အသက် ၄၀ လောက်ရှိတဲ့ အမျိုးသားတစ်ယောက်က ခြိမ်းခြောက်လုယက် ခြင်း ဖြစ်ပါတယ်။ ကိုရင်တွေနဲ့ ကျောင်းသားဆီမှာ ငွေကြေးမပါ တဲ့အတွက် လက်ကိုင်တယ်လီဖုန်း လုံးပေးလိုက်ရတယ်လို့ ပြောပါတယ်။
.
အဲဒီလူက ကျွန်တော်တို့ကိုတွေ့တော့ တောင်အောက်နား မှာရဲရှိလားလို့မေးတယ်။ ကျွန်တော်တို့က မရှိဘူးလို့ ပြောတော့ လေးဂွနဲ့ အရင်ဆုံးပစ်တယ်။ ခြိမ်းခြောက်တာလည်း လုပ်တယ်။ ထွက်ပြေးမယ်လုပ်တော့ ဓားထုတ်ပြီး ပါလာတဲ့ ပိုက်ဆံနဲ့ တယ် လီဖုန်းပေးဖို့ပြောတယ်။ ဓားနဲ့ထောက်ထားတော့ ကျွန်တော်တို့ လည်း ထွက်မပြေးရဲဘူး။ ပိုက်ဆံကတော့ ကျွန်တော့်ဆီမှာ မပါ ဘူး။ ကိုရင်တစ်ပါးဆီက ဖုန်းနဲ့ ကျွန်တော့်ဖုန်းကိုယူသွားတယ်။ အသက် ၄၀ လောက် ရှိလိမ့်မယ်ထင်တယ်။ လုတဲ့လူကတော့ တစ်ယောက်တည်းပဲ။ လေးဂွနဲ့ပစ်ပြီး ဓားလည်းပါတော့ ကျွန် တော်တို့လည်းကြောက်တာပေါ့။ ဖုန်း လုံးယူပြီး သူတောထဲ ပြန်ဝင်သွားတာနဲ့ ကျွန်တော်တို့လည်း ထွက်ပြေးလာကြတာ။  တချို့ကိုရင်ဆို သင်္ကန်းတောင်မပါတော့ဘူးလို့ လုယက်ခံရမှု ဖြစ်စဉ်မှာ ပါတဲ့ကျောင်းသားက ပြောပါတယ်။
.
လုယက်မှုဖြစ်တဲ့နေရာက ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ရွှေဘုန်းပွင့် တောင်ကြော ပေါ်မှာပါ။ ဒီတောင်ကြော တစ်လျှောက်ပေါ်မှာရှိတဲ့ ဘုရားစေ တီတွေကို ဒေသခံတွေအပြင် အနယ်နယ် အရပ်ရပ်က ဘုရား ဖူးခရီးသွားဧည့်သည်တွေ မပြတ်တမ်းဝင်ရောက်နေပါတယ်။ အခုလို အထင်ကရနေရာတစ်ခုမှာ မြို့သိက္ခာကျစေမယ့် ဖြစ် ရပ်တွေ ဖြစ်ပွားနေတာ ကောင်းတဲ့လက္ခဏာ တစ်ရပ်မဟုတ်ပါ ဘူး။ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့အတွက် မြို့ပေါ်နေပြည် သူတွေကြားမှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ကြိမ်ရေများူစွာဖြစ်နေတဲ့ လုယက်မှုဖြစ်စဉ်တိုင်းအတွက် တရား ခံ ဖမ်းဆီးရမိခြင်း မရှိတာကလည်း ဝေဖန်မှုတွေကို မြင့်တက် စေပါတယ်။ ပြည်နယ်မြို့တော်ကြီးမှာ လုယက်မှုတွေ ဖြစ်ပွား နေတဲ့အတွက် မြို့ပေါ်နေ ပြည်သူတွေ လုံခြုံရေးအတွက် မေး ခွန်းထုတ်စရာ ဖြစ်လာပါတယ်။
.

.
ခြိမ်းခြောက်လုယက်မှု ဖြစ်စဉ်တွေဖြစ်တဲ့ နေရာကိုကြည့် မယ်ဆိုရင် ရွှေမုဋ္ဌောစေတီနဲ့ ရွှေဘုန်းပွင့်စေတီကြားက နေရာ တွေမှာ အများဆုံးဖြစ်ပွားတာကိုတွေ့ရပါတယ်။ လူအသွားအ လာပြတ်တဲ့ တောင်တက်လမ်းမကြီးဘေးမှာ ဖြစ်ပွားတာရှိသ လို၊ တောတွင်းလမ်းသွယ်တွေမှာလည်း လုယက်မှုတွေ ဖြစ်ပွား တတ်ပါတယ်။ ဘုရားဖူး ခရီးသွားတွေ၊ လေ့လာရေးထွက်တဲ့ လူတွေနဲ့ သမီးရည်းစားစုံတွဲတွေ ဆီကနေ လုယက်မှုတွေ ကြာခဏ ဖြစ်တယ်လို့ ဒေသခံတွေပြောဆိုကြပါတယ်။ အများ ဆုံးဖြစ်ပွားတဲ့ နေရာတွေကို သိပေမယ့် တစ်ကြိမ်တစ်ခါမှတော့ ဖမ်းဆီးရမိတဲ့ သတင်းမကြားရသေးပါဘူး။ တာဝန်ရှိသူများ အနေနဲ့ ဒီလိုဖြစ်စဉ်ကိစ္စရပ်ကို ဆက်ပြီးလျစ်လျူရှုနေဦးမယ် ဆိုရင်တော့ နာမည်ကောင်းမျိုးစုံနဲ့ ထင်ရှားတဲ့ တောင်ကြီးမြို့ရဲ့ ကောင်းသတင်းတွေ သဲထဲရေသွန်ဖြစ်နိုင်တဲ့အတွက် တာဝန်ယူ မှုတွေလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။
.

အဲဒီနေ့က ဥပုသ်နေ့ဖြစ်တော့ ကျောင်းကကိုရင်လေးတွေနဲ့ ကျောင်းသားတစ်ယောက် တောင်ပေါ်ဘုရားဖူးသွားကြတာပေါ့ သူတို့ကတောင်ပေါ် တစ်ခါမှ မရောက်ဖူးတော့ ရောက်ဖူးတယ် ရှိအောင် သွားကြတာ။ သူတို့ဆီမှာ ပိုက်ဆံတော့ ပါမသွားကြ ဘူး။ ကိုရင်တစ်ပါးနဲ့ ကျောင်းသားဆီကဖုန်းတော့ အလုခံလိုက် ရတယ်။ ကျောင်းသားကတော့ ဗမာစကား ကောင်းကောင်းပြော တတ်တယ်။ နားလည်တယ်။ ကိုရင်လေးတွေက သိပ်မပြော တတ် နားမလည်ကြဘူး။ အကုန်လုံးပအိုဝ်းလူမျိုးတွေ ကြောက် လှန့်ပြီး ထွက်ပြေးလာကြတာ တချို့ကိုရင်ဆိုရင် သင်္ကန်း တောင် ပါလာတော့ဘူး။ ဒီလိုလုယက်မှုဖြစ်တာတော့ ဦးဇင်းတို့ လည်းကြားပါတယ်။ ကိုရင်လေးတွေဆိုတော့ မလုပ်လောက် ဘူး ထင်တာပေါ့။ ဘုရားသားတော်တွေတောင် အလွတ်မပေး လောက်အောင် ဆိုးရွားလာတာတော့ မကောင်းတော့ဘူးလို့ ကုန်းသာပရိယတ္တိစာသင်တိုက်မှာ သီတင်းသုံးတဲ့ သံဃာတစ် ပါးက မိိန့်ကြားပါတယ်။
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ အရှေ့ဘက်မှာရှိတဲ့ ရွှေဘုန်းပွင့် တောင်တန်းဟာ တောင်ကြီးမြို့ရဲ့ ထင်ရှားတဲ့ ပြ ယုဂ်တစ်ခုဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့် သည်တွေ တောင်ကြီးမြို့ကို အလည်အပတ်ရောက်လာရင် ဖြစ်မနေ သွားရောက်လည်ပတ် ဘုရားဖူးတဲ့ နေရာတစ်ခုပါ။ ခုလို ပွင့်လင်းရာသီ ကျောင်းပိတ်ချိန်ဆိုရင် ခရီးသွားဧည့်သည် တွေ ပိုပြီးဝင်ရောက်လာတတ်ပါတယ်။ ပြည်နယ်မြို့တော်ရဲ့ ထင်ရှားတဲ့ နေရာမှာ အခုလို ဓားပြတိုက်မှုဆန်ဆန် လုယက်မှု တွေဖြစ်နေတာ သင့်တော်ခြင်းမရှိပါဘူး။ သက်ဆိုင်ရာ တာဝန် ရှိသူတွေ အနေနဲ့ သင့်တော်တဲ့ အစီအမံတွေလုပ်ပြီး ကျူးလွန် သူတွေကို ဖော်ထုတ်နိုင်ဖို့လိုအပ်နေပါတယ်။ ဖြစ်သွားတဲ့ လု ယက်မှုဖြစ်စဉ်တိုင်း လက်သည်တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိ သေးတဲ့အတွက် ကျူးလွန်သူတွေဘက်က ပိုအတင့်ရဲနေတယ် ဆိုရမှာပါ။
.
ကိုရင်လေးတွေ ဖြစ်သွားတာကို ကြည့်မယ်ဆိုရင် ဒါကဓား ပြတိုက်တာပဲလေ။ အခုနောက်ပိုင်း တောင်ပေါ်မှာ ဒီလိုဓားပြ တိုက်မှုဆန်ဆန် လုယက်မှုတွေ ခဏခဏဖြစ်နေတယ်။ ပိုက်ဆံ အိတ်ပါသွားတာရှိတယ်။ တချို့က လက်ဝတ်ရတနာတွေ ပေး လိုက်ရတယ်။ အများဆုံးပါတာက လက်ကိုင်တယ်လီဖုန်းတွေ ပေါ့။ ကုန်းသာကျောင်းက ကိုရင်လေးတွေက ပိုက်ဆံမပါတော့ တယ်လီဖုန်း လုံးပေးလိုက်ရတယ်လို့ ပြောပါတယ်။ ဆေးသ မားတွေဖြစ်မလား။ လုံခြုံရေး အားနည်းတာကို အခွင့်ကောင်း ယူပြီး လုပ်တဲ့လူလားတော့ မပြောတတ်ဘူး။ အဓိကကတော့ လုံခြုံရေးပိုင်း အားနည်းချက်ကြောင့် လုပ်နေတယ်လို့ ပြောရ လိမ့်မယ်။ ဖြစ်တဲ့ အကြိမ်ရေများပြီး လက်သည်တရားခံ တစ်ခါ မှ မဖမ်းမိသေးတော့ တာဝန်ရှိသူတွေအနေနဲ့ တောင်ပေါ်လုံခြုံ ရေး တိုးမြှင့်ဆောင်ရွက်သင့်တယ်လို့ ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းမင်းကပြောပါတယ်။
.
လူငယ်လူရွယ်တွေကြား မူးယစ်ဆေးဝါးသုံးစွဲမှု မြင့်တက် လာခြင်းကလည်း ခိုးမှု၊ ဖောက်ထွင်းမှု၊ လုယက်မှုတွေ ဖြစ်စေ တယ်လို့ မြို့ပေါ်နေ ပြည်သူတွေပြောဆိုကြပါတယ်။ ဒီလိုရာဇ ဝတ်မှုတွေ ဖြစ်စေမယ့် နောက်တစ်ချက်က ပြည်သူတွေရဲ့ စား ဝတ်နေရေး ကျပ်တည်းမှု အပိုင်းပါ။ လုပ်သလောက် အကျိုးခံ စားခွင့်မရှိတာရယ်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးတာ ရယ်အကြောင်းပြုပြီး မကောင်းမှု ကျူးလွန်တဲ့လူတွေများပြား လာပါတယ်။ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာဆိုရင် လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှု ကျူးလွန်တာ တွေ အမြဲလို ကြားနေရပါတယ်။ ရွှေဘုန်းပွင့်တောင်ကြောပေါ် မှာ ဖြစ်နေတဲ့ လုယက်မှုတွေဟာ မူးယစ်ဆေးဝါးသုံစွဲသူူတွေ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုတာတွေရှိပါတယ်။ ကျူးလွန်သူ တွေကို အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေပါ။
.
ပွင့်လင်းရာသီ ကျောင်းပိတ်ချိန်ဖြစ်တဲ့အတွက် အေးချမ်း တဲ့ တောင်ကြီးမြို့တော်ကို အနယ်နယ်အရပ်ရပ်က ခရီးသွား တွေ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ ရောက်လာတဲ့ ခရီး သွားတိုင်း မြို့အရှေ့ဘက် ရွှေဘုန်းပွင့် တောင်တန်းပေါ်က ဘု ရားစေတီတွေကိို သွားရောက်ဖူးမြော် လည်ပတ်ကြမှာ ဖြစ်ပါ တယ်။ ခရီးသွားဧည့်သည်တွေကိုသာ လုယက်မှု ဖြစ်ပေါ်ခဲ့ရင် တောင်ကြီးမြို့ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်ပါတယ်။ ရှမ်းပြည် နယ်မြို့တော် တောင်ကြီးမြို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်း ကောင်း သတင်းတွေနဲ့ ကျော်ကြားထင်ရှားတဲ့ မြို့တစ်ခုပါ။ မြို့တော်ပုံ ရိပ်ကို ထိခိုက်စေမယ့် အခုလို ဓားပြဆန်ဆန် လုယက်မှုတွေ ဖြစ်နေတာ သင့်တော်ခြင်းမရှိပါဘူး။ ဒေသခံတွေအပြင် ရပ်ဝေး ခရီးသွားဧည့်သည်တွေပါ စိတ်အေးချမ်းစွာ ဘုရားဖူးလည်ပတ် နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များအနေနဲ့ တောင်ပေါ် လုံခြုံရေး လုပ်ဆောင်ဖို့ အထူးလိုအပ်နေကြောင်းပါ။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)