.
ကျန်ခဲ့တဲ့
ရက်ပိုင်းက ခရီးတစ်ခု ထွက်ဖြစ်တယ်။ ခရီးတို
လေးဆိုပါတော့။ ဘယ်လောက်အထိတိုတဲ့ ခရီးလည်းဆိုတော့ ရောက်ပြန်လို့ဆိုရလိမ့်မယ်။ သွားတဲ့နေရာက နေပြည်တော်လို့ အမည်သညာသမုတ်တဲ့ အရပ်။ နေပြည်တော် အဝန်းအဝိုင်းထဲ
က တပ်စခန်း တစ်ခုမှာ
ယောက်ဖတော်က တာဝန်ထမ်းဆောင် တယ်။ သူ့ဆီ ၃
လလောက် အလည်အပတ် ရောက်နေတဲ့ သားတော်မောင်ကို
မွေးဌာနီတောင်ကြီးမြို့ ပြန်ခေါ်ဖို့ သွားရ တဲ့ခရီး။ တောင်ကြီးမြို့ကနေ
ည ၇ နာရီထွက်တဲ့
ဒို့ညီနောင် ကားနဲ့ စီးတယ်။ မနက်
၄ နာရီလောက် နေပြည်တော်ဘောဂ
သီရိကားကွင်းရောက်။ စီစဉ်ထားတာက ကားကြီးကွင်းကနေ ယောက်ဖတော်တာဝန်ထမ်းဆောင်တဲ့ တပ်စခန်းကို သွားမယ်။ တစ်နေကုန် အချိန်ရတဲ့အတွက်
နေပြည်တော်မှာရှိတဲ့ မိတ် ဆွေအပေါင်းအသင်းတွေနဲ့ ခဏတွေ့။
ညပိုင်းထွက်တဲ့ ကားနဲ့ တောင်ကြီးမြို့ ပြန်တက်မယ်ပေါ့။
.
ကြိုတင်စီစဉ်ထားရင်
လွဲတတ်တယ် ပြောရမလား။ နေ ပြည်တော်အရပ်နဲ့
လမိုင်းမကပ်ဘူး ပြောရမလားဘဲ။ ကားကြီး ကွင်းထဲက ထွက်စရာမလိုတဲ့အကြောင်း
ဖန်လာတယ်။ ယောက် ဖတာဝန်ထမ်းဆောင်တဲ့ တပ်နဲ့
ဘောဂသီရိကားကြီးကွင်းက ဆိုင်ကယ်ခပ်မြန်မြန် မောင်းရင် တောင်တစ်နာရီကျော်လောက် မောင်းရတယ်။ သွားလိုက်ပြန်လိုက်
ခရီးထောက်မှာစိုးလို့ သား တော်မောင်က သူ့သူငယ်ချင်းတစ်ယောက်ကို
ဆိုင်ကယ်နဲ့ ပို့ ခိုင်းပြီး ကားကြီးကွင်းလာမယ်လို့
ဖုန်းဆက်လာပါတယ်။ အဲဒီ တော့ ဘောဂသီရိကားကြီးကွင်ထဲက
ဒို့ညီနောင်ကားဂိတ်ရှေ့ မှာ ငုတ်တုတ်ထိုင်ရုံကလွဲပြီး လုပ်စရာ အလုပ်မရှိတော့ဘူး။
အ ချိန်ကလည်း ကန့်လန့်တိုက်နေတော့
တစ်ရေးတစ်မော အိပ်ရ အောင်လည်း မဟုတ်ပြန်။
ဂိတ်ပေါင်းစုံဖွင့်တဲ့အချိန်မှာ
တောင် ကြီးမြို့ကို မနက်ပိုင်း အစောဆုံးထွက်တဲ့ ကားစီးပြန်ဖို့ပဲ ရှိတော့ တယ်။
.
မြို့တော်ပြန်မယ့်ကား
မထွက်မချင်းတော့ ဘောဂသီရိ ကားကြီးကွင်းထဲ အလုပ်လက်မဲ့ဘဝနဲ့
ခြင်ကိုက်ခံပြီး ပတ်ဝန်း ကျင်လေ့လာရေး လုပ်ပေါ့။
မနက်အစောပိုင်းဆိုပေမယ့် ကား ကြီးကွင်းတွေရဲ့ ထုံးစံအတိုင်း
နယ်ပေါင်းစုံ သွားလာတဲ့ကားတွေ ဝင်ထွက်သွားလာနေကြတယ်။ ခရီးသည် အပြည့်နဲ့ ဝင်လာတဲ့
ကားကြီးတွေနောက်ကို ဆိုင်ကယ်ကယ်ရီသမားတွေ စုံပြုံလိုက် ကြတယ်။ ဆိုင်ကယ်စီးမယ့် ခရီးသည်
ရသွားတဲ့လူ ရှိသလို နောက်ကြောင်းပြန်တပ် ခေါက်သွားတဲ့
ကယ်ရီသမားတွေလည်း များတယ်။ ဒီတစ်စီးမရရင် နောက်တစ်စီးဆိုတဲ့
လုံ့လနဲ့ အ ဆက်မပြတ်
ဝင်နေတဲ့ကားကြီးတွေနောက်ကို ထပ်လိုက်ကြ တယ်။ ကားကြီးတွေ အဝင်အထွက်ပါးတဲ့
အချိန်ကျတော့ကယ် ရီသမားတွေ အချင်းချင်း နောက်လိုက်
ပြောင်လိုက်။ တချို့ ကယ်ရီသမားက လူတချို့ကို
နေရာတစ်ခု ပို့ပေးဖို့ စျေးနှုန်းဆို နေတာလည်း တွေ့ရတယ်။
.
.
နေရောင်နည်းနည်း
လက်တာနဲ့ ဘောဂသီရိကားကြီးကွင်း မနက်ခင်းက စိုပြည်စပြုလာတယ်။ ဂျက်ချထားတဲ့
ဆိုင်တံခါး တွေ ဟိုတစ်စ သည်တစ်စ
ပွင့်လာကြတယ်။ လင်းကြက်တွန် သံနဲ့ သဟဇာတမဖြစ်တဲ့ ဂိတ်မှူးတွေလည်း
ဂိတ်တံခါးတွေအ ပြိုင်အဆိုင် ဖွင့်ကြတယ်။ အလုပ်လက်မဲ့ဘဝနဲ့ ဒို့ညီနောင်ဂိတ် ရှေ့မှာ ထိုင်နေတုန်း ပစ္စည်းလာချတဲ့
ကားတစ်စီးကို သတိထား မိတယ်။ ကားပေါ်ကနေ
တစ်ထုပ်ပြီးတစ်ထုပ် ဆွဲချပြီး ပြန်ထွက် သွားတယ်။
ထွက်သွားတဲ့ ကားပေါ်မှာ နောက်ထပ်အထုပ်တွေ ပါသွားတယ်။ နောက်တစ်ဂိတ်အတွက် ဖြစ်မှာပေါ့။ ထိုင်ရတာ ညောင်းလာတာနဲ့ ဂိတ်ရှေ့မျက်နှာစာမှာ
ချထားတဲ့ အထုပ်တွေ ဆီ လမ်းလျှောက်ဖြစ်တယ်။
စိတ်ထဲမှာ ထင်ထားတဲ့အတိုင်း သတင်းစာထုပ်တွေ။ ပလတ်စတစ် ပါကင်ပိတ်တွေဆိုတော့ အမြည်းသဘော
ယူဖတ်လို့ မရဘူး။ မျက်နှာဖုံးနဲ့ ကျောဖုံးတော့
ဖတ်လို့ရတယ်။
.
မနက်ခင်း
သတင်းစာကို မြင်ရသလောက် ဖတ်တုန်း သ တင်းစာထုပ်တွေပေါ်မှာ
ရေးထားတဲ့ မြို့နာမည်ကိုတွေ့တယ်။ တွေ့တဲ့မြို့နာမည်ကြည့်ပြီး အံ့သြသွားတယ်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို လိပ်မူထားတာပါ။ သတင်းစာတွေက ခန့်မှန်း ခြေစောင်ရေ ၂၀၀၀
ကျော် ၃၀၀၀ လောက် ရှိလိမ့်မယ်
ထင်ပါ တယ်။ ရန်ကုန်က အစ်ကိုတစ်ယောက်လိုခင်တဲ့
စာရေးဆရာ အာဝါသလွိုင်ကော်မြို့ကို တစ်ခေါက်ရောက်တော့ သတင်းစာ ရှာမရလို့ တိုင်ပတ်တဲ့အကြောင်း
ပြောဖူးတယ်။ ကားဂိတ်မှာ စုံစမ်းကြည့်တော့ မနက်တိုင်း ပို့တယ်လို့ ဆိုပါတယ်။ ဘယ်နေ ရာမှ
သတင်းစာရှာလို့မရတဲ့မြို့မှာ
စောင်ရေ ၃၀၀၀ လောက် ရှိတဲ့
သတင်းစာတွေ ဘယ်လို ဖြန့်ချိနေတယ်တော့ မပြော
တတ်။ သတင်းစာထုပ်တွေကတော့ လိပ်စာတပ်ထားတဲ့မြို့ကို ကားဂိတ်ကနေ ပျော်ပျော်ကြီး ကား စီးနေကြတာပေါ့။
.
ကားဂိတ်ရှေ့က
သတင်းစာပုံကြီးပြည့်ပြီး အတွေးတချို့ ပွားတုန်း ဆိုင်ကယ်ကယ်ရီသမားတစ်ယောက် ဘေးနားရောက် လာတယ်။
ဆိုင်ကယ်စီးမှာလား လက်မှတ်ဖြတ်မှာလားတဲ့။ ဆိုင်ကယ်စီးစရာအကြောင်း မရှိပေမယ့် ကားလက်မှတ်ဖြတ်ဖို့ ကတော့ သေချာတယ်။ ဒို့ညီနောင်ဂိတ်က
တောင်ကြီးကိုလို့ မနက် ၈ နာရီ
ထွက်တဲ့ကား ရှိတယ်။ အဲဒီကားနဲ့ ပြန်စီးရင်
လည်း ရတယ်။ ဒီထက်စောတဲ့ ဂိတ်ရှိလားမေးတော့
ဇာတိမာန် ဂိတ်က မနက် ၇
နာရီထွက်တယ်လို့ ဆိုင်ကယ်သမားက လမ်း ညွှန်တယ်။ တစ်နာရီစောထွက်တော့
တစ်နာရီ ခရီးရောက်တာ နဲ့ ဇာတိမာန်ဂိတ်ဘက် ခြေဦးလှည့်လိုက်တယ်။
ဇာတိမာန်ဂိတ် ရှေ့မှာလည်း ဒို့ညီနောင်ကားဂိတ်ရှေ့ကလို သတင်းစာပုံတစ် ထပ်ကြီးကို တွေ့ရတယ်။ လ်ိပ်စာတပ်ထားတဲ့ မြို့နာမည်တော့
မတူဘူး။ ဇာတိမာန်ဂိတ်ရှေ့မှာ တွေ့ရတဲ့ သတင်းစာပုံ လိပ်စာ
က ဗထူးမြို့။
.
ဒီတစ်ပုံလည်း
စောင်ရေတော်တော်များတယ်။ မနက် ၆ နာရီလောက်
ဘောဂသီရိကားကြီးကွင်းထဲကို သားတော်မောင် ရောက်လာတယ်။ ခု ၇
နာရီထွက်တဲ့ ဇာတိမာန်နဲ့ အဆင်ပြေ သွားတဲ့အတွက် ၂
ယောက်စာ ကားလက်မှတ် ဖြတ်လိုက်တယ်။ စီးရမယ့်ကားက ဂိတ်ရှေ့မှာ လုံးတုံးတုံး ရပ်ထားတဲ့ အံစာတုံး ကားငယ်လေးပါ။
၆ နာရီခွဲလောက်မှာ ကားကပ္ပတိန်နဲ့
နောက် လိုက်က ပစ္စည်းတွေ ကားပေါ်
စတင်ပါတယ်။ အရင်ဆုံးတင်တဲ့ ပစ္စည်းတွေက သတင်းစာထုပ်တွေပါ။ အံစာတုံးကားတွေက တစ်စီးလုံး ခရီးသည် ထိုင်ခုံအပြည့်။ သတင်းစာထုပ်တွေ
ခေါင် မိုးပေါ် မတင်ဘဲ ကားအောက်ထဲ
တင်နေတာဖြစ်တဲ့အတွက် ဘယ်လိုတင်မလဲ စောင့်ကြည့်မိတယ်။ ခရီးသည်စီးတဲ့ ထိုင်ခုံ အောက်တိုင်းမှာ တစ်ထုပ်ချင်းထိုးထည့်ထားတယ်။
တချို့ သ တင်းစာထုပ်တွေ
ကားအလယ် လူလျှောက်လမ်းထဲမှာ အတုံး အရုံး။
.
ကားလက်မှတ်ဖြတ်ပြီးသားဆိုတော့
အပြောင်းအလဲလုပ် ဖို့ အဆင်မပြေတော့ဘူး။ ခက်တာက
ကားပေါ်စတက်တာနဲ့ သတင်းစာထုပ်တွေကို မဖြစ်မနေ ကျော်ခွမှ ထိုင်ခုံပေါ်
နေရာ ယူလို့ရမှာ။ နေရာယူပြီးရင်လည်း ခရီးဆုံးတဲ့အထိ သတင်းစာ ထုပ် ဖင်ခုထိုင်ရမယ့်
အနေအထား။ ဂိတ်မှူးနဲ့ ကားသမားက တော့ သူတို့
လုပ်ရိုးလုပ်စဉ် ဖြစ်နေတဲ့အတွက် စိတ်ထဲဘာမှ ရှိတဲ့ပုံ မပေါ်ဘူး။ ကျန်တဲ့
ခရီးသည်တွေ ကြည့်တော့လည်း ခ ရီးရောက်ဖို့အတွက်ပဲ
အာရုံစိုက်နေကြတယ်။ သတင်းစာဆိုတာ ရပ်သတင်းရွာသတင်းနဲ့တင် ကလနား သတ်ထားတာ မဟုတ်
ဘူး။ နိုင်ငံ့အရေးအရာတွေ ပါတယ်။ စီးပွားရေးအကြောင်းတွေ ပါလိမ့်မယ်။
လူမှုရေးရာတွေပါတာ ရှိတယ်။ ဟိုဟိုဒီဒီပါတာ လည်း
ရှိတယ်။ အရေးကြီးက ဘုရားကျောင်းကန်စေတီ သ
တင်းတွေ။ သတင်းစာထဲမှာ သတင်းပါတာနဲ့ ပုံတော်တွေပါနေ တတ်တယ်။
.
မသက်သာတဲ့အဆုံး
သတင်းစာထဲမှာ ပါနိုင်တဲ့ ဘုရား ကျောင်းကန် စေတီတွေ၊
ဆရာတော်ကြီးတွေကို စိတ်ကရည် မှန်းပြီး ကန်တော့လိုက်တယ်။
သားတော်မောင်ကိုလည်း လျှောက်လှမ်းထဲမှာ နေရာယူထားတဲ့ သတင်းစာထုပ်တွေ မ နင်းဖို့၊
ရည်မှန်းကန်တော့ဖို့ လမ်းညွှန်ပေးရတယ်။ မသက်သာ တဲ့စိတ်အတွက် သက်သာလို
သက်သာငြား ရှာရတာပါ။ မနက် ၇
နာရီမှာ ဂိတ်က စထွက်ပါတယ်။ ခရီးသည်
၅ ယောက်နဲ့ စ
ထွက်တာဆိုတော့ ချောင်ချောင်ချိချိပေါ့။ ကျန်တဲ့ထိုင်ခုံအောက် က သတင်းစာထုပ်တွေအတွက်လည်း
စိတ်အေးရတာပေါ့လို့ တွေးမိတယ်။ အဲဒီအတွေးက ကြာကြာမခံလိုက်ပါဘူး။ တောင် ကြီးမြို့ကိုလာတဲ့ လမ်းတစ်လျှောက်
ခရီးသည်တွေ ဟိုကတက် ဒီကတက်နဲ့ ကားပေါ်မှာ
ပြည့်လာတယ်။ ထိုင်ခုံအောက်တိုင်း မှာ သတင်းထုပ်တွေ ရှိနေတယ်။
လူမျိုးစုံအောက်မှာ သတင်း စာထုပ်တွေ ရောက်နေတယ်။
.
ကားပေါ်မှာပါတဲ့
ထိုင်ခုံတိုင်း ခရီးသည်ပြည့်လာတယ်။ လမ်းတစ်လျှောက် ခရီးကြုံလိုက်မယ့် ခရီးသည်တွေ ရှိတယ်။ ကားကပ္ပတိန်က လိုက်မယ့်
ခရီးသည်တိုင်းအတွက် အဆင်ပြေ အောင် စီစဉ်တယ်။
အလယ်လျှောက်လှမ်းမှာရှိတဲ့ သတင်းစာ ထုပ်တွေက ခရီးသည်တွေအတွက်
ထိုင်ခုံတွေ ဖြစ်သွားပါတယ်။ အမျိုးသမီး ခရီးသည်တွေ သတင်းစာထုပ် ဖင်ခုထိုင်ရင်း ခရီး ဆက်ကြတယ်။ သတင်းစာထုပ်တွေက
အတက်အဆင်း လုပ် တိုင်း အကျော်အခွခံကြရပါတယ်။
ဒီခရီးစဉ်နဲ့ ဒီသတင်းစာထုပ် တွေ အမြဲလို ဒီအတိုင်း
ဖြစ်နေရင်တော့ အဆင်မပြေဘူး။ ကား သမားတွေကိုယ်တိုင် အသိရှိဖို့
လိုအပ်သလို ခရီးသည်တွေ လည်း အသိရှိဖို့ လိုအပ်နေတယ်။
တစ်လမ်းလုံး မသက်သာတဲ့ စိတ်က ခရီးဆုံးကားပေါ်က
ဆင်းတာနဲ့ နည်းနည်းလွတ်လပ် လာတယ်။ ကျန်တဲ့ ခရီးသည်တွေနဲ့
မြဝတီသတင်းစာထုပ်တွေ ကတော့ သက်ဆိုင်ရာမြို့ကို ခရီးဆက်လို့။