.
COVID-19 ရောဂါပိုး ရှိသည့် ကိုယ်ဝန်ဆောင်အချို့မှ
မွေးဖွားသည့် ကလေး အချို့တွင် ဗိုင်းရပ်စ်ပိုး ကူးစက်သည်ကို တွေ့ရကြောင်း မတ်လ ၂၆ ရက်၌
တရုတ်သိပ္ပံပညာရှင်များက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု China Daiy သတင်းတွင်
ဖော်ပြခဲ့သည်။
.
အဆိုပါ ထုတ်ပြန်ချက်တွင် ကူးစက်မှု အလွန် နည်းပါးသော်လည်း
ကူးစက်နိုင်စွမ်း ရှိသည်ကို သက်သေပြနေသည်ဟု ဆိုထားသည်။
.
ကိုယ်ဝန်ဆောင် အများစု အနေဖြင့် COVID-19 ရောဂါ
အသေးစား ကူးစက်ခံရနိုင်ပြီး ကိုယ်ဝန်ဆောင် ကာလအတွင်းနှင့် မွေးဖွားပြီး ကာလများတွင်
ဖြစ်နိုင်ချေများသည်ဟု တရုတ်နိုင်ငံ အကယ်ဒမီအင်ဂျင်နီယာတက္ကသိုလ်မှ ပညာရှင်ဖြစ်သူ
Qiao Jie က ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ မတ်လ၂၅ ရက်တွင် China Daiy သို့ ပြောဆိုခဲ့သည်။
.
မိခင်မှ ကလေးသို့ ကူးစက်မှုကိုမူ သက်သေပြခြင်း
မဟုတ်ဟုလည်း Qiao Jie ပြောဆိုထားပြီး ၎င်းသည် ပြီးခဲ့သော ဖေဖော်ဝါရီလ ကတည်းက ဝူဟန်မြို့ရှိ
COVID-19 ရောဂါ ကူးစက်မှု ပြင်းထန်လ ူနာများကို ကုသနိုင်ရန် လမ်းညွှန်နေခဲ့သူဟုလည်း
သတင်းတွင် ဖော်ပြထားသည်။
.
ကိုယ်ဝန်ဆောင်များ အနေဖြင့် COVID-19 ရောဂါ
ပြင်းထန်စွာ ဖြစ်ပွားနေသည့် ကာလအတွင်း ဖြစ်ပေါ်နေသော အခြေအနေကိုသာ ကျော်လွန်နိုင်ရန်
အရေးကြီးသည်ဟု Qiao Jie က တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment