ရုပ်ပွားတော်များ ဖယ်ရှားရန် ညွှန်ကြားသူကို စစ်ဆေး၍ အရေးယူသွားမည်ဟု ရှမ်းပြည်နယ် အစိုးရ ဆုံးဖြတ်ထား - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

ရုပ်ပွားတော်များ ဖယ်ရှားရန် ညွှန်ကြားသူကို စစ်ဆေး၍ အရေးယူသွားမည်ဟု ရှမ်းပြည်နယ် အစိုးရ ဆုံးဖြတ်ထား


တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖယ်ရှား ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး မှုများ ပြုလုပ်ပြီး ဖျက်ဆီးရန် ညွှန်ကြားသူကို အရေးယူသွားမည်ဟု ဆုံးဖြတ်ထားကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်က ပြောဆိုခဲ့သည်။
.
“ ဒါနဲ့ ပတ်သက်လို့ ကနဦး စစ်ဆေးမှု လုပ်မယ်။ ပြီးရင် ဌာန စစ်ဆေးမှု လုပ်မယ်။ ဒါကို ဘယ်သူက ညွှန်ကြားသလဲ ဆိုတာအပေါ်  မူတည်ပြီးတော့ ရှမ်းပြည်နယ်အစိုးရက အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီလို ဆုံးဖြတ်ထားပါတယ်” ဟု ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအေးကိုအား သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် " ကျွန်တော် ပြောစရာ ဘာမှ မရှိဘူး" ဟုသာ ပြောကြားခဲ့သည်။
.

ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ပြည်တော်အေးလမ်း၊ အောင်မြေဘုံစံ သာမ ဏေကျော် ကျောင်းတိုက်နှင့် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှု နှင့် ပတ်သက်၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှု ဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေး မှူး ဦးအေးကိုနှင့် တာဝန်ရှိသူများ အား အရေးယူပေးရန် အောင်မြေဘုံ စံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ခေမာနန္ဒက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်များ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ စိန်ပန်းရပ်ကွက် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်၊ သီရိမင်္ဂလာရွှေမန်း ပရိယတ္တိစာသင် တိုက်ဆရာတော် ဘဒ္ဒန္တ ဝိလာသဂ္ဂက ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကန့် ကွက်ကြောင်း တင်ပြထားပြီး ရှမ်း ပြည်နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့မှလည်း ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ကြေညာထားသည်။
.
စိန်ပန်းရပ်ကွက်၊ အောင်မြေဘုံစံ ရှင်သာမဏေကျော် ကျောင်းတိုက် အနီးရှိ မဟာဗောဓိပင် ပလ္လင်ခွေ၌ ကိန်းဝပ်စံပယ်တော်မူသည့် ဗုဒ္ဓ မြတ်စွာ ဘုရားရုပ်ပွားတော်ဆင်းတုတော်များအား ဖေဖော်ဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန် ထမ်းအိမ်ရာ တည်ဆောက်ရန် အတွက် ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ရုပ်ပွားတော်များ ဖယ်ရှားမှုနှင့် ပတ်သက်၍ ပြည်တွင်း အခွန်များဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် ရှေးဦး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)