ရပ်စောက်မြို့နယ်၌ မုဒိမ်းမှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Tuesday, March 3, 2020

ရပ်စောက်မြို့နယ်၌ မုဒိမ်းမှု ဖြစ်ပွား

ထမံသီ
.
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၌ မတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် အမျိုးသား တစ်ဦးက အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးကို အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း သိရသည်။
.

ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ လွယ်ကိုးရွာနေ အသက် ၄၀ အရွယ် စောမင်းဦး(ခေါ်) ခေါင်းပြားမှ နင့်ညီမ ---- က ခေါ်ခိုင်းလို့ဟုဆိုကာ ရပ်စောက်မြို့၊ တောင်ကွက်သစ်ရပ်ကွက် အင်းခေါင်းကွက်သစ် နယ်မြေ(၁၃)နေ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ်ကို  ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားပြီးနောက် ပါပန်းကျေးရွာအနီး တောစပ်အရောက်တွင် လမ်းညာဘက်ခြမ်းရှိ ခြံတွင်းသို့ လက်ဆွဲ ခေါ်ယူ၍ အလိုမတူဘဲ ၁၅ မိနစ်ခန့် သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိဘအုပ်ထိန်းမှုအောက်ရှိ မိန်းက​လေးငယ်အား အလိုမတူဘဲ သား မယားအဖြစ် ပြုကျင့်သူ စောမင်းဦး(ခေါ်) ခေါင်းပြားအား ရပ်စောက်မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)