မူဆယ်တွင် တရုတ်နိုင်ငံသားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မူဆယ်တွင် တရုတ်နိုင်ငံသားများအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံသား ၇ ဦးကို လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ မန်ဝိန်းနယ်မြေရှိ မင်းခန့် ဆိုသူ၏ နေအိမ်၌ ခိုက်ရန် ဖြစ်ပွားနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ တရားမဝင် နေထိုင်သည့် တရုတ်နိုင်ငံသား ၇ ဦးကို SIGSAUER အမျိုးအစား ပစ္စတို သေနတ် တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊ ၉ မမ ကျည်၁၆ တောင့်၊ M-22 မောင်းပြန်ရိုင်ဖယ် (၄၀ မမ ဗုံးပစ်လောင်ချာတွဲလျက်) သေနတ် တစ်လက်၊ ၎င်းကျည် ၄၅ တောင့်၊ ကျည် အိမ်နှစ်ခု၊ CTG တံဆိပ်ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော တရုတ်နိုင်ငံများ အား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်က မူဆယ်မြို့မ ရဲစခန်းသို့ လွှဲပြောင်း အပ်နှံထားကြောင်း သိရသည်။

Journal Download

Photo of three cats