နန်းဝင်းရီ
.
ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ကောင်သဖြူး ကျေးရွာနေ ခွန်ထွန်းဟန်၊ ၂၄
နှစ်သည် ဖခင်ဖြစ်သူ ဦးခွန်အောင်ဆန်းအား
မတ်လ ၁၇ ရက်၊ ည ၁၁ နာရီခန့်က တူမီးသေနတ်ဖြင့် ပတ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း
သိရသည်။
.
“ မတ်လ ၁၇ ရက်ညက ဖြစ်တာပေါ့၊ ဒီနေ့ ၁၈ ရက် မနက်က အမှု လာဖွင့်လို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။ တရားခံကိုလည်း ဖမ်းမိထားပါပြီး။” ဟု ဟိုပုံးမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
သေဆုံးသူ ဦးခွန်အောင်ဆန်းသည် အရက်သေစာ သောက်စား၍
သမီးဖြစ်သူအား ပြောဆို ဆုံးမနေစဉ် သားဖြစ်သူ ခွန်ထွန်းဟန်မှ တူမီးသေနတ်ဖြင့်
ပတ်ခတ်ခဲ့ခြင်းကြောင့် ဦးခွန်အောင်ဆန်း၏
ယာနံရိုးအောက်တွင် ထိမှန်ပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖခင် ဖြစ်သူအား တူမီးသေနတ်ဖြင့် ပစ်ခတ်၍ သေစေသူ
ခွန်ထွန်းဟန်အား ဟိုပုံးမြို့မ ရဲစခန်းမှ ဖမ်းဆီး၍ (ပ) ၄၆/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ
၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။