ရပ်စောက်မြို့နယ်၌ တူမီးဖြင့် အပစ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, March 3, 2020

ရပ်စောက်မြို့နယ်၌ တူမီးဖြင့် အပစ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံး


ထမံသီ
.
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ နားစံကျေးရွာ၌ မတ်လ ၃ ရက်၊ နံနက် ၁ နာရီခန့်က အမျိုးသား တစ်ဦး တူမီးဖြင့် အပစ်ခံရ၍ သေဆုံးခဲ့ရကြောင်း သိရသည်။
.

ဒေသအခေါ် မြေတံတား တောင်ယာတဲစုနေ ဦးမောင်စန်းသည် အပေါ့သွားရန် တဲပေါ်မှအဆင်း  အနောက်ဘက် တဲရှိ ဦးလွယ်ဆိုသူမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဦးမောင်စန်း၏ လည်ပင်းဝဲဘက်ဘေးတွင် ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ လည်ကုတ်အလည်တွင် ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့် တဲရှေ့မျက်နှာစာ လှေကားထိပ်တွင် သွေးများထွက်၍ လဲကျ သေဆုံးလျှက်ရှိသည်ကို တွေ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ ဦးလွယ်အား ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က ဆောင်ရွက်နေလျက် ရှိပြီး ရပ်စောက်မြို့မရဲစခန်းတွင် (ပ) ၂၃/၂၀၂၀၊ အမှုကြီး အမှတ်စဉ်(၃/၂၀၂၀) ရာဇသတ်ကြီး ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


No comments:

Post a Comment

Journal Download

Photo of three cats

About