ယာဉ် စီးနင်းခ ၂ ဆ ကောက်ခံမည့် အပေါ် ဝေဖန်မှုများ ထွက်ပေါ် (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယာဉ် စီးနင်းခ ၂ ဆ ကောက်ခံမည့် အပေါ် ဝေဖန်မှုများ ထွက်ပေါ် (ရုပ်သံ)


ရှမ်းပြည်နယ်မှာရှိတဲ့ မော်တော်ယာဉ်လိုင်းတွေ အနေနဲ့ ခရီးသည်တွေကို ယာဉ် စီးနင်းခအဖြစ် လက်ရှိကျသင့်ငွေရဲ့ ၂ ဆ ကောက်ခံမယ့်အပေါ် ဒေသခံတွေက ဝေဖန်နေကြတယ်လို့ သိရပါတယ်။
.
မဖြစ်မနေ သွားရမယ့် သူတွေအနေနဲ့ ကားခ ၂ ဆပေးရမှာဖြစ်ကြောင်း ဒါပေမဲ့ ကားသမားတွေနဲ့ ကားဂိတ်တွေက လောဘတက်ပြီး လမ်းမှာ လူ မတင်ပါဘူးလို့ ဘယ်သူ အာမခံမှာလဲဆိုပြီး ကျိုင်းတုံကနေ တောင်ကြီးမြို့ ခရီးသွားရောက်ဖို့ ပြင်ဆင်နေသူ တစ်ဦးက ဆိုပါတယ်။
.

မော်တော်ယာဉ်လိုင်းတွေ အနေနဲ့ ယာဉ်မှာ လက်ရှိ တင်ဆောင်နိုင်တဲ့ ခရီးသည် အရေအတွက်ကို တစ်ဝက်လျှော့ချပြီး ယာဉ်စီးခကို ၂ ဆ ကောက်ခံသွားဖို့အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က မတ်လ ၂၈ ရက်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။
.
တက်နေဝန်း ခရီးသည်တင်ယာဉ်လိုင်းဂိတ် ပိုင်ရှင် ဦးခင်မောင်တင့်ကလည်း သူတို့ ယာဉ်လိုင်းကတော့ ညွှန်ကြားတဲ့အတိုင်း မတ်လ ၂၈ ရက်က ရောင်းတဲ့ လက်မှတ်ကနေ စပြီး ခရီးသည်ကို သေချာ နားလည်အောင် ရှင်းပြပေးပါတယ်လို့ ဆိုပါတယ်။
.
 ရှမ်းပြည်နယ်အစိုးရရဲ့ ညွှန်ကြားစာမှာ COVID- 19 ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဖော်ပြထားပြီး ရှမ်းပြည်နယ်အခြေပြု ယာဉ်လိုင်း အားလုံးအနေနဲ့ မတ်လ ၂၈ ရက်ကနေ စတင်ပြီး လိုက်နာ ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သိရပါတယ်။

Journal Download

Photo of three cats