မိုင်းယုတွင် သဘာဝတံမြက်စည်းပင်များ ခုတ်ယူရောင်းချခြင်းဖြင့် ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, March 4, 2020

မိုင်းယုတွင် သဘာဝတံမြက်စည်းပင်များ ခုတ်ယူရောင်းချခြင်းဖြင့် ဒေသနေပြည်သူများ အပိုဝင်ငွေ ရရှိ


ကိုကိုနိုင် (မိုင်းယု)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့နယ်၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်နှင့် ဝမ်ပေါ့ ကျေးရွာများတွင် အလေ့ကျ ပေါက်ရောက်သော တံမြက်စည်းပင် ပွင့်ခိုင်များ ခုတ်ယူ ရောင်းချရာမှ ဒေသနေပြည်သူများ မိသားစုတစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
.
တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသ အမြဲစိမ်းတောများ တွင်နေရာ ကွက်ကျား အလေ့ကျ ပေါက်ရောက်တတ်ပြီး ကျူပင်နှင့် သဏ္ဍာန်တူကာ အရွက်ရှည်၍ မြစ်ပွားအပင်မျိုး ဖြစ်ကြောင်း သိရသည်။
.

ယင်း တံမြက်စည်းပင်သည် ဆောင်းရာသီကို ပိုမို နှစ်သက်၍ ထိုအချိန်၌သာ တံမြက်စည်းပင် ပွင့်ခိုင်များ ထွက်လေ့ရှိပြီး အမြင့် ၅ ပေမှ ၆ ပေအထိ ရှိတတ်ပြီး မိုင်းယုကျေးလက်နေ တောင်သူများက တောတောင်သို့ သွားရောက်ကာ ရှာဖွေ ခုတ်ယူခြင်းနှင့် တောင်ယာပြန်ချိန်၌ သော်လည်းကောင်း တစ်ပိုင်တစ်နိုင် ခုတ်ယူကာ ပြန်လည် ရောင်းချလေ့ ရှိကြောင်း သိရသည်။
.
တံမြက်စည်းပွင့်ခိုင် အစိုမှ တစ်ရက်လျှင် ကီလို ၄၀ မှ ၅၀ အထိ ရှာ ဖွေခုတ်ယူရရှိပြီး အရွက်ကို ဒေသခံ တိုင်းရင်းသားများမှ ရိုးရာဓလေ့ ကောက်ညှင်းထုပ် ပြုလုပ်ရာတွင် အောက်ခံဖက်အဖြစ် အသုံးပြုကြပြီး ခုတ်ယူ ရရှိသော တံမြက်စည်းပွင့်ခိုင် အစိုများအား ကွင်းပြင်တွင် ၁၀ ရက်ကျော်ခန့် နေလှန်းကာ ရရှိလာသော အခြောက်အား ဒေသတွင်း ကုန်သည်များထံ တစ်ဆင့် ပြန်လည် ရောင်းချကြခြင်း ဖြစ်ကြောင်း သိရသည်။
.
တံမြက်စည်းပင် ပွင့်ခိုင် အခြောက် တစ်ကီလိုလျှင် ကျပ်ငွေ ၅၀၀ ကျပ်အထိ ရရှိပြီး အချို့ တောင်သူများမှာ ၎င်းပွင့်ခိုင်အခြာက်အား  ခြွေကာ တံမြက်စည်းအချောပြုလုပ်၍ တံမြက်စည်းအချော တစ်ချောင်းလျှင် ကျပ် ၁၀၀၀ ဖြင့် ပြန်လည် ရောင်းချရကြောင်း သိရသည်။
.
အဆိုပါ တံမြက်စည်းလုပ်ငန်း များအား မိုင်းယောင်းမြို့နယ်ရှိ ဟွေ့ထမ်းကျေးရွာ၊ ဝမ်တာကြန့်ကျေးရွာ၊ ကော်ဆမ်မိန်းနှင့် ဝမ်ပေါ့ကျေးရွာတို့တွင် အများဆုံး လုပ်ကိုင်လေ့ရှိပြီး ကျန် ကျေးလက်ဒေသများတွင် အနည်းအကျဉ်းသာ  တွေ့ရကာ အရင်းနှီး စိုက်ထုတ်မှု မရှိဘဲ တောတောင်များက သဘာဝအလျောက် ပေါက်ရောက်သည့် တံမြက်စည်းပင်များသည် ကျေးလက်တောင်သူ မိသားစုများအတွက် တဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိ၍ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)