မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊
ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာရှိ မူးယစ် တရားခံပြေး တစ်ဦး၏ နေအိမ်တွင် ယမန်နေ့
ည ၇ နာရီကျော်ခန့်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်သည့် နေအိမ်ပိုင်ရှင်မှာ
နားကောင်းမူး နယ်မြေရဲစခန်း၏ မယ(ပ) ၁၂/၂၀၁၉ အမှုမှ တရားခံပြေး ဖြစ်သည့် မနားမီးစီး
ဖြစ်ပြီး နေအိမ်တွင် လူနေထိုင်ခြင်း မရှိဘဲ သက်ကယ်မိုး၊ ဝါးခင်း၊ ဝါးကာ
တစ်ထပ် နေအိမ်တစ်လုံး ကာလ တန်ဖိုးငွေ ၁၅၀၀၀ ကျပ် မီးလောင် ဆုံးရှုံးခဲ့ကာ ည ၈
နာရီခန့်တွင် မီးငြိမ်းခဲ့သည်ဟု သိရသည်။
.
မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့် နေအိမ်သည်
လမ်းမဘေးတွင် ရှိသော်လည်း လူနေထိုင်ခြင်း မရှိသဖြင့် ခြံဝန်းအတွင်း၌ ခြုံနွယ် ပိတ်ပေါင်းများ
ထူထပ်နေပြီး ဟောင်းနွမ်းဆွေးမြေ့ နေသည့် အိမ်ဖြစ်ကာ မီးလောင်ရသည့်
အကြောင်းရင်းကိုမူ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။