ကလောတွင် အမျိုးသားတစ်ဦး ကားနင်းမိ၍ သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကလောတွင် အမျိုးသားတစ်ဦး ကားနင်းမိ၍ သေဆုံး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ အာရှကမ္ဘာမြေ ကုမ္ပဏီပိုင် ကားဝပ်ရှော့ ၌ မတ်လ ၂၅ ရက်က ကားနင်းမိ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည် ။
.
ကလောမြို့နယ်၊ ရွှေမင်းဖုန်းရပ်ကွက်တွင် နေထိုင်သူ မောင်ဇင်ကိုသည် ကား၏ ဝဲဘက်နောက်ဘီးရှေ့မှ ဘရိတ်ရူးများ ပြုပြင်နေစဉ် Dong Feng မြေသယ်ယာဉ်အုပ်စုမှ ယာဉ်မောင်း/ ယာဉ် နောက်လိုက် ဖြစ်သူ ဖြိုးဝေစိုးသည် ယာဉ်ပေါ်သို့ တက်၍ မောင်းနှင်ခဲ့ရာ မောင်ဇင်ကိုကိုအား နောက်ဘီးဖြင့် နင်းမိကာ ဦးခေါင်း ကြေမွပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

" ယာဉ်မောင်းကို ၃၀၄-က နဲ့ အရေးယူထားပါတယ် ထိန်းသိမ်းစောင့်ရှောက်ခွင့် တောင်းထားပါတယ်” ဟု ကလောမြို့မ ရဲစခန်းမှ ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့  ပြောသည်။
.
သေဆုံးသူ၏ ရုပ်အလောင်းအား ကလောမြို့ ပြည်သူ ဆေးရုံပို့ဆောင်ထားပြီး မော်တော်ယာဉ်အား  မဆင်မခြင် မောင်းနှင်မှုကြောင့် အခြားသူကို သေဆုံးစေသည့် ဖြိုးဝေစိုး အား ကလောမြို့မ ရဲစခန်းမှ ယာဉ် (ပ)၁၄/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Journal Download

Photo of three cats