COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံ တွေ့ရှိ

မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာ ၁ ဦး ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ (မတ်လ ၂၅ ရက်)၊ နံနက် ၁ နာရီတွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
အဆိုပါ အတည်ပြု လူနာမှာ အင်္ဂလန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ၎င်းအား အင်းစိန် ပြည်သူ့ဆေးရုံတွင် ထားရှိ၍ ဆေးကုသမှု ပေးနေလျက်ရှိကြောင်း သိရသည်။
.

မြန်မာနိုင်ငံတွင် ယနေ့ (မတ်လ ၂၅ ရက်)၊ နံနက် ၁ နာရီအထိ COVID-19 နှင့် ပတ်သက်သည့် သံသယ/စောင့်ကြည့်လူနာ ၂၃၈ ဦး အနက် ၃ ဦးတွင် ပိုး တွေ့ရှိ၍ ၂၁၃ ဦးတွင် ပိုး မတွေ့ရှိဘဲ ဓါတ်ခွဲအဖြေ စောင့်ဆိုင်းဆဲလူနာ ၂၂ ဦး ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသောရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။

Journal Download

Photo of three cats