ယမ်းငွေ့တွေကြား လမ်းပျောက်နေဆဲလား ငြိမ်းချမ်းရေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ယမ်းငွေ့တွေကြား လမ်းပျောက်နေဆဲလား ငြိမ်းချမ်းရေး


အောင်ဆန်းဝင်း
.
အစာ နည်းနည်း စားပြီး ခွန်အား နည်းနည်း ဝတဲ့ ကလေးတချို့ ဟိုနားသည်နား ပြေး ကစားနေကြတယ်။ ဟိုနားသည်နား ဆိုတဲ့အတိုင်း အနီးအပါး နားလောက်ပဲ သူတို့ ကစားနေကြတာ။ ကလေး ဘာသာဘာဝ လွတ်လွတ်လပ်လပ် ကစားချင်ပေမယ့် သူတို့တွေ ခပ်လှမ်းလှမ်းထိ မသွားနိုင်ကြဘူး။ မသွားနိုင်ကြဘူး ဆိုတာထက် မသွားရဲတာ ပိုမှန်လိမ့်မယ်။ သူတို့ မိခင်တွေကလည်း ကလေးတွေကို မျက်စိအောက်မှာပဲ ထားကြတယ်။ ကလေးတွေ မျက်စိအောက်က ပျောက်တာနဲ့ တကြော်ကြော်အော်ရင်း ရှာကြတယ်။ ကလေးဆိုတာ အပူပင် ကင်းကင်းဆော့က စားချင်ကြတာ သဘာဝမဟုတ်လား။ အုပ်စုဖွဲ့ဖြစ်စေ၊၂ ယောက် ၃ ယောက်ဖြစ်စေ အတူတကွ ဆော့ကစားကြမယ်။ ဗိုက်ဆာရင် မီးဖိုချောင်ထဲက ရှိတာကို ခေါင်း မဖော်တမ်း စားမယ်။ ဗိုက် လေးလာရင် နားခိုရာနေရာတစ်ခုမှာ လောကကြီးကို မေ့ထားလိုက်တယ်။
.
ဒီနေရာမှာတော့ ကလေးတွေ ကလေး အခွင့်အရေး ပျောက်ဆုံးနေတယ်။ လွတ်လပ်ခြင်းတွေ မဲ့နေတယ်။ ဘာသာဘာဝ ဆော့ ကစားတာတောင် ချုပ်ချုပ် ထိန်းထိန်းတွေနဲ့။ မိခင်တွေရဲ့ သောကတွေနဲ့ အတူ ကလေးတွေ ကိုယ်တိုင် ဘယ်အချိန်ဘယ် နေရာ ပြေးပေါက် မှားမယ်ဆိုတာ ကလေးတန်မဲ့ စဉ်းစားနေရ တယ်။ ဒါတောင် အစာတချို့ စားထားလို့ ဒီကလေးတွေ ခပ်ပါးပါး ဆော့ကစားနိုင်ကြတာ။ သူတို့နဲ့ အရွယ်တူ ကလေး အတော် များများ အိပ်ရာထက် လဲနေကြတယ်။ သူတို့နဲ့ အရွယ်တူ ကလေးတချို့ ချိနဲ့နေကြတယ်။ ပြေးပြေးလွှားလွှား ဘဝတူ ကလေးတွေ ညိုးညိုးနွမ်းနွမ်းနဲ့။ အစာရေစာ ပြတ်တောက် ရှားပါးမှုကြောင့် တချို့ ကလေးတွေက အရိုးပေါ် အရေတင်။ သူတို့ ပြေးလွှား ကျောခင်းတဲ့ မြေပြင်က သိမ့်သိမ့်တုန်အောင် ခါနေ တတ်တယ်။ သူတို့ရဲ့ ကောင်းကင်ယံမှာ သံစုံဟီးတဲ့ ဂျက်တိုက် လေယာဉ်ပျံတွေ ရှိတယ်။
.

သေနတ် ပစ်သံတွေ၊ ပေါက်ကွဲသံတွေ၊ နေ့တိုင်းညတိုင်း ခေါင်းပေါ်မှာ ဖြတ်သွားတဲ့ တိုက်လေယာဉ် အသံတွေကြားမှာ ငါတို့ ပြည်သူတွေက ဘေးလွတ်ရာကို နေ့စဉ် ပြေးနေရတယ်။ နေစရာ နေရာ ကောင်းကောင်း ဘယ်တုန်းကမှ မရှိခဲ့ဘူး။ စားစရာဆိုတာ ငတ် မသေအောင် မနည်း လိုက်ရှာရတယ်။ ရိက္ခာ ဝေတဲ့ နေရာတွေမှာ အသက် လုပြီး တန်းစီရတယ်။ ရလာတဲ့ ရိက္ခာက မိသားစုတိုင်းအတွက် လုံလုံလောက်လောက် မဖြစ်ပါဘူး။ မရှိတာနဲ့စာရင် တော်သေးတယ်လို့ ပြောရမယ်။ အဓိက အရေးကြီးတာက ကလေးတွေ တွက်ပေါ့။ ဒီလိုအချိန်မှာ ကျန်းမာရေး မကောင်းလို့ ဆေး ကုဖို့အတွက်တော့ ဘယ်လိုမှ မစဉ်း စားဘူး။ ငါတစ်ခေါက် ရွာဘက်ကို ပြန်သွားသေးတယ်။ ဂျက် တိုက်လေယာဉ်တွေက ငါတို့ရွာကောင်းကင်ယံထဲမှာ ရှိတယ်။ သူတို့တွေ မြေပြင်ကို ပစ်ကြတယ်။ ငါလည်း ကြောက်တာနဲ့ ရွာ ကနေ ပြန်ပြေးလာခဲ့လိုက်တယ်။
.
တွေ့ကရာ အဝတ်စတာပေါ်လင်စတွေနဲ့ ဖြစ်သလို ထိုး ထားတဲ့ တဲငယ်လေး တစ်လုံး ရှိတယ်။ လူတွေ နေဖို့အတွက် သင့်တော်ခြင်း မရှိတဲ့ တဲငယ် တစ်လုံးလို့ ပြောရလိမ့်မယ်။ အဲဒီ တဲငယ်ကို နတ်ဘုံနတ်နန်းလို ဖက်တွယ်ထားတဲ့ သားအမိ ၂ ယောက်တော့ ရှိတယ်။ အခုတော့ ဒီတဲငယ်က သူတို့ သားအမိ ၂ ယောက်အတွက် ဘူမိနက်သန်။ ဒီနေရာကို စွန့်ခွာတာနဲ့ သား အမိ ၂ ယောက် သောင်ပြင်လွတ်တဲ့ ဘဝမျိုး ရောက်သွားနိုင် တယ်။ ဘယ်လိုကြမ်းတမ်းတဲ့ ရာသီဥတု ဖြစ်ဖြစ် သူတို့ သားအမိ အံတု ရင်ဆိုင်ကြတယ်။ ရှိတဲ့ စားသောက်ရိက္ခာကို ဝေမျှစား သောက်တယ်။ ကောင်းကင်နဲ့ မြေပြင်ဘယ်နေရာက ဘယ်အ ချိန် ရောက်လာမယ်မှန်း မသိတဲ့ သေမင်းတမန်တွေကို နားစွင့် ရတယ်။ နေ့စဉ် ညတိုင်း ဘုရားသခင်ဆီမှာ ဆုတောင်းတယ်။ အရာအားလုံး ဘုရားသခင်ရဲ့ အလိုတော်အတိုင်းဆို ငြိမ်းချမ်း ကြပါစေတဲ့။
.

အဲဒီ တဲငယ်ကို နတ်ဘုံနတ်နန်းလို ဖက်တွယ်ထားတဲ့ သားအမိ ၂ ယောက်တော့ ရှိတယ်။ အခုတော့ ဒီတဲငယ်က သူတို့ သားအမိ ၂ ယောက်အတွက် ဘူမိနက်သန်။ ဒီနေရာကို စွန့်ခွာတာနဲ့ သား အမိ ၂ ယောက် သောင်ပြင်လွတ်တဲ့ ဘဝမျိုး ရောက်သွားနိုင်တယ်။

ငါတို့တွေ ဒီလို ဂုဏ်သိက္ခာ မရှိတဲ့ အခြေအနေ အောက်မှာ ဖြစ်သလို ကြိုးစားပြီး နေထိုင်ကြရတယ်။ ငါတို့မှာ အိမ် မရှိဘူး။ လုပ်စရာ အလုပ်အကိုင် မရှိတော့ဘူး။ ဝင်ငွေဆိုတာ ဝေးရောပေါ့။ ငါတို့ အခြေအနေက တစ်နေ့တစ်ခြား ဆိုးဝါးလာတာပဲ ရှိ တယ်။ သောက်ရတဲ့ ရေက ညစ်ညမ်းနေတယ်။ အစားအစာ မ လုံလောက်မှုတွေ နေ့စဉ် ကြုံတွေ့နေရတယ်။ ကျန်းမာရေး ဖောက်လာရင် ကုသနိုင်ဖို့ ခက်ခဲတယ်။ ငါတို့ နေရတဲ့ စခန်းထဲမှာ လူပီသအောင် နေထိုင်ဖို့ ခက်ခဲနေတယ်။ စစ်ပွဲဆိုတာ မရပ် နိုင်တော့ဘူးလား။ ငါတို့မှာ အိမ်တွေ မရှိတော့ဘူး။ နေစရာလည်း မရှိတော့ဘူး။ အားလုံး ပျက်စီးသွားပြီ။ ငါတို့တွေ ဒုက္ခ ရောက်နေပြီလို့ ဘုရားသခင်ကို နေ့တိုင်း တိုင်တည်တယ်။ ငါ တို့ ဒီဒုက္ခက အမြန်ဆုံး လွတ်မြောက်ချင်ပြီလို့ စစ်ရှောင်စခန်း တစ်ခုမှာ နေထိုင်ရတဲ့ အသက် ၄၀ အရွယ် ကလေး ၃ ယောက် မိခင် တစ်ယောက်က ပြောတယ်။
.
ဒီလို ဆိုးဝါးလွန်းတဲ့ အခြေအနေတွေက ၅ နှစ်တာ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ ယီမင်နိုင်ငံ အတွင်းကပါ။ ၂၀၁၅ ၊ မတ်လမှာ ယီမင်နိုင်ငံ ပြည်တွင်းစစ် စတင် ဖြစ်ပွားပါတယ်။ အခုချိန် ထိလည်း အဆုံးသတ်မယ့် လမ်းမမြင်သေးပါဘူး။ ဆော်ဒီ ဦး ဆောင်တဲ့ အာရပ်မဟာမိတ်တွေက တစ်ဖက်နဲ့ အီရန်လိုလား တဲ့ ဟူသီလက်နက်ကိုင် သူပုန်တွေက တစ်ဖက်ဖြစ်ပွားတဲ့ ပြည် တွင်းစစ်ကြောင့် ယီမင်နိုင်ငံဟာ အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပါတယ်။ နိုင်ငံစီးပွားရေး ချွတ်ခြုံကျဆင်းနေတယ်။ လက်နက်ကြီး ဗုံးဆံဒဏ်တွေကြောင့် ယီမင်နိုင်ငံတစ်ဝှမ်း အ ပျက်အစီးအောက်မှာ နစ်မွန်းနေပါတယ်။ တံခါးတွေ ဖွင့်ထား ပေမယ့် ဆေးရုံဆေးပေးခန်းမှာ ဆေးကုသဖို့ လုံလောက်တဲ့ ဆေးဝါးပစ္စည်းတွေ မရှိဘူး။ စာသင်ကျောင်းတွေမှာ ကျောင်း သားကျောင်းသူလေးတွေ ရှိမနေတော့ဘူး။ အလုံးစုံ ပျက်သုဉ်း တဲ့ အခြေအနေ။
.
ဟူသီ လက်နက်ကိုင် သူပုန်အဖွဲ့က အီရန်ထောက်ပံ့မှုနဲ့ အင်အား ကြီးထွားလာတယ်။ ယီမင်နိုင်ငံမြို့တော် ဆာနားကို သိမ်းပိုက်လိုက်ကြတယ်။ ဒေသတွင်း အီရန်သြဇာကြီးမားလာ တာကို မလိုလားတဲ့ ဆော်ဒီအစိုးရက ယီမင်သမ္မတ မန်ဆာဟေ ဒီနောက်ကျောက ရပ်တည်ပြီး ယီမင်ပြည်တွင်းစစ်ထဲ ဝင်ရောက် လာတယ်။ ယီမင်သမ္မတ မန်ဆာဟေဒီနောက်မှာ ရပ်ထားတာ က ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့။ ဟူသီလက်နက် ကိုင်တွေ နောက်မှာ ရပ်တည်တာက အီရန်နိုင်ငံ။ ပြည်ပစွက် ဖက်မှုတွေနဲ့ တိုက်နေတဲ့ ပြည်တွင်းစစ်ပွဲ တစ်ခု။ ၅ နှစ်တာကာ လအတွင်း နိုင်ငံတစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေတဲ့အထိ စစ်ပွဲတွေ ဖြစ်နေခဲ့တယ်။ ပြည်တွင်းစစ်ပွဲဒဏ်ကို နက်နက်ရှိုင်း ရှိုင်းခံစားရတာက အပြစ်မဲ့ ပြည်သူတွေ။ ထောင်ပေါင်းများစွာ သော ကလေးငယ်တွေ။ စစ်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေ သေးတယ်။
.
ပြည်တွင်းစစ် မတိုင်ခင် ယီမင်နိုင်ငံ ပြည်သူတွေရဲ့ အခြေ အနေက ရွှေရောင်လွှမ်းတဲ့ နေ့ရက်တွေ။ အရှေ့အလယ်ပိုင်း ဒေသ အာရပ်ကမ္ဘာမှာ စီးပွားရေးထိုက်သင့်သလောက် ကောင်း မွန်တယ်။ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံးအနေအ ထားမှာ ရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ သူတို့ခေါင်းပေါ်ကို ဘယ်အချိန် ဗုံးဆံတွေ ကျလာမလဲ ကြောက်ရွံ့နေရတယ်။ ဂျက်တိုက်လေယာဉ်သံတွေ ကြားတာနဲ့ ပုန်းခိုဖို့ နေရာဆီ ပြေး ကြရတယ်။ ပြည်တွင်းစစ်မီးကြောင့် မလုံခြုံတော့တဲ့ နယ်မြေ တွေမှာ အိုင်အက်စ် အဖွဲ့ရဲ့ ခြိမ်းခြောက်မှုပါ ရင်ဆိုင်ကြရတယ်။ ယီမင်အမျိုးသားတိုင်းကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်ဖို့ ရရာ လက်နက်စွဲကိုင်နေကြတယ်။ ယီမင်နိုင်ငံတစ်ဝှမ်း ဘယ်လိုမှ မ ကောင်းတဲ့ စစ်ရဲ့ အနိဌာရုံတွေနဲ့ ပြည့်နေတယ်။ ယီမင်ပြည်သူ တွေဟာ စစ်ရဲ့ ဆိုးကျိုးကို စိတ်ပျက်လက်ပျက် ခံစားနေကြရ တယ်။
.

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် မီးက နှစ်ပေါင်း ၇၀ ကျော်။ လူမျိုးစုတိုင်းနီးပါး လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲနေကြတယ်။ လူမျိုးစုတစ်ခုနဲ့ တစ်ခု ဖြစ်ပွားတဲ့ စစ်ပွဲအသံတွေ နေ့စဉ်ကြားနေရပါတယ်။ အရပ် ၄ မျက်နှာဖြစ် ပွားတဲ့ စစ်ပွဲကြောင့် မြန်မာပြည်သူတွေ စစ်ဘေးဒဏ်က ရုန်းမ ထွက်နိုင်သေးဘူး။

၅ နှစ်အတွင်း ပြည်တွင်းစစ်ကြောင့် ယီမင်နိုင်ငံ စုတ်ပြတ် သတ်သွားခဲ့ရတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် မီးက နှစ်ပေါင်း ၇၀ ကျော်။ လူမျိုးစုတိုင်းနီးပါး လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲနေကြတယ်။ လူမျိုးစုတစ်ခုနဲ့ တစ်ခု ဖြစ်ပွားတဲ့ စစ်ပွဲအသံတွေ နေ့စဉ်ကြားနေရပါတယ်။ အရပ် ၄ မျက်နှာဖြစ် ပွားတဲ့ စစ်ပွဲကြောင့် မြန်မာပြည်သူတွေ စစ်ဘေးဒဏ်က ရုန်းမ ထွက်နိုင်သေးဘူး။ တစ်ချိန်က မြန်မာနိုင်ငံဟာ အာရှတိုက်သာ မက ကမ္ဘာတစ်ခွင်အထိ အကောင်းတွေနဲ့ ထင်ရှားခဲ့ဖူးတယ်။ မြန်မာပြည်သူတွေ အမှန်တကယ် ရွှေထီးဆောင်းနေ့ရက်တွေ ဖြစ်ခဲ့ဖူးတယ်။ လက်ရှိအချိန်မှာတော့ ပြည်တွင်းစစ်မီးဒဏ် ကြောင့် မြန်မာပြည်သူတွေဘဝက ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာ ရင်းက မထွက်နိုင်တော့ဘူး။ ပြည်တွင်းစစ်မီးချုပ်ငြိမ်းမယ့် နေ့ ရက်ဆိုတာကလည်း ရေပေါ်ရေးတဲ့ အရုပ်လို ဖြစ်နေကြတယ်။
.
နိုင်ငံတစ်ခုရဲ့ တိုးတက်မှုဟာ အဲဒီနိုင်ငံ ငြိမ်းချမ်းမှုနဲ့ အဓိက သက်ဆိုင်တယ်လို့ ဆိုတယ်။ ငြိမ်းချမ်းတဲ့ နိုင်ငံတွေဟာ ဖွံ့ဖြိုး တိုးတက်မှုတွေ အလျင်အမြန် ခံစားခွင့် ရနေကြတယ်။ ငြိမ်းချမ်းမှု ကင်းမဲ့တဲ့ နိုင်ငံတွေကတော့ အစစအရာရာ အောက်တန်း နောက်တန်းကျနေကြတယ်။ မြန်မာနိုင်ငံဟာ ရေခံမြေခံကောင်းတွေ ပေါများတယ်။ သဘာဝသယံဇာတတွေ ကြွယ်ဝတယ်။ ပြည်သူ တစ်ရပ်လုံးဘဝ ပြောင်းလဲသွားအောင် ဖန်တီးနိုင်တဲ့ အခွင့်အရေးတွေ အပြည့်အဝ ရှိတယ်။ ဒါတွေ ဖြစ်အောင် လုပ်နိုင်ဖို့ လိုအပ်တဲ့ အရေးကြီးဆုံး အရာကတော့ မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတယ်။ အဖွဲ့တိုင်းက ပြောကြပေမယ့် ဘယ်တော့မှ ဖြစ်မလာသေးတဲ့ ငြိမ်းချမ်းရေး။ ကမ္ဘာ့ သက်တမ်း အရှည်ဆုံး ပြည်တွင်းစစ်မီးသာ ငြိမ်းခဲ့ရင် မြန်မာပြည်သူတွေ ငြိမ်းချမ်းရေး အသီးအပွင့်ကို အပြည့်အဝ ခံစားခွင့် ရကြလိမ့်မယ်။
.
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Journal Download

Photo of three cats