ခွန်ရဲထွေး(ဆီဆိုင်)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နောင်ကျောကျေးရွာ အုပ်စု၊ ထီဟန်ထွိုင်းကျေးရွာနှင့် လိုက်တနျားကျေးရွာသို့ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးနှင့် သောက်ရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေများကို မတ်လ ၁၆ ရက်က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
“ကျွန်မတို့ ရွာမှာ ရေတွင်းတော့ ရှိတယ် နွေရာသီ ရောက်တိုင်း ရေထွက်မှာ ရေခမ်းခြောက်ပြီး ၅ ဂါလံ ရေတစ်ဗူး ရဖို့အတွက် နာရီဝက်လောက် ကြာပါတယ်” ဟု ထီဟန်ထွိုင်း ကျေးရွာမှ မွိုးလောင်းက ပြောသည်။
.
ထို့အတူ နန်းသဲင်ကေားမှလည်း “ နှစ်တိုင်း ၂ လပိုင်းကနေ ၅ လပိုင်းအထိ ၄ လလောက် ရေရှားပါးမှု ဒဏ်ကို ခံစားနေရတယ်။ ဆိုင်ကယ် ရှိတဲ့ အိမ်က ၄ မိုင်လောက် ဝေးတဲ့ ကောင်းမူဗွာကျေးရွာကို သွား ခပ်ရတယ်” ဟု ပြောသည်။
.
အဆိုပါ သောက်သုံးရေများကို ဆီဆိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းနှင့် တာဝန် ရှိသူများက သွားရောက် လှူဒါန်း ပေးခဲ့ခြင်း ဖြစ်ပြီးအိမ်ခြေ ၅၄ အိမ်၊ လူဦးရေ ၃၅၆ ဦးခန့်အတွက် သောက်ရေဂါလံ ၁၈၀၀ ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းရှိ သောက်သုံးရေ ရှားပါးသည့် ဒေသများအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် သောက်သုံးရေများ လှူဒါန်း
Tags
# ဆီဆိုင်
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
ဆီဆိုင်,
ရှမ်းတောင်သတင်းများ