၄ တန်းကျောင်းသူကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မ ပြုကျင့်ရန် အားထုတ်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၄ တန်းကျောင်းသူကို အသက် ၆၀ အရွယ် အမျိုးသားက အဓမ္မ ပြုကျင့်ရန် အားထုတ်မှု ဖြစ်ပွား


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ရထားလမ်းဟောင်းအနီး၌ နေထိုင်သည့် အသက် ၁၃ နှစ်အရွယ်ရှိ ၄ တန်း ကျောင်းသူ တစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားက မတ်လ ၁၆ ရက်တွင် သားမယား အဖြစ် အဓမ္မ ပြုကျင့်ရန် အားထုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
"ကျောင်း တက်နေတုန်းကတော့ မြို့ထဲမှာ နေပါတယ်။ ခု ကျောင်း ပိတ်သွားလို့ အိမ်ကို ပြန်ရောက်နေတုန်းမှာ ခုလို ဖြစ်တာပါ"ဟု မိန်းကလေးငယ်၏ မိခင် ဒေါ်ဖြူ (အမည်လွှဲ)မှ ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ယင်း ကျောင်းသူကို အဓမ္မ သားမယားပြုကျင့်ရန် အားထုတ်ခဲ့သူမှာ အသက် ၆၀ အရွယ် ဦးအိုက်ခေ ဖြစ်ပြီး အဓမ္မ ပြုကျင့်ရန် ကြံစည်အားထုတ်စဉ် မိန်းကလေးငယ်က အမျိုးသားအား တွန်းဖယ်၍ အော်ဟစ် အကူအညီ တောင်းခံခဲ့သဖြင့် အထမမြောက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ အရွယ် မရောက်သေးသည့် မိန်းကလေးငယ်ကို သားမယား အဖြစ် ပြုကျင့်ရန် အားထုတ်ခဲ့သည့် ဦးအိုက်ခေ အား ဥပဒေအရ အရေးယူပေးရန် ကျိုင်းတုံ မြို့မရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။
.

Journal Download

Photo of three cats