တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖြေဆိုနေလျက် ရှိရာ ယနေ့ (မတ်လ ၁၆ ရက်)၌ ရှမ်းပြည်နယ်အတွင်းမှ ဓါတုဗေဒဘာသာရပ် ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား/သူ ၃၆၀၀ ကျော် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်ရှိ စာစစ်ဌာန ၁၅၇ တွင် ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား ၁၈၈၉ ဦး၊ ကျောင်းသူ ၁၇၃၂ ဦး၊ စုစုပေါင်း ၃၆၂၁ ဦး ပျက်ကွက်ခဲ့ခြင်း ဖြစ်ပြီး ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၂၃၁၄၇ ဦး၊ ကျောင်းသူ ၃၆၂၈၂ ဦး၊ စုစုပေါင်း ၅၉၄၂၉ ဦးအနက် ကျောင်းသား ၂၁၂၅၈ ဦး၊ ကျောင်းသူ ၃၄၅၅၀ ဦး၊ စုစုပေါင်း ၅၅၈၀၈ ဦး ဖြေဆိုခဲ့ကြရာ ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၉၁ ရာခိုင်နှုန်းထိ ဖြေဆိုခဲ့ကြောင်း သိရသည်။
.
တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို မြန်မာ တစ်နိုင်ငံလုံးတွင် ဖြေဆိုရန် စာရင်း ပေးသွင်းထားသူ စုစုပေါင်း ၉၇၁၄၀၇ ဦး ရှိပြီး မတ်လ ၂၀ ရက်ထိ ဖြေဆိုကြရမည် ဖြစ်သည်။

Home
ရှမ်းတောင်သတင်းများ
ရှမ်းမြောက်သတင်းများ
ရှမ်းရှေ့သတင်းများ
ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း၊ ဓါတုဗေဒဘာသာရပ် ဖြေဆိုရန် ၃၆၀၀ ကျော် ပျက်ကွက်
ရှမ်းပြည်နယ်၌ တက္ကသိုလ်ဝင်တန်း၊ ဓါတုဗေဒဘာသာရပ် ဖြေဆိုရန် ၃၆၀၀ ကျော် ပျက်ကွက်
Tags
# ရှမ်းတောင်သတင်းများ
# ရှမ်းမြောက်သတင်းများ
# ရှမ်းရှေ့သတင်းများ
Share This
About Unknown
ရှမ်းရှေ့သတင်းများ