.
COVID-19
နှင့် ပတ်သက်၍ အသွားအလာ ကန့်သတ်သည့်သူများ (Quarantine) ထားရှိရန်အတွက် ရှမ်းပြည်နယ်၊ ခိုလမ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်
ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ခိုလမ်မြို့ရှိ အခြေခံပညာ
အထက်တန်းကျောင်း၊ သီတဂူဆောင်ရှိ အခန်း ၃ ခန်းတွင် ကုတင် ၁၅ လုံးခန့် ထားရှိ၍
ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အသွားအလာ ကန့်သတ်ခံရသည့်
သူများ (Quarantine) ထားရှိမည့် နေရာကို မတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
မြို့မိမြို့ဖများနှင့် လူမှုရေး သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဆေးဖြန်းခြင်းများကို
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ပြည်ပနိုင်ငံများမှ
ပြန်လာသူများကို Home Quarantine (နေအိမ်တွင် နေထိုင်စေ၍ အသွားအလာ ကန့်သတ်) လုပ်ရန်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားပြီး ရှမ်းပြည်နယ်တွင် Home
Quarantine ပြုလုပ်ပါက လွတ်သွားသည်များ ရှိနိုင်ခြင်းကြောင့် Facalities
Quarantine ကို ဦးစားပေး လုပ်ဆောင်နေပြီး စာသင်ကျောင်းများတွင် Quarantine လုပ်မည်
ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ မိသားစုဝင်များမှ တစ်ခါသုံး အထုပ်ပိုးဖြင့် စားစရာများ
လာပို့၍ ရသည့်အပြင် ပို့ဆောင်ရန် အခက်အခဲ ရှိသူများကို ရှမ်းပြည်နယ်အစိုးရက ထောက်ပံ့ပေးသွားမည်
ဖြစ်ကြောင်း သိရသည်။