ဟိုပုံး ထမ်းဆန်းရွှေတိဂုံစေတီတွင် အိုးစည်တစ်ထောင်ပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, March 5, 2020

ဟိုပုံး ထမ်းဆန်းရွှေတိဂုံစေတီတွင် အိုးစည်တစ်ထောင်ပွဲ ကျင်းပမည်


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ထမ်းဆန်း ရွှေတိဂုံစေတီတော် တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ အိုးစည်တစ်ထောင်ပွဲကို မတ်လ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
“၃ ရက်လုံး လုပ်မှာပါ။ ၆ ရက်နေ့က ရိုးရာပဒေသာပင် လှည့်လည်ပူဇော်မယ်။ ညနေပိုင်းကရင် အိုးစည်လှည့် ပူဇော်မယ်။ ညကျတော့ ရိုးရာအကပဒေသာတွေနဲ့ ပူဇော်မယ်။ ၇ ရက်မှာ တက်ရောက်လာတဲ့ အိုးစည်အဖွဲ့တွေ အားလုံး လှည့်ပြီးပူဇော်မှာပါ။ ညပိုင်းတော့ အကပဒေသာ ဖျော်ဖြေမယ်။ ၈ ရက်နေ့မှာ ဘုရားအနေကဇာတင်၊ ဆွမ်းတစ်ထောင်၊ ရေတစ်ထောင်၊ ဆီမီးတစ်ထောင် နေ့လယ်ခင်းမှာ လှည့်လည်ပူဇော်ပြီး တရားနာရေစက်ချမယ်” ဟု အိုးစည် တစ်ထောင်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းထွဋ်ခေါင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အိုးစည်တစ်ထောင်ပွဲကို ဟိုပုံးကိုရင်လေးမှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပျော်ပွဲရွှင်ပွဲထက် ကပ်သုံးပါးကို ကျော်လွှားသည့်ပွဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
“အများအတွက် လုပ်တာဖြစ်လို့ အားလုံးကို ကြိုဆိုတယ်။ သူတို့တတ်တဲ့ ပညာရပ်တွေနဲ့ ဘယ်လိုပေါင်းစည်းကြ မှာလဲဆို၊ ပြည်သူလူထုအတွက် ဘယ်လိုမျိုး သက်သာလာမလဲဆိုတာ မေတ္တာနဲ့ အဓိက ကျတာပေါ့” ဟု ဦးကောင်းထွဋ်ခေါင်က ပြောသည်။
.
အဆိုပါ အိုးစည်တစ်ထောင်ပွဲတော်မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)