သကြားနှင့်ဆား သတိထား - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 10, 2020

သကြားနှင့်ဆား သတိထား


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
ရသာ ပါး
ကျွန်တော်တို့ မြန်မာလူမျိုးတို့သည် အစားအသောက်နှင့် ပတ်သက်၍ အရသာကို ခွဲခြမ်းစိတ်ဖြာရာ၌ အခြားလူမျိုးတို့ထက် ပိုပြီး အသေးစိပ်သည်ဟု ကျွန်တော်ယူ၏။ အမြဲတမ်းလိုလို စားများကာ အကြိုက်ညီကြသည်ကား၊ အချို၊ အချဉ်၊ အစပ်၊ အငန်ဟူသော အရသာလေးမျိုးတို့ကိုသာ အသုံးများကြ၏။ ခါးကို လူကြိုက်အတော် နည်းပါးကြ၏။ ပိုဆိုးသည်က အဖန်အ ရသာအား အစားအသုံး အနည်းဆုံးဖြစ်ပါလိမ့်မည်။ ဤမျှဆို လျှင် ရသာခြောက်ပါး ပြည့်နေပါပြီ။ ကြံကြံဖန်ဖန် ကျွန်တော် စဉ်းစားမိပြီး၊ နောက်ဆက်တွဲ ထပ်ဖြည့်စွက်ချင်သည်ကား ဆိမ့်ဖြစ်ပါသည်။ သို့ဆိုလျှင် ရသာ ခုနှစ်ပါးဖြစ်သွားပေရော့မည်။ စာဖတ်သူအတွက် စာပေမှတ်တမ်းတင် ရေးသားဖော်ပြရာ၌ ထင်နှင့် မရပါ။ အတ္တနောမတိ၊ မိမိစိတ်ကြိုက် အယူဖြင့်လည်း မခိုင်မာပါ။ သို့ကြောင့် စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးအဘ ဦးသုခ၏ သုခမှတ်စုကို လှန်၍ ရှာဖွေရပါ၏။ ပါးစု၌ သွားပြီး ခြေရာခံမိ၏။ ရသာခြောက်ပါးနှင့် ဂိုဏ်းခြောက်ပါးဟု ပြ၏။ ယင်းတို့ကား-
.
၁။        အချိုအဆိမ့်၊ မဓုရဂိုဏ်း= ပထဝီနှင့် အာပေါကြောင့်ဖြစ်၏။
၂။         အချဉ် အမ္ဗိလဂိုဏ်း= တေဇောနှင့် ပထဝီကြောင့် ဖြစ်၏။
၃။        အငန် လဝဏဂိုဏ်း= တေဇောနှင့် အာပေါကြောင့်ဖြစ်၏။
၄။        အခါး တိတ္တရဂိုဏ်း= အာကာသဓာတ်နှင့် ဝါယောဓာတ် ကြောင့် ဖြစ်၏။
၅။        အစပ် ကဠုကဂိုဏ်း= တေဇောဓာတ်နှင့် ဝါယောဓာတ် ကြောင့် ဖြစ်၏။
၆။        အဖန် ကသာဝဂိုဏ်း= ပထဝီဓာတ်နှင့် ဝါယောဓာတ်ကြောင့် ဖြစ်၏ တို့ဖြစ်ကြသည်။
.
ကျွန်တော်ပညာရှိ သတိဖြစ်ခဲဟု မိမိကိုယ်မိမိ ကာကွယ်ရ လိမ့်မည်။ အဆိမ့်ရသာကို ကျွန်တော်က အချိုအုပ်စုတွင်းပါလိမ့် မည်ဟု မထင်ထားမိခဲ့ပါ။ အချိုဓာတ်သည်ရော့လျှင် အချိုပေါ့ မည်။ ပိုလျှင် အချိုရဲမည်။ ပိုလွန်းမက ပိုလျှံသွားက အခါးဘက် ခါးသက်သက် ရသာထွက်မည်။ ဤသုံးချက်ကိုမူ သိထား၏။ အဆိမ့်ကား လျှာ၏အကြောပေါင်း တစ်ထောင် စိမ့်သွားစေ သည်ကိုတော့ သတိပြုမိ၏။
.

အင်္ဂလိပ်ဝေါဟာရတွင် အချိုကို sweet, အချဉ်ကို sour, အခါးကို bitter, အငန်ကို salty, အဖန်ကို ဘယ်လိုခေါ်မှန်း သိ၍ ၁၀ တန်းတုန်းက အင်္ဂလိပ်ဆရာမ (အသက် ခုနှစ်ဆယ် ကျော် ကြေးနန်းဘိုမ အမည်ရ Teacher Jasper ) ကို မေးတော့ stringent ပါတဲ့။ အစပ်ကိုမူ ဟိုတစ်ခေတ်တုန်းက hot ဟု သုံး ယခု ကျွန်တော့်မြေးများ လက်ထက် သူတို့ Total ပြင်ပအင်္ဂ လိပ်ကျောင်းက spicey တဲ့လေ။ spice ကား အရှေ့တိုင်းဟင်း ခတ် အမွှေးအကြိုင် အိန္ဒိယသားကြိုက် မဆလာ၌ပါသော စပ် ဟပ်အမယ်စုံ အစေ့ရွက်ခြောက် အခေါက်။ အားလုံး ပူစပ်မွှေး မြအရာများပါ။ အဆိမ့်ကိုကား creamy သုံးလိမ့်မည်။ လက် ဖက်ရည်ဆိုင်မှာ၊ ချိုဆိမ့်၊ ပေါ့ဆိမ့် အသုံးအနှုန်းကြားဖူးပါသည်။
.
သကြား
ရှေးခေတ်တုန်းက သကြားမပေါ်သေးပါ။ ၁၈ ရာစုအစပိုင်း တွင် သကြားဟူသော ကြံရည်မှ ချက်ယူသည့် sugar သကြား ပွင့်များ ခေတ်မစားသေးပါ။ အမေရိကန်သမ္မတ အဗရေဟန် လင်ကွန်း လက်ထက်တောင်ပိုင်းနှင့် မြောက်ပိုင်းငွေဝယ်ကျွန်စ နစ် တိုက်ဖျက်ရေးကြောင့် ပြည်တွင်းစစ် ဖြစ်ပွား၏။ ထိုစဉ်တုန်း က ဝါစိုက်ခင်းတွေသာ များပြားနေဆဲပါ။ သကြားကို ပြည်ပမှ တင်သွင်းခဲ့ကြရ၏။ နောင်မှ ကြံစိုက်ခင်းတွေ ဖြစ်ပေါ်လာ၏။ ချိုသည့် အရသာကို လူတွေ အလွန်လျှာတွေ့ကြပြီ။ မုန့်မျိုးစုံ ယိုကျိုးစုံလုပ်စားကြ၍ သွားတွေ ပိုမိုပိုးစား ပျက်စီးလာတော့၏။ ပေါ်စတုန်းက ခုခေတ်လို သကြားဖြူဆွတ် အပွင့်ကြီးများ ဟုတ်သေးပါ။ ညို၏။ အပွင့်သေးလှ၏။ ကျွန်တော်ငယ်ဘဝ မြန်မာပြည် လွတ်လပ်ရေးရပြီးစကာလ၌ပင် သကြားညိုများ သာရှိသေးသည်။ မြန်မာနည်း မြန်မာ့ဟန် ကြံစိုက်သောအရပ် မှာ ကြံသကာပြား၊ ကြံသကာခဲ၊ တင်လဲရည်တို့ကို အကောင်းခံ သုံးကြရ၏။ ထန်းစိုက်သော ဒေသများ၌ ထန်းလျက်ခဲကို အဓိ ကထား သုံးရ၏။ သူလည်း ချွတ်ဆေး မပေါ်သေး၊ အသုံးမပြု ကြသေး၍ ထန်းလျက်ညိုများသာ ဖြစ်သည်။ နောင်တော့ သိပ္ပံ နည်းပညာ တိုးတက်လာကာ ချွတ်ဆေးတီထွင်လာပြီး ချိန်၌ သကြားဖြူ၊ ထန်းလျက်ဖြူတွေ ခေတ်စား၊ အသုံများလာ၏။ ရောင်အသွေး အဆင်းလှ၍ စျေးကြီးပေးဝယ် သုံးကြသည်။ နှစ် တွေကြာမြင့်လာတော့ ချွတ်ဆေးကြောင့် ကျန်းမာရေးထိခိုက်၊ ဝေဒနာထူ ပြောလာတော့၏။ ချွတ်ဆေးကြောင့် ဖြူသော ကြားနှင့် ထန်းလျက်မကောင်း၊ သဘာဝအတိုင်း အညိုတွေက ကောင်းကာ ကျန်းမာရေးနှင့် ညီညွတ်စေသည်။ အဆိုကြောင့် အညိုဘက် ဦးတည်လာပြီ။ သံသရာ ရဟတ်တစ်ပတ်လည်ခြင်း ဆိုရမည်။ သကြားညိုစျေး ပိုမြင့်နေတော့၏။ ဆေးပိုဖြစ်သည် ဆိုသော ထန်းဖိုဦး ထန်းလျက်ရှားပါးပြီး စျေးခေါင်ထိပ်တဲ့လေ။ ထားပါတော့။
.

အချိုဓာတ်သည် ကယ်လိုရီ ပိုများကာ အားပိုရှိ၏။ ခန္ဓာ လိုအပ်သော ကယ်လိုရီထက် ပိုစားသုံးက ခန္ဓာကိုယ်တွင်း စု ဆောင်းနေမိမည်။ ပိုမိုဝဖြိုးလာတော့မည်။ ကိုယ်ဝန်ဆောင် မိ ခင်လောင်းများ အချိုကို သိပ်မစားသင့်ပါ။ သန္ဓေသား ဖွံ့ထွား လွန်းတတ်၍ မွေးဖွားရခက်ခဲပါလိမ့်မည်။

အချိုဓာတ်သည် ကယ်လိုရီ ပိုများကာ အားပိုရှိ၏။ ခန္ဓာ လိုအပ်သော ကယ်လိုရီထက် ပိုစားသုံးက ခန္ဓာကိုယ်တွင်း စု ဆောင်းနေမိမည်။ ပိုမိုဝဖြိုးလာတော့မည်။ ကိုယ်ဝန်ဆောင် မိ ခင်လောင်းများ အချိုကို သိပ်မစားသင့်ပါ။ သန္ဓေသား ဖွံ့ထွား လွန်းတတ်၍ မွေးဖွားရခက်ခဲပါလိမ့်မည်။ သားဦး အပျိုဗိုက်ဆို က ပိုခက်တော့မည်။ အရပ်ပုပြီး တင်ပါးဆုံ အရိုးကွင်းကျဉ်းနေ က ခွဲစိတ်မွေးရတော့မည် သေချာနေပြီ။ အဝလွန်တာထက် ပို ဆိုးသည်ကား သွေးချိုဆီးချို ရောဂါ ဝင်လာခြင်းဖြစ်၏။ အချို ဓာတ်ကို ချေဖျက်ရန်၊ ပင်ကရိယဆိုသော မုန့်ချိုအိတ်ငယ်မှ အင်ဆူလင်ဓာတ် ထုတ်ပေးရ၏။ နေ့စဉ်သူနိုင်သည့် ဝန်ကိုသာ သူထုတ်လုပ်ပေးနိုင်၏။ ပိုလျှံနေသည့် အချိုဓာတ်ကို နိုင်အောင် မချေဖျက်နိုင်သောအခါ၊ သွေးချိုဆီးချို ရောဂါဖြစ်စေပါတော့၏။ ရှေးက အသက် ၅၀ ကျော် တတိယအရွယ်သို့ ရောက်၍ ခန္ဓာ ကိုယ်လုပ်ငန်းကျဆင်းမှ ဆီးချိုရောဂါဝင်တတ်၏။ မျက်မှောက် ခေတ်သစ်၌ကား ၁၀ နှစ်သားကလေးငယ်လေးတွေတောင် လွန်ဝဖြိုးပြီး ဆီးချိုရောဂါသည် ဖြစ်နေတော့၏။ အစားလွန် ချိုလွန်ခြင်းရလဒ် ဖြစ်ပါတော့သည်။
.
ဆား
"ဆရာ။ ကျွန်တော့်အဘွားမှာ သွေးတိုးရော ဆီးချိုပါ ရှိ တယ်။ အဘိုးကျတော့ သွေးတိုးတစ်မျိုးထဲ၊ အမေဘက်က ဘိုးနဲ့ အဘွားပေါ့နော်။ အမေလည်း သွေးတိုးနေပြီ။ အဖေက တော့ သွေးလျော့တတ်တယ်။ ဆီးချိုတော့ မရှိဘူး။ အဖေဘက် က အဘွားလည်း သွေးအားနည်းတာတဲ့။ အဘိုးက ဘာမှမရှိ၊ ဒေါင်ဒေါင်မြည်ပါတဲ့။ ဒီတော့ မျိုးရိုးလိုက်တတ်သလား။ ကျွန် တော်ကော ဘာဖြစ်နိုင်မလဲဆရာ"
.
ကျန်းမာရေး ဗဟုသုတလိုလား၍ တပည့်တစ်ဦးက သူ့မိ သားစု ဆွေစဉ်မျိုးဆက် ရာဇဝင်ခင်းပြရင်း သိချင်တာတွေလာ မေး၏။ ပြီးတော့၊ သွေးတိုးနဲ့ ဆီးချိုဟာ ရောဂါလင်မယားအတွဲ ဆိုတာကော ဟုတ်သလားဆိုသည့် မေးခွန်းက နောက်ဆက်တွဲ ပါလာသေး၏။ သို့နှင့်  //၂၀၂၀ ဗုဒ္ဓဟူးနေ့ပေးအပ်ရမည့် ဆောင်းပါးကို "သကြားနှင့် ဆား သတိထား" ခေါင်းစီးကြီးတင် ကာ ထိုင်ရေးဖြစ်တော့၏။ ကြာသပတေးကား စာမူပေးရမည့် နောက်ဆုံးရက်ဖြစ်သည်။ ရှမ်းပြည်ကိုယ်စားပြု တောင်ကြီးအ ခြေစိုက် ကမ္ဘောဇတိုင်း သတင်းဂျာနယ်၏ စည်းမျဉ်းစည်းကမ်း ကို စာရေးချင်သူတို့အတွက် ဖော်ပြပေးရခြင်းပါ။
.
သွေးတိုး၊ သွေးလျော့၊ သွေးအားနည်း စသည်ရပ်ပြောရွာ ပြော၊ ဆိုကြနားလည်နေကြသော်လည်း ဆေးသိပ္ပံပညာရပ်နယ် ပယ်၌ သွေးပေါင်ချိန်တိုး၊ သွေးပေါင်ချိန်လျော့ (High Blood pressure, low Blood pressure)ဟု သုံးရပါသည်။ သွေးပေါင်ချိန် ကိရိယာဖြင့် လက်မောင်းမှာ ပတ်ပြီး လေဖိသွင်းလိုက်ချိန် ပြဒါးတိုင်မှ ပြဒါးမြင့်တက်သွားမည်။ နားကြပ်ကရိယာဖြင့် နား ထောင်နေစဉ် နှလုံးခုန်သံ စတင်ပျောက်သွားသော အမှတ်သည် အပေါ်သွေးပေါင်ချိန်ပါ။ ဖိအားပြန်လျှော့လိုက်၍ပြဒါးတိုင်မှ ပြ ဒါး ဆင်းလာစဉ် နှလုံးခုန်သံ ကြားရမည်ဖြစ်ကာ၊အောက်တစ် နေရာ၌ အသံပျောက်သွားလိမ့်မည်။ အသံစတင်ပျောက်သော အမှတ်မှာ အောက်သွေးပေါင်ချိန် ဖြစ်၏။ systole နှင့် Diastole ပါတဲ့။ ဆေးမှတ်တမ်းတွင် သာဓကအားဖြင့် 120/70 mm Hg ဟု ရေး၏။ mm မှာ မီလီမီတာ၊ Hg မှာ ပြဒါး။ အပေါ်သွေး ၁၂၀ နှင့် အောက်သွေး ၇၀ ဖြစ်၏။ ကျန်းမာရေးနှင့် ညီညွတ်သူ၊ ရွယ်သုံးပါးမရွေး ဤသွေးပေါင်ချိန် တည်မြဲနေတတ်ကာ သက် အာမခံကုမ္ပဏီများက နှစ်ရှည်ကြာ အာမခံချက်ပေး၏။
.

ဘာကြောင့် သွေးပေါင်ချိန် တိုးရပါသနည်း။ အကြောင်းချက်များစွာ ရှိ၏။ လူနေထိုင် စားသောက်မှု စနစ်ပုံစံ life style ပေါ် များစွာ မူတည်နေ၏။ ညီညွတ်မျှတသော အာဟာရ (ba-lance diet) အိပ်ရေးဝလင်မှု၊ စိတ်သောကကင်း စိတ်ဖိစီးမှု ရှိ (stress and strain)အရက် ဆေးလိပ်စသည့် အပိုအလုပ် တွေ မရှုပ်လျှင် အိုကေမှာ စိုပြည်နိုင်ပါ၏။

ဘာကြောင့် သွေးပေါင်ချိန် တိုးရပါသနည်း။ အကြောင်းချက်များစွာ ရှိ၏။ လူနေထိုင် စားသောက်မှု စနစ်ပုံစံ life style ပေါ် များစွာ မူတည်နေ၏။ ညီညွတ်မျှတသော အာဟာရ (ba-lance diet) အိပ်ရေးဝလင်မှု၊ စိတ်သောကကင်း စိတ်ဖိစီးမှု ရှိ (stress and strain)အရက် ဆေးလိပ်စသည့် အပိုအလုပ် တွေ မရှုပ်လျှင် အိုကေမှာ စိုပြည်နိုင်ပါ၏။ အဆီအဆိမ့်လျှော့၊ ဝက်ဆီဝက်ခေါက်ရှောင် နို့ထွက်ပစ္စည်းထောပတ် မခမ်းဂီးလ် ရှောင်၊ မရှောင်နိုင်က များစွာလျှော့၊ ဟင်းချိုမှုန့် လုံးဝမသုံးလျှင် အကောင်းဆုံးပါ။ အဝလွန် သွေးကြောအဆီပိတ်၊ နှလုံးပိုအား စိုက်ညှစ်ရပါက သွေးတိုးမည် သေချာပါသည်။
.
သုံးသပ်ချက်
ဆူဖြိုး အဝလွန်ခြင်း၊ သွေးချိုဆီးချိုရောဂါဖြစ်ခြင်း၌ ကြားအစားများခြင်း၊ အချိုအဆိမ့် အစားလွန်ခြင်းသည် မူရင်း လက်သည် ဖြစ်နေတတ်၏။ ဂျုံကောက်ညှင်း အခြေခံ၍ ပြုလုပ် ထားသည့် အစားအစာများ၊ ဂျုံခေါက်ဆွဲ၊ သာကူကျို၊ ကောက် ညှင်းထုပ်၊ မုန့်ဖက်ထုပ် စသည်ဖြစ်၏။ အမျိုးအမည်တွေ အား လုံး တန်းစီရေးနေပါက ဆုံးနိုင်မည် မဟုတ်ပါ။ ဆန်ထွက်ပစ္စည်း ကောက်ညှင်းပါဝင်သည်ကို ဦးစားပေး ဖော်ပြရခြင်းမှာ စေး ကပ်လွန်း ဆန်ထက် အာဟာရ တန်ဖိုးများခြင်းကြောင့် ဖြစ်၏။ ယင်းတို့ကို အဆီအဆိမ့်များ ရောနှောစီမံသည့် စားဖွယ်သောက် ဖွယ်တို့က ပိုမို၍ ဆိုးဝါး၏။ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ ဒံ ပေါက်၊ ကရေကယာ၊ မလိုင်ထောပတ်ထိုးမုန့် စသည်တို့ကို ကြိုက်နှစ်သက်၍ အစားလွန်လွန်းက သေချာပေါက် ဖြစ်မည်။ သွေးတိုး ဆီးချိုရောဂါ လင်မယားစုံတွဲ။ ထို့ပြင် အသည်းအဆီ ဖုံး၊ နှလုံးသွေးကြောကျဉ်း၊ သွေးကြော အဆီပိတ်၊ လေသင်ဓုန်း ဖြတ် ကိုယ်တစ်ခြမ်းသေ၊ ဦးနှောက်သွေးကြောပြတ် စသောရော ဂါကြီးကြီးမားမားတို့သည် နောက်ဆက်တွဲ တန်းစီလိုက်ကာအ ဖော်ပြုကြတော့မည်။ သေမင်းနိုင်ငံသို့ သေမင်းနှင့် စစ်မခင်းရ ဘဲနှင့် ဖြတ်လမ်းအားဖြင့် ရုတ်တရက် ဘဝကူးသွားတတ်ပါ သေး၏။ အစားအသောက် ဆင်ခြင်ကာ ရှောင်စရာများရှောင်၊  လမ်းလျှောက်ခြင်း၊ အားကစားပြုခြင်း၊ အိမ်တွင်းပေါ့ပါး လုပ် ကိုင် ဖွယ်ရာများကို ဆောင်ရွက်ခြင်းများ ဆောင်နေပါကအိုမင်း ခြင်း ဇရာလက္ခဏာများကိုလည်း ဖြည်းဖြည်းမှ လာဟု တားဆီး နိုင်မည့်အပြင် သက်ရှည်ကျန်းမာ စိတ်ချမ်းသာမည် မုချပါ။ ဓမ္မ လိုက်စားရန် မမေ့နှင့်။
.
တပည့်လေးမေးသော ပြဿနာရပ်ကို တွေးဆသုံးသပ်ပြ ပါမည်။ သူ့မိခင်ဘက်မှ အဘွားသွေးတိုး ဆီးချိုရောဂါစုံတွဲ ခြင်း၌ အခြေခံ သကြားနှင့် ဆား အသုံးများလိမ့်မည်။ အချိုအ ဆိမ့်တို့မှာ ပထဝီ အာပေါဓာတ်၊ အငန်ငါးပိငါးခြောက် ငါးပိရေ ကျိုမျှင် ငါးပိဆား စသည်တို့မှာကား တေဇောနှင့် အာပေါဓာတ်၊ ခန္ဓာကိုယ်၌ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဓာတ်ကြီးလေး ပါး တစ်မျိုးမျိုး လွန်ကဲလျော့နည်းက ရောဂါကို ဖိတ်ခေါ်ပြီလေ။ သူ့အမေဘက်က အဘိုးမှာ သွေးတိုးတစ်ခုတည်းမို့၊ ဆားအစား များ အငန်ကြိုက်လိမ့်မည်။ အမေကျတော့ သွေးတိုးနေပြီတဲ့။ အဖေ့မှာ သွေးလျော့တတ်ပြီ ဆီးချိုမရှိပါတဲ့။ အဖေ့ဘက်က ဘွားလည်း သွေးအားနည်း လျော့တာတဲ့။ မျိုးရိုးအရ ရောဂါအ မွေ ဆက်ခံတတ်သလားဆိုတော့ ငါးဆယ် ရာခိုင်နှုန်း ဖြစ်နိုင် ခြေပါ။ သမီးက အဖေ့ဘက်လိုက်၍ သားက အမေ့ဘက်လိုက် တတ်သည် ဆိုသော ရှေးဆိုရိုးစကားအရ မှန်နေသလိုပါ။ ကဲ တပည့်ကော ဘာဖြစ်နိုင်မလဲဆိုသော အမေးကို "မင်းကံ ကောင်းမှာပါ။ အမေနဲ့ အဖေ နှစ်ဖက်ပေါင်းပြီး မျှခြေယူရင် မင်း အများကြီးကို အကောင်းဘက် သာတာပေါ့။ အဲ အစားအ သောက် အနေထိုင် life style ကို ဂရုစိုက်၊ ရှောင်ဆောင်တရား လိုက်စား စိတ်ကောင်းစေတနာကောင်း ထားရင် မင်းတော့ သက်တမ်းစေ့နိုင်တယ်။ ရှေးကံလည်း ထောက်မပါစေကွာ"ဟု ဖြေဆိုလိုက်ရပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)