ရပ်စောက်မြို့နယ်၌ လူငယ်တစ်ဦး ရေနစ်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

ရပ်စောက်မြို့နယ်၌ လူငယ်တစ်ဦး ရေနစ်သေဆုံး


ထမံသီ
.
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ နောင်ဖန်ရွာ၊ လယ်ရေ သွင်းမြောင်းအတွင်း၌ ဖေဖေါ်ဝါရီလ ၁၄ ရက်က လူငယ် တစ်ဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူမှာ မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေရွာနေ အသက် ၁၉ နှစ် အရွယ် မောင်ပြည့်ဖြိုး ဖြစ်ပြီး ၎င်းသည် နောင်ဖန်ရွာရှိ ဦးလေး တော်စပ်သူ၏ ဖရဲစိုက်ခင်း၌ အလုပ် လုပ်ကိုင်​နေသူ ဖြစ်​ကြောင်း သိရသည်။
.
​​မောင်ပြည့်ဖြိုးသည် ​ဖေ​ဖော်ဝါရီလ ၁၃ ရက်တွင် ငါးမျှား၊ ငှက်ပစ်ရန်ဟု ဆိုကာ နေအိမ်မှထွက်သွားပြီး​နောက် ပြန် မရောက်လာသောကြောင့် လိုက်လံ ရှာဖွေရာ ဖေ​ဖော်ဝါရီလ ၁၄ ရက်၊ နံနက်ပိုင်းတွင် နောင်ဖန်ရွာ လယ်ကွက်ကြားရှိ လယ်ရေသွင်းမြောင်းအတွင်း ပက်လက်အနေထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ ရေနစ်သေဆုံး​နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ရေနစ်သေဆုံးမှုနှင့် ပတ်သက်၍ ရပ်စောက်မြို့မရဲစခန်း တာဝန်ရှိသူများက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်​ဆေးလျက် ရှိ​ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About