ရပ်စောက်မြို့ သနပ်တောင်ဆည် ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ဆို - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 27, 2020

ရပ်စောက်မြို့ သနပ်တောင်ဆည် ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု မရှိဟု ဆို


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ မကျီးကုန်းကျေးရွာအုပ်စုရှိ သနပ် တောင်ဆည် အထွေထွေပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကုမ္ပ ဏီအနေဖြင့် ပွင့်လင်းမြင်သာမှု မ ရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူး၊ ဒေသခံဆည် ကော်မတီ ဝင်များနှင့် ရပ်မိရပ်ဖများမှ ပြောဆို ခဲ့သည်ဟု သိရသည်။
.


.
“ကျောက်ကြီးတွေလာပုံတာ ကို ရွာသားတွေပြောမှ သိရတယ်။ ကျွန်တော်တို့ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးနဲ့ ဆည်ကော်မတီဝင်တွေ၊ ရွာသူရွာသားတွေဆီ အကြောင်း ကြားတာ၊ အသိပေးတာ ဘာတစ်ခု မှ မရှိဘူး။ လုပ်ငန်းဆောင်ရွက်ပြီး နောက်တစ်နေ့ ရေလွှဲတွေဖက် မ လုပ်ဘဲ ရေပိတ်ပစ်လိုက်လို့ ရွှေပုစွန် ကုမ္ပဏီကသရက်ခြံ အပါအဝင် တောင်သူတွေရဲ့ ကြက်သွန်နဲ့ ဟင်း သီးဟင်းရွက် စိုက်ခင်းတွေ ရေပြတ် သွားတယ်။ သူတို့လုပ်တာကို ဘယ် သူမှ မသိရပါဘူး ဟု မကျီးကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦး ဘကြည်က ပြောသည်။
.
ထို့အတူ လွယ်ကိုးကျေးရွာအုပ် စု အုပ်ချုပ်ရေးမှူး ဦးချစ်သဲကလည်း အဆိုပါဆည်၏ အထွေထွေ ပြုပြင် ရေး လုပ်ငန်းအပေါ် မိမိတို့နှင့် တစ် စုံတစ်ရာ တိုင်ပင်ဆွေးနွေးခြင်း မရှိ သဖြင့် တောင်သူများဘက်တွင် အ ခက်အခဲများနှင့် စိုးရိမ်စိတ်များ ဖြစ် ပေါ်ခဲ့ကြောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထံသို့ စာဖြင့် တင်ပြ ခဲ့သောကြောင့်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံး ခန်း၌ နှစ်ဖက် တွေ့ဆုံပြီး လိုအပ် သည်များကို ပြန်လည်ပြုပြင်ပေးမည် ပြောဆို ခဲ့သော်လည်းမည်သို့ဆောင် ရွက်မည်ကို မသိရှိရသေးကြောင်း ပြောဆိုခဲ့သည်။
.
“သူတို့ ဘက်ဟိုးတူးရင်း ရေလွှဲ ဆည်တစ်ခု ပျက်တာကို ပြန်လုပ်ပေး မယ်ပြောတယ်။ ကျွန်တော်တို့က အဲဒီနေရာကို ကျောက်ကြီးနဲ့ ဘိ လပ်မြေသရိုး ကိုင်စေချင်တယ်။ သူ တို့က ကျောက်ထုပ်ထည့်မယ်။ အဲဒါ ကို လက်မခံပါဘူးဟု ဆည်ကော် မတီဝင် ဦးသော်လင်းရှိန်က ပြော သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြို့ နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ SAE ဦး အောင်ဇော်လင်းအား ဆက်သွယ် မေးမြန်းရာ ဆည်ပြုပြင်ရန်အတွက် ယခင် ရှမ်းပြည်နယ် အစိုးရလက် ထက်ကတင်ပြခဲ့ပြီး ပြုပြင်ရန် ၃ နေ ရာခန့်ရှိရာ ရရှိသည့် ငွေကြေးပမာ ဏနှင့် ဝင်ဆံ့သည့် ယခုနေရာ၌ ဝင် ရောက် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
.
ထို့အတူ ဆည်တည်ဆောက် ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် သဒ္ဓါမြင့်မိုရ်ကုမ္ပဏီမှ မန်းနေးဂျင်းဒါ ရိုက်တာ ဦးစည်သူအောင်အား ဆက် သွယ်မေးမြန်းရာတွင်မူ ၎င်းအနေ ဖြင့် ခရီးထွက်နေသည့်အတွက် ပြန် ရောက်မှသာ ကွင်းဆင်းလေ့လာ၍ ဆုံးဖြတ်မည်ဟု ပြောသည်။
.
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၏ ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်  နိုင်ငံပိုင်အခန်း (ပြည်နယ် ဘဏ္ဍာ ရန်ပုံငွေဖြင့်) ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များတွင်  ရပ်စောက်၊ လက်ရိုက်သနပ်တောင်ဆည် အ လျားပေ ၁၀၀ x အနံ ပေ ၉၀ x အ မြင့်ပေ ၂၀ အတွက်၊ လျာထားငွေ ကျပ် ၅၅ သန်းဖြစ်ပြီး သဒ္ဓါမြင့်မိုရ် ကုမ္ပဏီမှ ငွေကျပ် ၅၃ ဒသမ ၉၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ကာ လက်ရှိမြေပြင်၌ အလျား ၅၃ ပေ၊ အနံ ၅၂ ပေ side spillway ဆောင် ရွက်မည်ဟု အချက်အလက်ပါ ဗီ နိုင်း တပ်ထားသော်လည်း၊ စာချုပ် တွင် အလျား ၅၂ ပေ x အနံ ၄၅  ပေ x ရေတံခါး ၂ ပေါက်ဟု ပါရှိသ ဖြင့် ကိန်းဂဏန်းများ ကိုက်ညီခြင်း မရှိကြောင်းဒေသခံများမှ ပြောသည်။
.
သနပ်တောင်ဆည်သည် ရပ်စောက်စော်ဘွားကြီး စောခွန်ဆိပ် လက်ထက်မှ စ၍ အစိုးရအဆက် ဆက် ပြုပြင်ထိန်းသိမ်းခဲ့သော လက် ရိုက်ဆည်တစ်ခုဖြစ်ပြီး ဆည်အရင်း အမြစ်မှ ရေသုံးမြောင်း အရှည်မှာ ၆ မိုင် ၃ ဖာလုံရှိကာ မကျီးကုန်းကျေး ရွာအုပ်စုနှင့် လွယ်ကိုင်းကျေးရွာအုပ် စုရှိ ရွာ ၉ ရွာမှ တောင်သူလယ်သ မားများ၏ လယ်နှင့် နွေသီးနှံ စိုက် ခင်း စုစုပေါင်း ဧက ၃၀၀၀ ခန့်ကို အကျိုးပြုနေသည့် ဆည်တစ်ခုဖြစ် ကြောင်း သိရသည်။
.
အဆိုပါ သနပ်တောင်ဆည််တွင် ရိုးရာဓလေ့အရ ဆည်တက်ပွဲကို နှစ် စဉ် တပေါင်းလဆန်း ၂ ရက်မှ စတင် ၍ ၁၀ ရက်တိုင်တိုင် ကျင်းပပြုလုပ် လေ့ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)