ရပ်စောက်မြို့နယ်ထွက် စိန်တစ်လုံးသရက် ဝယ်ယူရန် ဂျပန်ကုမ္ပဏီ လာရောက် ဆွေးနွေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 20, 2020

ရပ်စောက်မြို့နယ်ထွက် စိန်တစ်လုံးသရက် ဝယ်ယူရန် ဂျပန်ကုမ္ပဏီ လာရောက် ဆွေးနွေး


ထမံသီ
.
လာမည့် သရက်သီးရာသီတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင် ကြီးခရိုင်၊ ရပ်စောက်ဒေသထွက် စိန် တစ်လုံးသရက်သီးများ ဝယ်ယူနိုင် ရေးအတွက် ဂျပန်ကုမ္ပဏီတစ်ခုမှ လာရောက်ဆွေးနွေးခဲ့သည်ဟု သိရ သည်။
.

.
ဂျပန်နိုင်ငံရှိ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီတစ်ခုဖြစ်သော FW JAPAN ကုမ္ပဏီဥက္ကဋ္ဌ SACHIO FUKUI နှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၁၆ ရက်က ရပ်စောက်မြို့၊ မကျီး ကုန်းကျေးရွာ အုပ်စုရှိ တုနှိုင်းမဲ့/ ပြိုင်ဘက်ကင်း သရက်သီးစိုက်ပျိုး ထုတ်လုပ်သည့် Unique Yatsauk Mango Public ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် သရက်စိုက် တောင်သူများအား Unique Yatsauk ကုမ္ပဏီရုံးခန်း၌ လာရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဒီ ၂၀၂၀ သရက်သီးရာသီမှာ စလုပ်မှာပါ။ အများအားဖြင့် စိန်တစ် လုံးသရက်သီးဆိုရင် အကောင်းဆုံး အသီးကိုသာ အာရုံစိုက်လေ့ ရှိပါ တယ်။ စံချိန်မီအသီးပြီးရင် ဒုတိယ တန်းစားအသီးနဲ့ လေလွင့်အသီးတွေ ရှိတယ်။ အဲဒီအသီးတွေက အလဟ ဿ ဆုံးရှုံးနေရတယ်။ ဒါကြောင့် အလုံးလိုက် တင်ပို့ဖို့ထက် ရေဆေး၊ ခွဲစိတ်ဖြတ်တောက်ပြီး တင်ပို့မှာပါ။ ဒီလိုလုပ်ခြင်းဖြင့် သရက်သီးစိုက် တောင်သူတွေ ငွေပိုရလာမှာ ဖြစ်သ လို ဒေသခံတွေ အတွက်လည်း အ လုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပေးရာရောက်ပြီး တည်ငြိမ်တဲ့ မိ သားစုဝင်ငွေ ရရှိလိမ့်မယ်လို့မျှော် လင့်ပါတယ်”ဟု FW JAPAN ကုမ္ပဏီ ဥက္ကဋ္ဌ SACHIO FUKUI က ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့နယ်၊ အေးသာ ယာမြို့ရှိ နေမင်းသားကုမ္ပဏီလီမိ တက်ဥက္ကဋ္ဌ ဦးညွန့်ဝင်းနှင့် မန်းနေး ဂျင်းဒါရိုက်တာ ဒေါ်မြတ်မြတ်စိုးတို့ က ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် ဆောက်လုပ်ရေးသင်တန်းတစ်ခုသို့ တက်ရောက်စဉ် ဂျပန် ကုမ္ပဏီတစ်ခု နှင့် ချိတ်ဆက်မိ၍ ယခုကဲ့သို့ သရက် သီး ဝယ်ယူမည့်အစီအစဉ် ဖြစ်ပေါ် လာရခြင်းဖြစ်ကြောင်း သိရသည်။
.
ဂျပန်နှင့် ကိုရီးယားနိုင်ငံများ၏ သွင်းကုန်ထုတ်ကုန် ဥပဒေများအရ မြန်မာနိုင်ငံမှ သစ်သီးများအား အ လုံးလိုက် တင်ပို့ခွင့် ပိတ်ပင်ထား သည့်အတွက် ယခုကဲ့သို့ ခွဲစိတ်ဖြတ် တောက် တင်ပို့ရန် ရည်ရွယ်လုပ် ဆောင်ခြင်းဖြစ်ပြီး ညှိနှိုင်းဆွေးနွေး မှု အောင်မြင်ပါက ဂျပန်ကုမ္ပဏီမှ တစ်နှစ်လျှင် သရက်တန်ချိန် ၄၀၀ ခန့် ဝယ်ယူမည်ဖြစ်ကြောင်း သိရ သည်။
.
ရပ်စောက်မြို့နယ်အတွင်း GAP စနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူ ၃၀ ဦးမှ တစ်နှစ်လျှင် စိန် တစ်လုံး သရက်တန်ချိန် ၆၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About