ရပ်စောက်တွင် နေအိမ်မီးရှို့မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Friday, February 21, 2020

ရပ်စောက်တွင် နေအိမ်မီးရှို့မှု ဖြစ်ပွား


ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်၊ နေ့လယ်ပိုင်းက အမျိုးသား တစ်ဦးမှ ၎င်း၏နေအိမ်အား မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ရပ်စောက်မြို့နယ်၊ အလယ်ချောင်ဈေးအနီး နေထိုင်သူ စိမ်းမောင်မောင် (၂၄ နှစ်) သည် ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ၎င်းနေထိုင်သည့် နေအိမ်နံဘေးရှိ မီးစွဲလောင်နေသော အမှိုက်ပုံမှ ကော်ရေပိုက်အား ကောက်ယူကာ နေအိမ်အား မီးရှို့ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မီးရှို့မှုကြောင့် အလျား ၃၆ ပေ၊ အနံ ၁၈ ပေရှိ မြေစိုက်၊ သွပ်မိုး၊ ထရံကာ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးရှို့ခဲ့သူ စိမ်းမောင်မောင်အား ရပ်စောက်မြို့မရဲစခန်းမှ လိုက်လံဖမ်းဆီးရာ ယင်းနေ့ညနေ ၃ နာရီခွဲခန့်တွင် အလယ် ချောင်ကျေးရွာမြောက်ဘက်၊ တောင်ကွေးကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မိမိနေအိမ်အား မီးရှို့ပြီး မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ စိမ်းမောင်မောင်အား ရပ်စောက် မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆၊  မယ(ပ)၈/၂၀၂၀/စိတ်ပုဒ်မ-၁၉ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats