ရပ်စောက်မြို့နယ်တွင် အကျဉ်းသားအချင်းချင်း လူသတ်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

ရပ်စောက်မြို့နယ်တွင် အကျဉ်းသားအချင်းချင်း လူသတ်မှုဖြစ်ပွား

ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဘန်းကန်အကျဉ်းစခန်းတွင် ဖေဖော်ဝါရီလ ၁၁ ရက်က အကျဉ်းသားအချင်းချင်း လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

.
ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၂) အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသည့် အကျဉ်းသား လှဆင့် နှင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အလုပ်နှင့်ထောင်ဒဏ် ၈ နှစ် ကျခံနေရသည့် အကျဉ်းသား ဇော်ထူးတို့သည် ဖေဖော်ဝါရီလ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခန့် က စားဖိုဆောင်အတွင်း စကားများ ရန်ဖြစ်ရာ လှဆင့်မှ ဇော်ထူးအား ထင်းခွဲရန် ထုတ်ပေးထားသည့် ရဲဒင်းအနှောင့်ဖြင့် ထုခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ရဲဒင်းဖြင့် ခုတ်ခံရသူ ဇော်ထူးမှာ ပင်ဖြစ်တိုက်နယ်ဆေးရုံမှတဆင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ အမှုနှင့်ပတ်သက်၍ ရဲဒင်းဖြင့် ထုခုတ်ခဲ့သူ လှဆင့်အား ရပ်စောက်မြို့မရဲစခန်းမှ (ပ)၊ ၁၁/၂၀၂၀၊ (၁/၂၀၂၀)၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About