ပြောင်းစိုက်ရာသီတွင် တောင်သူများနှင့် လုပ်ငန်းရှင်များ ကုန်သွယ်မှု အခွင့်အလမ်း ရရှိစေမည့် စီမံချက် ရေးဆွဲမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 16, 2020

ပြောင်းစိုက်ရာသီတွင် တောင်သူများနှင့် လုပ်ငန်းရှင်များ ကုန်သွယ်မှု အခွင့်အလမ်း ရရှိစေမည့် စီမံချက် ရေးဆွဲမည်


ထမံသီ
.
၂၀၂၀ ပြည့်နှစ် ပြောင်းစိုက်ရာ သီအတွင်း ရှမ်းပြည်နယ်အတွင်းရှိ ပြောင်းစိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ အတွက် ဒေါ်လာဘီလီ ယံချီ ကုန်သွယ်မှု အခွင့်အလမ်း ရရှိစေမည့် စီမံချက်တစ်ခု ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရပ်စောက်မြို့ နယ် ပြောင်းစိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဦးခင်မောင်ညိုထံက သိရသည်။
.
.
အဆိုပါ စီမံချက်အတွက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၂၆ ရက်က တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အ သင်း (SSSCCI) ၏ ရှမ်းပြည်နယ် ရင်းနှီးမြှုုပ်နှံမှု အစီအမံ ရေးဆွဲပွဲတွင် နိုင်ငံတကာမှ ရင်းနှီး မြှုုပ်နှံသူများ အား ဖိတ်ခေါ်ဆွေးနွေးပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ပထမ ပတ်အတွင်း ထပ်မံ ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ် ပြောင်းစျေး မျှော် မှန်းချက် ဒေါ်လာဘီလီယံကုန်သွယ် မှု အခွင့်အလမ်းစီမံချက် (Corn Vision 2020 USD Billion Trade Business Opportunities Stakeholder Consultation Workshop) အလုပ်ရုံ ဆွေးနွေးပွဲ တွင် ထပ်မံဆွေးနွေးခဲ့သည်ဟု ၎င်း ထံက သိရသည်။
.
ပြောင်းမျှော်မှန်း ရည်မှန်းချက် အရ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း လုပ် ငန်းရှင်များ၊ စိုက်ပျိုးရေးပညာရှင် များ၊ နည်းပညာရှင်များ၊ မြေဩဇာ လုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင် များနှင့် ပြောင်းစိုက်တောင်သူများ နှစ်ဦးအကျိုးတူ ပေါင်းစည်း၍ ရှမ်း ပြည်နယ်တစ်ခုလုံးတွင် အမေရိကန် ဒေါ်လာဘီလီယံ ကုန်သွယ်မှုအခွင့် အလမ်းအဖြစ် ပြောင်းစိုက်ဧရိယာ တစ်သန်းနှင့် တောင်ကြီးနှင့် ရပ် စောက်မြို့နယ်များတွင် ပြောင်းစိုက် ဧရိယာ တစ်သောင်းကို စုပေါင်း လယ်ယာအဖြစ် စိုက်ပျိုးထုတ်လုပ် ရန် လျာထားကြောင်း သိရသည်။
.
စီမံချက် အောင်မြင်စွာ အ ကောင်အထည်ဖော်နိုင်ရန် အစိုးရ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်၊ စိုက်ပျိုးသူ တောင်သူများ၊ ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပြီး လက်ရှိမြန်မာနိုင်ငံမှ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း နှင့် စီမံကိန်းဘဏ်အတွင်း ထည့် သွင်းရေးဆွဲရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကတွေ့ဆုံသည့် အလုပ်ရုံ ဆွေးနွေးပွဲအတွက် မကြာမီရက်ပိုင်း အတွင်း ရန်ကုန်၌ ထပ်မံတွေ့ဆုံ သွားရန် ရှိနေသည်ဟု သိရသည်။
.
အထက်ပါ အဖွဲ့အစည်းများ ပူးပေါင်း၍   အရည်အသွေးမြင့် ထုတ် လုပ်ပြီး ထွက်ရှိလာမည့် အစေ့ထုတ် ပြောင်းကို တရုတ်နယ်စပ် စျေးကွက် သာမက ဗီယက်နမ်၊ ထိုင်းနှင့် တရုတ် ပြည်မစျေးကွက်သို့ ပြည်ပစျေးကွက် ဖော်ဆောင် နိုင်ရေးတစ်ခုအနေဖြင့် ထိုးဖောက် ရောင်းချသွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ပြောင်းစိုက် ဧက ၃၇၂၄၂ ဧကနှင့် ထွက်နှုန်း ၂၂၂၉၈၆၉ တင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌ ပြောင်းစိုက်ဧက ၃၈၀၅၈၈ ဧက နှင့် ထွက်နှုန်း ၂၇၈၄၁၇၄၉ တင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ပြောင်း စိုက်ဧက ၂၈၁၉၀၇ ဧကနှင့် ထွက် နှုန်း ၁၅၂၃၅၁၈၇ တင်းရှိပြီး ရှမ်း ပြည်နယ် တစ်ခုလုံးအနေဖြင့် ပြောင်း စိုက်ဧက စုစုပေါင်း ၆၉၉၇၃၇ ဧက နှင့် ထွက်နှုန်း ၄၅၃၀၆၈၀၅ တင်း  ထွက်ရှိခဲ့ကြောင်း ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန စာရင်းများအရ သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About