တောင်ကြီးနှင့် ပင်လုံတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂီတ ဖျော်ဖြေပွဲများ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 10, 2020

တောင်ကြီးနှင့် ပင်လုံတွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂီတ ဖျော်ဖြေပွဲများ ကျင်းပမည်


စုလှိုင်
.
၇၃ နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါ ရီလ ၁၂ ရက်၊ ညပိုင်းတွင် ရှမ်းပြည် နယ်မြို့တော် တောင်ကြီးမြို့နှင့် သ မိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာ ပင်လုံမြို့တို့၌ တိုင်းရင်းသားရိုးရာ အကပဒေသာနှင့် တေးဂီတဖျော် ဖြေ ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့၊ အဝေရာကုန်း သာယာ မီးပုံးပျံကွင်းတွင် ပြုလုပ် မည့် တေးဂီတဖျော်ဖြေပွဲတွင် ရှမ်း ပြည်နယ်ဖွား တေးသံရှင် စိုင်းစိုင်းခမ်း လှိုင်နှင့် နိုင်ငံကျော်တေးသံရှင် ဇော် ဝင်းထွဋ် အပါအဝင် တေးသံရှင် ဘန် နီဖြိုး၊ Snare၊ Gfatt၊ နန္ဒစိုင်းနှင့် အ မရာဖုန်းတို့မှ ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပင်လုံတွင် ပြုလုပ်မည့် တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ဘိုဖြူ၊ ဖိုးကာ၊ အိုင်းရင်းဇင်မာမြင့်နှင့် ဂျူဝယ်လ်တို့မှ ဖျော်ဖြေတင်ဆက် သွားမည် ဖြစ်ကြောင်း သိရသည်။
.
“တိုင်းရင်းသားရိုးရာ အဆို/အ က တွေပါမယ်။ တေးသံရှင် ဇော်ဝင်း ထွဋ်က စည်းလုံးခြင်းအတွက် သီချင်း တစ်ပုဒ် ဆိုမယ်။ တိုင်းရင်းသား ပေါင်းစုံ ပါဝင်မှာပါ” ဟု ပွဲစီစဉ်သူတစ် ဦးဖြစ်သူ ကိုသက်အောင် (မောင် အေးချမ်း)က ပြောသည်။
.
အဆိုပါ တေးဂီတဖျော်ဖြေပွဲ များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူး စီစဉ်ကျင်းပခြင်း ဖြစ်ပြီး ကမ္ဘောဇဘဏ် လီမိတက်မှ အဓိက ပံ့ပိုးကူညီပေးခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About