တောင်ကြီးနှင့် ပင်လုံတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲများ ကျင်းပမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 11, 2020

တောင်ကြီးနှင့် ပင်လုံတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲများ ကျင်းပမည်

စုလှိုင်
.
၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလ ၁၂ ရက်၊ ညပိုင်းတွင် ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့နှင့် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့ရာ ပင်လုံမြို့တို့၌ တိုင်းရင်းသားရိုးရာ အကပဒေသာနှင့် တေးဂီတဖျော်ဖြေပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.

တောင်ကြီးမြို့၊ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် ပြုလုပ်မည့် တေးဂီတဖျော်ဖြေပွဲတွင် ရှမ်းပြည်နယ်ဖွား တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် နိုင်ငံကျော်တေးသံရှင် ဇော်ဝင်းထွဋ် အပါအဝင် တေးသံရှင် ဘန်နီဖြိုး၊ Snare၊ Gfatt ၊ နန္ဒစိုင်းနှင့် အမရာဖုန်းတို့မှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပင်လုံတွင် ပြုလုပ်မည့် တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် ဘိုဖြူ၊ ဖိုးကာ၊ အိုင်းရင်းဇင်မာမြင့်နှင့် ဂျူဝယ်လ်တို့မှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
“တိုင်းရင်းသားရိုးရာ အဆို/အကတွေပါမယ်။ တေးသံရှင် ဇော်ဝင်းထွဋ်က စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ဆိုမယ်။ တိုင်းရင်းသားပေါင်းစုံ ပါဝင်မှာပါ” ဟု ပွဲစီစဉ်သူတစ်ဦးဖြစ်သူ ကိုသက်အောင် (မောင်အေးချမ်း) က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါတေးဂီတ ဖျော်ဖြေပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးစီစဉ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘောဇဘဏ် လီမိတက်မှ အဓိက ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

About