UNICEF မှ ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်း - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Tuesday, February 25, 2020

UNICEF မှ ဆောင်ရွက်မည့် စီမံကိန်းများအား ရှင်းလင်း


စုလှိုင်
.
ကုလသမဂ္ဂကလေးများ ရန်ပုံ ငွေအဖွဲ့ (UNICEF) ၏ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်နယ်၌ ဆောင်ရွက်မည့် စီမံကိန်းများ မိတ် ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်း က တောင်ကြီးမြို့၊ Royal Taunggyi ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
.
 
.
"၂၀၁၈ ကနေ ၂၀၂၁ အထိ ၅ နှစ်စီမံကိန်း ဆွဲထားတာ ရှိပါတယ်။ အခုကတော့ နောက်ဆုံး ၂ နှစ် ဖြစ် တဲ့ ၂၀၂၀-၂၀၂၁ အတွက် ရှေ့လုပ် မယ့် လုပ်ငန်းစဉ်တွေ၊ ပြီးပြီးသား လုပ်ငန်းတွေကို မိတ်ဖက်အဖွဲ့အ စည်းတွေ၊ ဌာနဆိုင်ရာတွေကို အတူ တကွ ရှင်းလင်းတင်ပြတဲ့ ပွဲလေး ဖြစ်ပါတယ်”ဟု ယူနီဆက်ဖ် ဌာနေ ကိုယ်စားလှယ် Ms, June Kunugi က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဒေသဖွံ့ဖြိုးရေးအတွက် အဆင့်မြှင့် တင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ အ သစ်တည်ဆောက်ခြင်းလုပ်ငန်းများ ကို အစွမ်းကုန် အရှိန်အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်း ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၏ ဘက် စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကုလ သမဂ္ဂနှင့် မိတ်ဖက် အဖွဲ့အစည်းများ နှင့်အတူ စဉ်ဆက်မပြတ် ပူးပေါင်း လုပ်ဆောင်နေလျက် ရှိပြီး ယူနီ ဆက်ဖ်သည်လည်း တစ်ဖွဲ့အပါအ ဝင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
.
ထို့နောက် ယူနီဆက်ဖ် ဌာနေ ကိုယ်စားလှယ် Ms.June Kunugi က နှုတ်ခွန်းဆက်အမှာစကား ပြော ကြားပြီး ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းစီမံ ချက်စာအုပ်အား ရှမ်းပြည်နယ်အ စိုးရသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
.
“အဓိက ကတော့ ၂၀၁၉ ခုနှစ် မှာ လုပ်ဆောင်ပြီးစီးခဲ့တဲ့ စီမံကိန်း အောင်မြင်မှုတွေကို ဆွေးနွေးတယ်။ အောင်မြင်မှု ရှိသလို ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေး တယ်။ ၂၀၂၀-၂၀၂၁ မှာ ဘာတွေ ဆက်လုပ်သွားမယ်ဆိုတာ အသေး စိတ် တစ်ခုချင်း ဆွေးနွေးခဲ့ပါတယ်” ဟု June Kunugi က ဆက်လက် ပြောဆိုခဲ့သည်။
.
ယူနီဆက်ဖ်အနေဖြင့် ရှမ်းပြည် နယ်အတွက် ၂၀၂၀-၂၀၂၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း ခန့် အကုန်အကျခံပြီး ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ NGO များ၊ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် ပူးပေါင်းလုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ယူ နီဆက်ဖ်အနေဖြင့် ရှမ်းပြည်နယ်၌ စတစ်တကျ လက်ဆေးနည်း ပညာ ပေးပိုစတာ ဖြန့်ဝေခြင်း၊ တိုင်းရင်း သား ဘာသာစကားများဖြင့် ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ အသိ ပညာပေး ပိုစတာ ဖြန့်ဝေခြင်းအ တွက် ကူညီပံ့ပိုးခြင်း၊ အရေးပေါ် အခြေအနေများတွင် ကျန်းမာရေး ကဏ္ဍမှ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဗဟုသုတ အရည်အသွေး မြှင့်တင် ခြင်းနှင့် ကျန်းမာရေး အသိပညာမြှင့် တင်ရေး၊ အမူအကျင့် ပြုပြင်ပြောင်း လဲရေး၊ ကဏ္ဍပေါင်းစုံအာဟာရ ဖွံ့ ဖြိုးရေး၊ လေထုညစ်ညမ်းမှု လျှော့ ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးမှုများကို ဦးစားပေးလုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats