ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံမှန်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပုံမှန်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံသွားမည်


စိုင်းရာဇာ
.
ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကာကွယ်ဆေး (ရိုတာဗိုင်း ရပ်စ် ကာကွယ်ဆေးနှင့် ဆုံဆို့မေး ခိုင်ရောဂါ ကာကွယ်ဆေးကို စတုတ္ထ အကြိမ်အဖြစ် ပုံမှန်ဆေးထိုး အစီအ စဉ်တွင် ထည့်သွင်းထိုးနှံ တိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
.
တိုးချဲ့ကာကွယ်ဆေးထိုး လုပ် ငန်း၏ ပုံမှန်ကာကွယ်ဆေးထိုးဆေး တိုက် အစီအစဉ်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ဆုံဆို့ မေးခိုင်ကာကွယ်ဆေး စတုတ္ထ အကြိမ်ထည့်သွင်း ထိုးနှံခြင်းနှင့် 2019-nCoV ရောဂါပိုးကြောင့် ဖြစ် ပွားသော အဆုတ်ရောင်ရောဂါ အ ကြောင်း အသိပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
အခမ်းအနားတွင် ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကာ ကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေး ခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာ ကွယ်၍ရသော ရောဂါများကို ကာ ကွယ်နိုင်ခြင်းကြောင့် မိသားစုနှင့် က လေးများအတွက် လူမှုရေး၊ စီးပွားရေး ပိုမိုတိုးတက် အောင်မြင်လာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ပြီး၊ ပြည်သူ လူထုကလည်း အစွမ်းထက်သော ကာကွယ်ဆေးများ ရရှိသောကြောင့် ကာကွယ်ဆေးထိုးလုပ်ငန်းကို ပိုမို လက်ခံလာပြီး၊ ပုံမှန်ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုတိုးတက်လာအောင် ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း အမှာစကား ပြောကြားခဲ့ သည်။
.
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများသည် အသက် ၂ နှစ်အောက် ကလေးငယ် များအား ရိုတာဗိုင်းရပ်စ် ကာကွယ် ဆေးတိုက်ကျွေးခြင်းနှင့် အသက် ၁ နှစ်ခွဲ ကလေးငယ်များအား ဆုံဆို့မေး ခိုင်ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံနေမှုအား လိုက်လံ ကြည့်ရှု ခဲ့ ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနအနေဖြင့် အသက် ၅ နှစ် အောက်ကလေးများတွင် ဖြစ်ပွား တတ်သော ကူးစက်ရောဂါ ၁၁ မျိုး ကြောင့် သေဆုံးမှု လျော့နည်းစေရန် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ် ဖြင့် ကာကွယ်ဆေး ၉ မျိုးကို ထိုးနှံ တိုက်ကျွေးပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ ပြင်းထန်ဝမ်း ပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထည့်သွင်း တိုက်ကျွေးပေးသွားမည် ဖြစ်ပြီး ယခင်က ၃ ကြိမ် ထိုးနှံပေး ခဲ့သော ဆုံဆို့ မေးခိုင်ကာကွယ်ဆေး ကို စတုတ္ထအကြိမ်အဖြစ် ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ရိုတာဗိုင်းရပ်စ် ကာ ကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယ အကြိမ်အတွက် အသက် ၂ လမှ ၄ လ အရွယ် ကလေးငယ်တစ် ဦး လျှင် အမေရိကန် ၂ ဒေါ်လာ နှုန်းဖြင့် လည်းကောင်း၊ ဆုံဆို့မေးခိုင် ကာကွယ်ဆေးအတွက် အသက် ၅ နှစ်မှ ၆ နှစ်အတွင်း ကလေးငယ် တစ်ဦးလျှင် ကန်ဒေါ်လာ ၀ ဒသမ ၁၈ ဒေါ်လာနှုန်းဖြင့် လည်းကောင်း အကုန်အကျခံ ထိုးနှံတိုက်ကျွေးပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ သိရ သည်။
.
ဆေးရုံကြီးများတွင် ၂၀၀၄ ခု နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် တက် ရောက် ဆေးကုသရသည့် အသက် ၅ နှစ်အောက်ကလေးများ၏ ၃၈ ရာ ခိုင်နှုန်းမှ ၅၆ ရာခိုင်နှုန်းတွင် ရိုတာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ ခဲ့ရကြောင်း စောင့် ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင် ရွက်နေသော ဆေးသုတေသနဦးစီး ဌာန၏ စာရင်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats