ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ နိုင်ငံရေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ နည်းပါးနေသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ နိုင်ငံရေးနှင့်ပတ်သက်၍ အသိပညာ ဗဟုသုတ နည်းပါးနေသေး


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ အပါအဝင် လားရှိုး၊ ကျိုင်းတုံ၊ မိုင်းတုံ၊ ရပ်စောက်အစရှိသည့် ဒေသ များမှ လူငယ်များအား နိုင်ငံရေးဆိုင် ရာ အသိအမြင် ဗဟုသုတများနှင့် ပတ်သက်၍ ကမ္ဘောဇတိုင်းမှ တွေ့ ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာ အများ စုမှာ သိရှိမှု နည်းပါးပြီး ပြည်နယ် ဝန်ကြီးချုပ်၏ အမည်ကိုပင် မှန်ကန် အောင် ဖြေဆိုနိုင်သူ နည်းပါးနေ သည်ဟု သိရသည်။
.
.
ကမ္ဘောဇတိုင်းအနေဖြင့် လူငယ် များအား နိုင်ငံတော်သမ္မတအမည်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်အမည်၊ ရှမ်း လွှတ်တော်တွင် နေရာအများဆုံး ရရှိ ထားသည့် နိုင်ငံရေးပါတီနှင့် လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုခြင်း ရှိ/မရှိ တူညီသည့် မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
.
ထိုသို့ မေးခွန်းမေးမြန်းရာတွင် လူငယ်အားလုံးက လာမည့်ရွေး ကောက်ပွဲတွင် မဲဆန္ဒပေးလိုသည့် ဆန္ဒရှိကြောင်း ပြောဆိုခဲ့သော်လည်း ကျန်မေးခွန်းများကို မှန်ကန်အောင် ဖြေဆိုနိုင်သူ နည်းပါးနေခြင်း ဖြစ် သည်။
.
တောင်ကြီးမြို့နေ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ မကြည်ကြည်သင်းက “နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ပါ။ ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ဒေါက်တာလင်းထွဋ် ပါ။ မဲအများဆုံးရတဲ့ ပါတီကိုတော့ မသိပါဘူး” ဟု ဖြေကြားခဲ့သည်။
.
“လေ့လာမှု အားနည်းတယ်လို့ ပဲ ထင်တယ်။ အခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲကလည်း နီလာပြီ။ NGO တွေကလည်း ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ လူငယ်တွေရဲ့ အ ခန်းကဏ္ဍကို သင်တန်းတွေပေးနေ တာရှိတယ်။ ဒါပေမဲ့ တောင်ကြီးမှာ သတင်းအချက်အလက် ရဖို့အခွင့် အရေးက သိပ်မရှိတော့ အားနည်း တယ်လို့ ထင်ပါတယ်။ တချို့က စာဖတ် အားနည်းတာ၊ နိုင်ငံရေးအ ပေါ် စိတ်ဝင်စားမှု အားနည်းတာ လည်းပါမှာပါ” ဟု တောင်ကြီးတက္က သိုလ် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မအိအိဖြူက ၎င်း၏အမြင်ကို ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးတက္ကသိုလ် ကျောင်း သားများသမဂ္ဂအနေဖြင့် လူငယ်များ အတွက် မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းများကို NGO အဖွဲ့အစည်း များနှင့် ချိတ်ဆက်ပြီး ဆောင်ရွက် သွားရန် ရှိနေကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲကို လာ မည့် နိုဝင်ဘာလအတွင်း ကျင်းပပြု လုပ်သွားဖွယ်ရှိနေပြီး ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း အချက်အလက်များအရ ရှမ်းပြည် နယ်အတွင်း ပထမအကြိမ် မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူ ၆ သိန်းခန့် ရှိနေ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About