တောင်ကြီး၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရာတွင် ယာဉ်ကြော ကြပ်တည်းမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 28, 2020

တောင်ကြီး၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်ရာတွင် ယာဉ်ကြော ကြပ်တည်းမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ရန် လိုအပ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၂) အဆင့်မြှင့်တင်မှု လုပ်ငန်း များ ပြုလုပ်ရာတွင် ယာဉ်ကြော ကြပ်တည်းမှုများ မဖြစ်ပေါ်စေရန် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။
.
.
“လမ်းပြင်တာကတော့ ကောင်း တဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ မြောင်း တူးနေတဲ့ အချိန်မှာ တစ်ဖက်က ကုန်ကားကြီးတွေ၊ တွဲကားတွေက မပြတ်တော့ လမ်းက အမြဲလိုလိုပိတ် နေတယ်။ အမြဲတမ်း မဟုတ်ရင် တောင်မှ အခုလို လမ်းပြင်နေတဲ့ အ ချိန်အတွင်း ကားကြီးတွေကို အချိန် ပိုင်းနဲ့ ဝင်ခွင့်ပေးတာပဲဖြစ်ဖြစ် လုပ် ပေးရင် ကောင်းပါတယ် ဟု တောင် ကြီးဒေသခံတစ်ဦးက ၎င်း၏အမြင် ကို ပြောဆိုခဲ့သည်။
.
“အခုပြင်နေတဲ့ အပိုင်းက မြို့မ စျေးလည်း ပါသလို ယာဉ်အသွားအ လာ အရှုပ်ထွေးဆုံးနေရာတွေ ဖြစ် တယ်။ စက်ယန္တရားကြီးတွေနဲ့ လုပ် ငန်း ဆောင်ရွက်နေတဲ့ အချိန်တစ် ဖက်ကလည်း ယာဉ်ကြောပိတ်ဆို့ မှုတွေ ဖြစ်နေတာမျိုးတော့ မကောင်း ဘူးပေါ့။ စျေးနေ့လိုမျိုးဆိုရင် ပိုဆိုး ပါတယ်။ နေ့လယ်ပိုင်း အလုပ်လုပ် ရင် ကားကြီးတွေကို ညပိုင်းမှ မြို့ ထဲ ပေးဝင်တာမျိုး လုပ်နိုင်ရင် အ ကောင်းဆုံးပါ ဟု ဒေသခံတစ်ဦး ကလည်း ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ ယာဉ်ကြောကြပ် တည်းမှုနှင့် ပတ်သက်၍ လမ်းအဆင့် မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေ သည့် တောင်ကြီးမြို့နယ်စည်ပင်သာ ယာရေးဌာန အမှုဆောင် အရာရှိ ဦး အေးကိုအား ကမ္ဘောဇတိုင်းမှ ဆက် သွယ်မေးမြန်းရာတွင် “အဲဒီလို အ ချိန် သတ်မှတ်ဖို့ ဆိုတာ ယာဉ်ထိန်း တို့က လုပ်ပေးရမှာပါ။ စည်ပင်မှာ အာဏာမရှိပါဘူး။ အရှေ့ မြို့ပတ် လမ်းကိုတောင်မှ ကျောင်းဆင်း/ ကျောင်းတက်ချိန်ဆိုရင် ခရီးသည် ကားကြီးတွေ မဖြတ်ဖို့ ထွေအုပ်ကို စာတင်ထားတယ်။ သက်ဆိုင်ရာ အာဏာပိုင်က တားမှရမှာပါဟု ပြန် လည်ဖြေကြားခဲ့သည်။
.
ထို့အတူ အမှတ် (၁၈) ယာဉ်ထိန်း ရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း/တောင်)မှ ရဲမှူးထွန်းနိုင်အောင်ကလည်း “ကား ကြီး တွေကို အချိန်ပိုင်းနဲ့ ပိတ်ဖို့ဆို တာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေက လုပ်ရမှာပါ။ ယာဉ်ထိန်း တပ်ဖွဲ့အနေနဲ့ လမ်းပိတ်ရင်တော့ ပိတ်တဲ့နေရာကို လူအင်အားထည့် ပြီး ယာဉ်ကြောရှင်းပေးမှာ ဖြစ်ပါ တယ်ဟု ကမ္ဘောတိုင်းသို့ ပြော သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ ပတ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ် ငန်းကို ဘဏ္ဍာရေးနှစ်အလိုက် အပိုင်း ၃ ပိုင်း ခွဲ၍ ဆောင်ရွက်နေခြင်းဖြစ် ပြီး ယခု ဆောင်ရွက်နေသော အပိုင်း (၂) ဖြစ်သည့် နဂါးပွက်လမ်းဆုံမှ ဝါးပြားလမ်းဆုံအထိ လမ်းအရှည် ၁ ဒသမ ၈ မိုင် ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့် မြှင့်တင် ဆောင်ရွက်နေခြင်း ဖြစ် ကြောင်း သိရသည်။
.
တောင်ကြီးမြို့ရှိ အဓိကလမ်းမ ကြီး ၃ ခုဖြစ်သော ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ အရှေ့မြို့ပတ်လမ်း၊ အ နောက်မြို့ပတ်လမ်းများအနက် အ နောက်မြို့ပတ်လမ်းသည် ကုန်တင် ယာဉ်ကြီးများ၊ တွဲယာဉ်များ ဖြတ် သန်းမောင်းနှင်ရာ လမ်းဖြစ်ပြီး တစ် နှစ်ထက်တစ်နှစ် လူဦးရေ ထူထပ် များပြားလာခြင်းကြောင့် အိမ်စီးမော် တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် အမြဲ ပြည့်ကြပ်နေပြီး ယာဉ်ကြော ကြပ်တည်းမှုများ ဖြစ်ပေါ်နေလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About