တောင်ကြီးတက္ကသိုလ်တွင် ဒုတိယအကြိမ် ကျောင်းသင်္ကြန် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 22, 2020

တောင်ကြီးတက္ကသိုလ်တွင် ဒုတိယအကြိမ် ကျောင်းသင်္ကြန် ပြုလုပ်မည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ရှိ တောင်ကြီးတက္ကသိုလ်တွင် လာမည့် မတ်လ ၆ ရက်၌ ဒုတိယ အကြိမ် တက္ကသိုလ်ကျောင်း သင်္ကြန် ပွဲတော် ကျင်းပပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။
.

.
လက်ရှိကတော့ လျာထား တုန်း ရှိသေးတယ်။ အစိုးရဌာနရုံးကတော့ တရားဝင်ခွင့်မပြုသေးဘူး။ ပါမောက္ခ ချုပ်ကတော့ ခွင့်ပြုပြီးပြီ။ သင်္ကြန် ယိမ်းတွေ၊ ခေတ်ပေါ်အကတွေပါ မယ်။ အဆိုတော်တွေကိုတော့ လက် ရှိမှာ ချိတ်ထားတုန်းဆိုတော့အတိ အကျ ပြောလို့မရသေးပါဘူး” ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသား များသမဂ္ဂဥက္ကဋ္ဌ မအိအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တက္ကသိုလ်ကျောင်း သင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအ တွက် ဖေဖော်ဝါရီလဆန်းမှ စတင်၍ ပြင်ဆင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပွဲတော်တွင် ယိမ်းအက အလှပြိုင်ပွဲ၊ ကျောင်းတွင်းအဆိုဝါသနာရှင်များ ၏ သီဆိုဖျော်ဖြေမှုများကိုလည်း ထည့်သွင်း တင်ဆက်သွားမည်ဖြစ် ကြောင်း သိရသည်။
.
တောင်ကြီး တက္ကသိုလ်တွင် နေ့သင်တန်း တက်ရောက်နေသူ ကျောင်းသား/သူ စုစုပေါင်း ၈၀၀၀ ကျော် ရှိနေကျောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About