တောင်ကြီးမြို့မဈေးအနီးတွင် မြေအောက်ဖြတ်လမ်း တည်ဆောက်ရန်အတွက် ရှမ်းအစိုးရသို့ တင်ပြထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

တောင်ကြီးမြို့မဈေးအနီးတွင် မြေအောက်ဖြတ်လမ်း တည်ဆောက်ရန်အတွက် ရှမ်းအစိုးရသို့ တင်ပြထား


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့ရှိ မြို့မစျေး အနီးတစ်ဝိုက်တွင် အများပြည်သူ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းစွာ လမ်းဖြတ် ကူးနိုင်ရေးအတွက် မြေအောက် ဖြတ်လမ်း (Under Pass) တည် ဆောက်သွားမည် ဖြစ်ပြီး ထိုသို့ တည်ဆောက်နိုင်ရန်အတွက် ရှမ်း ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထား ကြောင်း သိရသည်။
.

.
အဆိုပါနေရာတွင် မူလက လူ ကူးဂုံးကျော်တံတား တည်ဆောက် ရန် စတင်လျာထားခဲ့သော်လည်း မြေပြင် အခြေအနေအရ မြေအောက် ဖြတ်လမ်း (Under Pass) အဖြစ် ပြောင်းလဲ တည်ဆောက်သွားရန် လျာထားခဲ့ခြင်းဖြစ်သည်။

.
“ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ အစိုးရအဖွဲ့က စာမထွက်သေးပါဘူး။ မြေအောက် ဖြတ်လမ်း (Under Pass) အစီအ စဉ်ကို တင်ပြထားပါတယ်” ဟု မြေ အောက်ဖြတ်လမ်း တည်ဆောက် ရေးကော်မတီအဖွဲ့ဝင် ရှမ်းပြည်နယ် လမ်းဦးစီးဌာနမှ ပြည်နယ်ညွှန်ကြား ရေးမှူး ဦးကျော်သီဟက ပြောသည်။
.
မြို့တော်၏ အချက်အခြာကျပြီး လူနှင့် ယာဉ်သွားလာမှု အရှုပ်ထွေး ဆုံး နေရာဖြစ်သော မြို့မစျေးအနီး တစ်ဝိုက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးစေရန်နှင့် အများပြည်သူ အန္တရာယ် ကင်းရှင်းစွာ ဖြတ်ကူးနိုင် ရန် ရည်ရွယ်၍ လူကူးမြေအောက် ဖြတ်လမ်း တည်ဆောက်ရန် စီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် (၁၆) ကြိမ်မြောက် ပုံ မှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ကလောမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးသန်းထိုက် က တောင်ကြီးမြို့လယ် လူကူးဂုံး ကျော်တံတား တည်ဆောက်ပေး မည့် အစီအစဉ်နှင့် ပတ်သက်၍ မေးခွန်းမေးမြန်းမှုကို ပြည်နယ်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲ ထွေးက ခုံးကျော် တံတား အစား မြေအောက်ဖြတ်လမ်း Underpass ဆောင်ရွက်ပေးပါက အသင့်တော် ဆုံး ဖြစ်သည့်အတွက် မြေအောက် ဖြတ်လမ်းအား ၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ ခြင်း ဖြစ်သည်။
.
မြေအောက်ဖြတ်လမ်း Under pass တည်ဆောက်ပါက အတက်/ အဆင်း လွယ်ကူခြင်း၊ Ramp လမ်း နယ် အနည်းငယ်သာ လိုအပ်ခြင်း၊ ခေတ်မီလှပသော ပုံစံ ဖြစ်ခြင်း၊ Wheel Chair အသုံးပြုရသူများ အ ဆင်ပြေခြင်း၊ Vertical Clearance အနည်းငယ်သာ လိုအပ်ခြင်း၊ လူ မြင်ကွင်းတွင် နေရာအဟန့်အတား မဖြစ်နိုင်စေခြင်း၊ အနာဂတ်အစီစဉ် များအတွက် အထောက်အကူ ဖြစ် စေနိုင်ခြင်း စသည့် အားသာချက် များကြောင့် လူကူးခုံးကျော်တံတား အစား မြေအောက်ဖြတ်လမ်း Under pass သာ တည်ဆောက်ရန် စီစဉ်ရ ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မြေအောက်ဖြတ်လမ်း Underpass တည်ဆောက်နိုင်ရန် Asia Light Market မှ မြို့မစျေး ညစျေး၊ City Square ဝင်ပေါက်မှ မြို့မစျေး၊ Oppo မိုဘိုင်းဖုန်းဆိုင် (City Square)မှ မြို့မစျေး ကမ္ဘောဇ ဘဏ်ခွဲ၊ ရေထွက်ဦး လမ်းထိပ်မှ မြို့မစျေးနေရာတို့အား လျာထား ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About