ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ စည်ပင် အမှုဆောင်အရာရှိအား အရေးယူပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထား - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Wednesday, February 26, 2020

ဗုဒ္ဓရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ စည်ပင် အမှုဆောင်အရာရှိအား အရေးယူပေးရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထား


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ ပြည်တော် အေးလမ်း၊ အောင်မြေဘုံစံ သာမ ဏေကျော် ကျောင်းတိုက်နှင့် ရှမ်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်များ ဖျက်ဆီးခံရ မှုနှင့် ပတ်သက်၍ ဖျက်ဆီးရန် ညွှန် ကြားသူ တောင်ကြီးမြို့နယ် စည် ပင်သာယာရေးဌာနမှ အမှုဆောင် အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများအား အရေးယူပေးရန် အောင်မြေဘုံစံ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တ ခေမာနန္ဒက ရှမ်းပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာလင်းထွဋ်ထံ မေတ္တာ ရပ်ခံတင်ပြထားသည်ဟု သိရသည်။
.
 
.
ယင်း မေတ္တာရပ်ခံ တင်ပြစာ တွင် တောင်ကြီးမြို့နယ် စည်ပင်သာ ယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကို၏ ဖောက်လွှဲဖောက်ပြန် ပြုလုပ်မှုများ၊ အစိုးရနှင့် ပြည်သူ ကြည်ဖြူမှု မရှိအောင် လုပ်ဆောင်နေ ခြင်းများကို ဆရာတော် အနေဖြင့် အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင် ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခု ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးခြင်း သည် အောက်ခြေဝန်ထမ်းများက မည်သို့ပင် ဆောင်ရွက်စေကာမူ တာ ဝန်အရှိဆုံးပုဂ္ဂိုလ် ဦးအေးကို၏ ခိုင်း စေချက်သာ ဖြစ်သည့်အတွက် ဆိုး ရွားသည့် လုပ်ရပ်ဖြစ်ကြောင်းဖော်ပြ ပါရှိသည်။
.
မေတ္တာရပ်ခံ တင်ပြစာကို ရှမ်း ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်ထံ လိပ် မူ ပေးပို့ထားပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ ရှမ်း ပြည်နယ် အစိုးအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် ရှမ်းပြည်နယ်ရဲ တပ် ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုတို့အား မိတ္တူပေးပို့ တင်ပြထားကြောင်း သိရ သည်။
.
“၈၈ တောင်ကြီးမြို့မှာ xxxx အရေးအခင်း ဖြစ်တာ ဘုန်းကြီးနဲ့ ဖြစ်တာပါ။ ဘုန်းကြီးရဲ့ ကိုရင်လေး ကို စော်ကားလို့ ဖြစ်တာပေါ့။ အဲဒီက နေပြီး ဒီနေ့ ဒီမိုကရေစီ ရရှိရေး ဒို့အ ရေး ဖြစ်လာတာပါပဲ။ ကိုရင်လေးထိ တာတောင် မခံတဲ့ ရဟန်းတစ်ပါးက ဘုရားကိုထိရင် ဘယ်လောက်ထိ ခံ စားရလဲဆိုတာ အားလုံးသိစေချင် တာပါဟု အောင်မြေဘုံစံကျောင်း တိုက်မှ ၈၈၈၈ ဆရာတော်ဘဒ္ဒန္တ ခေမာနန္ဒက ကမ္ဘောဇတိုင်းသို့ မိန့် ကြားခဲ့သည်။
.
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးဖယ်ရှားခံရမှုနှင့် ပတ်သက် ၍ အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက် ဂေါပကအဖွဲ့မှလည်း စည်ပင်သာယာရေးဌာန အမှုဆောင် အရာရှိနှင့် တာဝန်ရှိသူများအား တောင်ကြီး မြို့မရဲစခန်းတွင် ရာဇ သတ်ကြီးဥပဒေပုဒ်မ ၂၉၅ ဖြင့် အ မှုဖွင့် တိုင်တန်းထားကြောင်း သိရ သည်။
.
“ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အ မြတ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်တွေ ကို ဖျက်ဆီးဖယ်ရှားတာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိပါဘူး။ ဒါနဲ့ပတ်သက်လို့ ဆရာတော်၊ သံ ဃာတော်တွေကလည်း အလွန်အ မင်း စိတ်မကောင်းဖြစ်နေရတယ်လို့ သိရပါတယ်။ ဒါကြောင့် ဂေါပကအ ဖွဲ့အနေနဲ့ ကျူးလွန်တဲ့ စည်ပင်သာ ယာဌာနက တာဝန်ရှိသူတွေကို တ ရားစွဲဆိုခဲ့တာဖြစ်ပါတယ်ဟု အောင် မြေဘုံစံ သာမဏေကျော်ကျောင်း တိုက် ဂေါပကအဖွဲ့ဝင် တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စိန်ပန်းရပ်ကွက်၊ အောင်မြေ ဘုံစံ ရှင်သာမဏေကျော် ကျောင်း တိုက်အတွင်းရှိ မဟာဗောဓိပင် ပလ္လင်ခွေ၌ ကိန်းဝပ်စံပယ်တော်မူ သည့် ဗုဒ္ဓမြတ်စွာဘုရားရုပ်ပွားတော် ဆင်းတုတော်များအား ဖေဖော်ဝါရီ လ ၂၀ ရက်၊ နံနက်ပိုင်းက တောင် ကြီးမြို့နယ် စည်ပင်သာယာရေးဌာ နမှ ဝန်ထမ်းအိမ်ရာ တည်ဆောက် ရန်အတွက် ဖယ်ရှားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
ထိုသို့ ရုပ်ပွားတော်များ ဖယ် ရှားခဲ့ရခြင်းနှင့် ပတ်သက်၍ ယင်း နေ့ နံနက်ပိုင်းက အောင်မြေဘုံစံ သာမဏေကျော် ကျောင်းတိုက်မှ သံဃာများမှ ဗုဒ္ဓရုပ်ပွားတော်များကို ဖျက်ဆီးသည့် စည်ပင်သာယာရေး ဌာနကို အရေးယူပေး၊ သာသနာ တော် ဖျက်ဆီးသူများ အလိုမရှိ စာ သားများပါဝင်သည့် စာရွက်များ ကိုင်ဆောင်ကာ ကန့်ကွက်ဆန္ဒဖော် ထုတ်ခဲ့ပြီးနောက် ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦး ကိုကိုလွင်တို့က ဗုဒ္ဓရုပ်ပွားတော် များကို မူလအတိုင်း ပြန်တည်ပြီး မြေ ရာဇဝင်ကို ပြန်လည်စစ်ဆေးကာ သာသနာတော် မညိုးနွမ်းစေရေး အ တွက် အလေးထား  အဆင်ပြေအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  လာရောက်ညှိနှိုင်း လျှောက်ထားခဲ့ သည့်အတွက် ကန့်ကွက်မှုကို ရပ် နားခဲ့ကြောင်း သိရသည်။
.
ဖယ်ရှားခံရသည့် ရုပ်ပွားတော် များမှာ လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်မှ စတင်၍ ရဟန်း သံဃာများနှင့် အ များပြည်သူ ကောင်းမှုဖြင့် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြေ နေရာတွင် ယခင် စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦး သောင်းစိန်က ဆရာတော်၏ သာသ နာပြုလုပ်ငန်းများ မလုပ်ဆောင်မီ စည်ပင်သာယာဌာနမှ ဝန်ထမ်းများ အား ခေတ္တ နေထိုင်ခွင့် ပြုရန် လာ ရောက်လျှောက်ထားသည့် အတွက် ဆရာတော်က ခွင့်ပြုခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.
" မြေ ပိုင်ဆိုင်တာကို ဘာမှ မ ပြောလိုဘူး၊ အားလုံးကို အစိုးရကပဲ ပိုင်ဆိုင်တာ၊ အတု မရှိတဲ့ ဘုရားကို အဂါရဝ ဖြစ်အောင် ပြုမူလို့ ဖြစ်တာ။  ကိုရင်လေး ထိတာတောင် မခံတဲ့ ရဟန်း တစ်ပါး အနေနဲ့ သာသနာ ညှိုးနွမ်းအောင် လုပ်ဆောင်တာကို ဒီအတိုင်း ထိုင်ကြည့် မနေနိုင်ဘူး၊ အခု ဘုရား ဖျက်တာကိုလည်း အစိုးရ ကလည်း မသိဘူးလို့ ထင်ပါတယ်။ စည်ပင်ကပဲ လုပ်နေကြတာပါ။ ”ဟု အောင်မြေဘုံစံ ကျောင်းတိုက် မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တခေမာနန္ဒ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားသည်။
.
ထို့အတူ တောင်​ကြီးမြို့နယ်​ စည်​ပင်​သာယာ​ရေး အမှုဆောင်​ အ ရာရှိ ဦး​အေးကိုက ယင်းမြေနေရာ သည် စည်​ပင်​ပိုင်​​မြေ ဖြစ်​ကာ ဝန် ထမ်​း အိမ်​ရာ တည်​​ဆောက်​ရန်​ အစိုးရ ဘတ်​ဂျက်​ ကျပြီးသား ဖြစ်ပြီး တင်​ဒါ​ ခေါ်ယူ ဖိတ်​​ခေါ်​သော်​လည်​း တင်​ဒါ ​လျောက်​သူ​ မရှိသည့်အတွက်​ ဌာနအ​နေနှင့်​ ဆက်​လက်​၍ လုပ် ဆောင်​ သွားမည်ဟု​ ခမ်းသားငေါဝ်း မီဒီယာသို့ ပြောဆိုထားကြောင်း သိ ရသည်။
.
ယင်းကဲ့သို့ ဗုဒ္ဓရုပ်ပွားတော် များ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ စိန်ပန်းရပ်ကွက် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်၊ သီ ရိမင်္ဂလာရွှေမန်း ပရိယတ္တိစာသင် တိုက်ဆရာတော် ဘဒ္ဒန္တ ဝိလာသဂ္ဂ က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ကန့် ကွက်ကြောင်း တင်ပြထားပြီး ရှမ်း ပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှလည်း ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန် ကြေညာ ထားသည်။
.
တောင်ကြီမြို့နယ် စည်ပင်သာ ယာရေးဌာနမှ ဝန်ထမ်း အိမ်ရာ တည်ဆောက်ရန်အတွက် ဖယ်ရှား ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည့် အဆို ပါနေရာတွင် မဟာဗောဓိညောင်ပင် ၌ ပလ္လင်ခွေဖြင့် ဗုဒ္ဓရုပ်ပွားတော် ၅ ဆူ စံပယ်တော်မူလျက် ရှိပြီး အနီး တွင် စည်ပင်သာယာ ဝန်ထမ်းများ ၏ တဲအိမ်များ ရှိနေသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)