စူဠာမုနိစေတီ တောင်ဘက်မုခ် အနီးရှိ ကမ္ဗည်းပြားတွင် စာသား မှားယွင်းနေမှုအား သမိုင်းအမှန်နှင့် စာလုံးပေါင်း အမှန် အဖြစ် ပြန်လည် ပြင်ဆင်ရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

စူဠာမုနိစေတီ တောင်ဘက်မုခ် အနီးရှိ ကမ္ဗည်းပြားတွင် စာသား မှားယွင်းနေမှုအား သမိုင်းအမှန်နှင့် စာလုံးပေါင်း အမှန် အဖြစ် ပြန်လည် ပြင်ဆင်ရန် လိုအပ်နေ


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော် တောင် ဘက် မုခ်ဦးအနီးတွင် ရေးထိုးထား သော စတီးလ်ကမ္ဗည်း၌ ဆရာတော် ကြီးများ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် စာသား မှားယွင်း နေမှုအား သမိုင်းအမှန်နှင့် စာလုံး ပေါင်း အမှန်အဖြစ် ပြန်လည် ပြင် ဆင်ရန် လိုအပ်ကြောင်း တောင်ကြီး ဒေသခံ ဆရာတော်တစ်ပါး၏ မိန့် ကြားချက်အရ သိရသည်။
.
 
.
“တောင်ကြီးမြို့ရဲ့ ကျက်သရေ ဆောင် စူဠာမုနိ စေတီတော်ကြီးမှာ ရေးထိုးထားတဲ့ စတီးလ် ကမ္ဗည်းမှာ သမိုင်းအမှန်နဲ့ စာလုံးပေါင်း အမှန် ဖြစ်စေချင်တယ်။ တခြား ပြည်နယ်နဲ့ တိုင်းတွေက ဆရာတော်တွေ ကြွ ရောက်လာရင် ရှမ်းပြည်က သံဃာ တွေကို အထင်အမြင် သေးသွား တာမျိုးတွေ ဖြစ်နိုင်တယ်၊ အမြန် ဆုံး ပြင်ဖို့ လိုအပ်တယ်။ ” ဟု တောင် ကြီးမြို့ခံ  ဆရာတော် တစ်ပါးက မိန့်ကြားခဲ့ခြင်း ဖြစ်သည်။        
.
အဆိုပါ ကမ္ဗည်းပြား၏ အပိုဒ် (၉) ဆုတောင်းပတ္တနာ အပိုဒ်တွင် ပါရှိသော ကန်ကြီးပရိယတ္တိဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလာဘိဝံသနှင့် ပင်းတယမြို့၊ ကုံလုံ ကျောင်းတိုက် အဘိဓဇအဂ္ဂမ ဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ တေဇနိယဟု ရေးထိုးထားခြင်း ဖြစ် ပြီး ဆရာတော်ကြီးများ၏ သာသ နာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် အမှန်မှာ “အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက”သာ ဖြစ်ပြီး နောက်ဆုံးမှ “ဓဇ” ပါဝင်ခြင်း မရှိဘဲ မှားယွင်း ရေးထိုးထားခြင်း ဖြစ်ကြောင်း သိ ရသည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စူ ဠာမုနိ လောကချမ်းသာစေတီတော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးသူ ရစောသိန်း က “သတိမထားမိဘူး။ ကြည့်ပြင်လိုက်ပါ့မယ်”ဟု ကမ္ဘောဇ တိုင်းသို့ ပြောဆိုခဲ့သည်။
.
စူဠာမုနိလောကချမ်းသာ စေတီ တော်သို့ လာရောက်ဖူးမြော်သော ဘုရားဖူးလာဧည့်သည်များ အဆင် ပြေစေရန်နှင့် အနားယူအပန်းဖြေ နိုင်ရန် ရည်ရွယ်၍ ဘုရားရင်ပြင်တော် တွင် ပန်းဥယျဉ်ငယ်များကို တည် ဆောက်ပေးထားပြီး အများသုံး သန့် စင်ခန်းကိုလည်း အခမဲ့စနစ်ဖြင့် အ သုံးပြုခွင့် ပေးထားကြောင်း သိရ သည်။
.
တောင်ကြီးမြို့၊ စူဠာမုနိလောက ချမ်းသာစေတီတော်ကို ၁၉၉၄ ခုနှစ် မှ စတင်၍ ရွှေပန္နက်တင် စတင် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ပြီး ပုဂံမြို့ရှိ ကျန်စစ်သားမင်း တည်ထား ကိုးကွယ်ခဲ့သော အာနန္ဒာ စေတီ တော်၏ ပုံစံတူအတိုင်း တည်ထား ကိုးကွယ်ထားခြင်း ဖြစ်ကြောင်း သိ ရသည်။
.
တောင်ကြီးမြို့ရှိ စူဠာမုနိစေတီ တော်အပါအဝင် ရွှေဘုန်းပွင့် စေတီ တော်၊ မြစိမ်းတောင်ဘုရား၊ ရွှေမုဋ္ဌော စေတီတော်၊ ပတ္တမြားလိုဏ်ဂူ စသည့် ဘုရားစေတီများ၌ နေ့စဉ်ဘုရားဖူး လာ ဧည့်သည်များနှင့် စည်ကား လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About