တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံမီးပွိုင့် အနီးရှိ မီးတိုင်များတွင် တပ်ဆင်ထားသော ခလုတ်များ ဖျက်ဆီးခံနေရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 15, 2020

တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံမီးပွိုင့် အနီးရှိ မီးတိုင်များတွင် တပ်ဆင်ထားသော ခလုတ်များ ဖျက်ဆီးခံနေရ


ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ မီးပွိုင့်အနီးရှိ လျှပ် စစ်မီးတိုင်များတွင် တပ်ဆင်ထား သော မီးခလုတ်များ မကြာခဏဖျက် ဆီးခံနေရသည်ဟု ဒေသခံများထံ က သိရသည်။
.
.
အဆိုပါ မီးပွိုင့်အနီး ဂနိုင်ကန် ဘက်ခြမ်းရှိ လျှပ်စစ်မီးတိုင် ၂ တိုင် နှင့် အနောက်ဘက် ချမ်းသာရပ် ကွက်အခြမ်းရှိ လျှပ်စစ်မီးတိုင် ၁ တိုင်တို့မှာ အောက်ခြေတွင် အဖွင့် /အပိတ် မီးခလုတ်များ တပ်ဆင် ထားပြီး ရပ်ကွက်နေပြည်သူများ ကိုယ်တိုင် အလျဉ်းသင့်သလို အ ဖွင့်/အပိတ် ပြုလုပ်ပေးနေခြင်း ဖြစ် ကြောင်း သိရသည်။
.
“အဲဒီ လမ်းမီးတိုင်တွေက ကျွန် တော်တို့ ရပ်ကွက်ထဲကလူတွေ အ ဖွင့်အပိတ်လုပ်ရတာပါ။ ညနေမှောင် တာနဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် မီးဖွင့်ပေါ့။ အခု ချမ်းသာရပ်ကွက် ဘက်ခြမ်းက မီးတိုင်မှာ တပ်ဆင် ထားတဲ့ ခလုတ်ကို တမင်သက်သက် ဖြတ်သွားကြတာပါ” ဟု ဝါးပြားလမ်း ဆုံအနီး နေထိုင်သူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အနောက်မြို့ပတ်လမ်း၊ ဝါးပြား လမ်းဆုံနေရာတွင် ညနေပိုင်းနှင့် ညဦးပိုင်းအချိန်များ၌ ယာဉ်ကြော ရှုပ်ထွေးမှု အမြဲဖြစ်ပေါ်လျက်ရှိပြီး ယာဉ်တိုက်မှုလည်း မကြာခဏ ဖြစ် ပွားတတ်သည့်အတွက် လမ်းမီးများ ပြတ်တောက်နေပါက ယာဉ်အန္တ ရာယ်၊ လမ်းအန္တရာယ် ဖြစ်ပေါ်စေ နိုင်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
ညပိုင်းတွင် လမ်းမီးပြတ် တောက်နေပါက ယာဉ်တိုက်မှု ဖြစ် ပွားပြီး ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း နှင့် အခြားသော ဒုစရိုက်မှုများ ကျူး လွန်ရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်စေနိုင်သည့်အတွက် လမ်းမီး တိုင်မှ မီးခလုတ်များအား ဖျက်ဆီး ခြင်းမပြုရန် လိုအပ်ပြီး သက်ဆိုင် ရာ တာဝန်ရှိ ဌာနဆိုင်ရာများအ နေဖြင့်လည်း ကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း က အဆိုပါ ဝါးပြားလမ်းဆုံမီးပွိုင့်အနီးတွင် ဘက်ထရီဆိုင်တစ်ဆိုင်နှင့် ဖုန်းပြုပြင်ရေးဆိုင်တို့ ခိုးယူဖောက် ထွင်းခံရမှု ဖြစ်ပွားခဲ့ဖူးပြီး ဖုန်းပြင် ဆိုင်မှ လက်ကိုင်ဖုန်း ၃ လုံး ခိုးယူခံ ခဲ့ရကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About