နှစ်စဉ်ကျင်းပမြဲ ဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပမည် မဟုတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

နှစ်စဉ်ကျင်းပမြဲ ဖြစ်သော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို တောင်ကြီးမြို့တွင် ကျင်းပမည် မဟုတ်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယ ခုနှစ်တွင် ကျင်းပနိုင်မည် မဟုတ်ဘဲ ဌာနဆိုင်ရာများ စုပေါင်းထမနဲထိုး ပွဲသာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
 
.
“ထမနဲထိုးပြိုင်ပွဲ မလုပ်ဖြစ်ပါဘူး။ စုပေါင်းထမနဲထိုးပွဲတော့ လုပ် မယ်။ ရပ်ကွက်တွေကို မဖိတ်တော့ ဘူး။ ဌာနတွေပဲ စုပေါင်းထိုးပြီး ဘုန်း ကြီးကျောင်းကို သွားလှူမှာဖြစ်ပါ တယ်။ ပုံမှန်အားဖြင့် ထမနဲထိုး ပြိုင် ပွဲက တပို့ တွဲလပြည့် အဖိတ်နေ့မှာ လုပ်တာဖြစ်တယ်။ ဒီနှစ်ကရှမ်း ပြည်နယ်နေ့နဲ့ တိုက်ဆိုင်နေတဲ့အ တွက် သမ္မတခရီးစဉ်လည်း ရှိနေ တော့ လုပ်ဖို့အဆင်မပြေဘူး။နောက် နှစ်တွေတော့ ပုံမှန်အတိုင်း လုပ် သွားမှာ ဖြစ်ပါတယ်” ဟု ရှမ်းပြည် နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှု ရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
စုပေါင်းထမနဲထိုး ပွဲတော်ကို တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဟောင်းတွင် ဖေဖော်ဝါရီလ ၂ ရက်၌ ကျင်းပပြုလုပ်သွားမည်ဖြစ် ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ န၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လမ်းဦးစီး ဌာန၊ သစ်တောဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာ န၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ပညာရေး ဌာန၊ တက္ကသိုလ်/ ကောလိပ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင် ရာဦးစီးမှူးရုံး၊ စည်ပင် သာယာရေးဌာနစသည့် ဌာနများ စုပေါင်း ထမနဲထိုးပြီး တောင်ကြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆက်ကပ်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
.
၂၀၂၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ တွင် ကျင်းပရာ ပွဲကျင်းပရေး ဦးစီး ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အ စိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့သည်။
.
ထို့နောက် မြန်မာ့ရိုးရာ စုပေါင်း ထမနဲထိုးပွဲ ကျင်းပရေး ဦးစီးကော် မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာ ဝန်များ ရှင်းလင်းဆွေးနွေးပြီး တက် ရောက်လာကြသော လုပ်ငန်းကော် မတီ ၁၀ ခုနှင့်အစည်းအဝေး တက် ရောက်လာသူများက အထွေထွေ ဆွေးနွေးခဲ့ပြီး ပြည်နယ်လူမှုရေးဝန် ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိ ရသည်။
.
တောင်ကြီးမြို့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲများကို အဝေရာ ကုန်းသာ ယာ မီးပုံးပျံကွင်းနှင့် ကျောက်တိုင် ကွင်းတို့တွင် ၂၀၀၇ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယ ခုနှစ် စုပေါင်းထမနဲထိုး ပွဲတော်ကို ၁၄ ကြိမ်မြောက်အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About