သမ္မတ ဘာတွေ ပြောခဲ့လဲ - Kanbawza Tai News

Breaking

Boxed(True/False)

Friday, February 14, 2020

သမ္မတ ဘာတွေ ပြောခဲ့လဲ


ကမ္ဘောဇတိုင်း
.
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီး များ၊ တာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီလ ၆ ရက်က တပ်မတော် အထူးလေယာဉ်ဖြင့် နေ ပြည်တော်မှ ဟဲဟိုးမြို့သို့ ရောက်ရှိလာခဲ့ပြီး  ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် မြို့မိမြို့ဖ များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
.

 ဝန်ထမ်းများ အားလုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း

.
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေး
.
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အစိုးရအနေဖြင့် ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက် မည်ဟု သန္နိဋ္ဌာန် ချမှတ်ဆောင်ရွက်လျက်ရှိ ပြီး တောင်တန်း၊ မြေပြန့်မခွဲခြားဘဲ ဒီမိုကရေစီ အခွင့်အရေးများ ရရှိစေရန် ပင်လုံစာချုပ်တွင် ပါရှိသကဲ့သို့ နိုင်ငံတော် အစိုးရကလည်း နိုင်ငံ တော် တည်ဆောက်မည်ဟု မူဝါဒချမှတ်ထား ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ခြင်း အားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အား လုံးသည် တန်းတူညီမျှသည့် အခွင့်အရေးများ ရရှိမည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးတို့တွင် တန်းတူညီမျှသည့် အခွင့် အရေးများ ရရှိမည်ဖြစ်သည့်အပြင် တိုင်းရင်း သားများအားလုံး အဆင့်အတန်း တူညီမျှတမှု၊ အခွင့်အလမ်း တူညီမျှတမှု၊ တရားဥပဒေ အ ညီအမျှ ရရှိမှုများ ရရှိမည် ဖြစ်ပါကြောင်း ပြော ဆိုခဲ့သည်။
.
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေး
.
ထို့အပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တ ရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်တွင် ပါဝင်တာ ဝန်ထမ်းဆောင်နေကြသူများ အနေဖြင့် တိုင်း ရင်းသားများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဘက်လိုက်မှုကင်းပြီး ဥပဒေနှင့်အညီ တရားမျှ တသော စီမံဆောင်ရွက်မှု၊ စီမံခန့်ခွဲမှုမျိုးကို လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ဒီမိုကရေ စီ အခွင့်အရေးရှိမှ လူ့အခွင့်အရေး ခံစားခွင့်ရ ရှိမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ရှိမည်ဖြစ် ပါကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရလျှင် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပြီး တရားဥပဒေ မဲ့လာမည်ဖြစ်ပါကြောင်း၊ တရားဥပ ဒေစိုးမိုးမှု မရှိပါက လူ့အခွင့်အရေး ချိုးဖောက် ခံရမည်ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အရေးလည်း ဆိတ်သုဉ်းသွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်း သားများအားလုံး ဒီမိုကရေစီအခွင့်အရေး ရရှိ ပြီးလျှင် သံသယများ၊ စိတ်ဝမ်းကွဲပြားမှုများ လျော့နည်း ပပျောက်လာမည်ဖြစ်ပြီး မိမိတို့ လိုလားတောင့်တနေသော ပြည်တွင်းငြိမ်းချမ်း ရေးကို ရရှိမည်ဖြစ်ပါကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။
.
ပြည်ထောင်စု၏ အလှတရား
.
မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံဖြစ်ပြီး တိုင်း ရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း ကွဲပြားမှုများကို ပြည်ထောင်စု၏ အလှတရားအဖြစ် ခံယူ၍ အ တွေးအခေါ်၊ အယူအဆ ကွဲပြားမှုများကို ညှိ နှိုင်းပေါင်းစပ်ပြီး အင်အားအဖြစ် စုစည်းနိုင်မည် ဆိုပါက ပြည်ထောင်စုကြီးသည် ငြိမ်းချမ်းသာ ယာပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် တိုင်းရင်းသားများ ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းများကို မပျောက်ပျက်အောင် ထိန်း သိမ်းရန်၊ ခေတ်နှင့်အညီ မြှင့်တင်ရန်နှင့် ရေ ရှည် တည်တံ့ခိုင်မြဲအောင် ပြုစုပျိုးထောင်နိုင် ရန် အားပေးနေပါကြောင်း၊ မိမိပြည်နယ်/ဒေသ အတွက် အကျိုးရှိမည် ဆိုပါကမည်သူ၏ အ တွေးအခေါ်၊ အယူအဆ၊ သဘောထားမဆို ကောင်းမွန်ပါက လက်ခံရမည်ဖြစ်ပါကြောင်း၊ မတူညီ ဘဲအယူအဆ၊ ကွဲပြားနေသည့် သဘော ထားများကိုညှိနှိုင်း ပေါင်းစပ်ပြီး မိမိပြည်နယ်၊ မိမိဒေသအတွက် အကျိုးရှိအောင် ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အ နေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးရန် မူဝါဒချမှတ်ထားကြောင်း၊ အား လုံးဖွံ့ဖြိုးတိုးတက်မှ အားလုံး တည်ငြိမ်အေး ချမ်းမည် ဖြစ်ပါကြောင်း ပြောသည်။
.
ဒီမိုကရေစီ နှင့် မဏ္ဍိုင် ၃ ရပ်
.
ထို့အပြင် ဥပဒေပြုရေးအပိုင်းတွင် မိမိတို့ ပြည်နယ်နှင့် ဆီလျော်သည့် ဥပဒေ၊ တည်ဆဲ ဥပဒေများနှင့် ဆီလျော်ညီညွတ်မှုရှိသည့် ဥပ ဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင် သည့် ဥပဒေမျိုးဖြစ်ရန် လိုအပ်ပါကြောင်း၊ မေး ခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း များ ဆောင်ရွက်ရာတွင်လည်း လွှတ်တော်ဥပ ဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ အ တိုင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တရား စီရင်ရေး အပိုင်းတွင်လည်း လွတ်လပ်သည့် တ ရားစီရင်ခွင့် ပေးအပ်ထားပါကြောင်း၊ တရားစီ ရင်ရေး အပိုင်းကို အုပ်ချုပ်ရေးအပိုင်းနှင့် ဥပ ဒေပြုရေးအပိုင်းတို့က ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အပြန်အလှန်စောင့်ကြည့်ထိန်းကျောင်း ခြင်းကိုသာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် တိုင်းပြည်ပြုပြင်ပြောင်း လဲရေး လုပ်ငန်းများအတွက် မိမိကိုယ်မိမိမည် မျှပြောင်းလဲနိုင်သည်ကို ပြန်လည်ဆန်းစစ် သုံး သပ်ရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ အားလုံးအနေဖြင့် တာဝန်ထမ်း ဆောင်ရာတွင် တရားမျှတမှုရှိအောင် ဆောင် ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ တရားမျှတ သည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်မှ ဒီ မိုကရေစီ တည်တံ့မည်ဖြစ်ပါကြောင်း ဆက် လက်ပြောဆိုခဲ့သည်။
.
တက်ညီလက်ညီ
.
ဆက်လက်ပြီးနိုင်ငံတော်သမ္မတက ဒီမိုက ရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည် ဆောက်ရေးပြီးမြောက် အောင်မြင်အောင် မိမိ တို့အားလုံး တက်ညီလက်ညီ စည်းစည်းလုံး လုံး ညီညီညွတ်ညွတ် ဆောင်ရွက်သွားကြရန် တိုက်တွန်း မေတ္တာရပ်ခံပါကြောင်းပြောကြား ခဲ့သည်။
.
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ သည် တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး ယင်းနေ့ မွန်းလွဲ ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်များဖြင့် အ ထက် ကျိုင်းတောင်းရေအားလျှပ်စစ် စီမံကိန်း သို့ ရောက်ရှိကြရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက စီမံကိန်း ရှုရပ်၌ ကျိုင်းတောင်း ရေအားလျှပ်စစ် ဓာတ် အားပေးစက်ရုံဆိုင်ရာ အဓိကအချက်အလက် များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်မှုလျာ ထားချက်နှင့် အမှန်ထုတ်လုပ်နိုင်မှု၊ ကျိုင်း တောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ ၏ တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်၊ ပတ် ဝန်းကျင်မြို့၊ ကျေးရွာများသို့ ဓာတ်အားဖြန့် ဖြူးထားရှိမှု အခြေအနေ၊ စီမံကိန်း၏ ရည်ရွယ် ချက်၊ စီမံကိန်း ဖြစ်ပေါ်လာပုံ၊ စီမံကိန်း ဖြစ် မြောက်နိုင်စွမ်း လေ့လာခဲ့မှုအခြေအနေ၊ ငွေ လုံးငွေရင်း အသုံးစရိတ်၊ ရန်ပုံငွေ ရရှိသုံးစွဲမှု၊ အဓိကဆောင်ရွက်ရမည့် လုပ်ငန်းကြီးများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်း လင်းတင်ပြသည်။
.
နိုင်ငံတော်သမ္မတက တင်ပြချက်များနှင့် စပ်လျဉ်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့် ဖြူးရာတွင် ဒေသခံများအတွက် ဦးစားပေး ဆောင်ရွက်ပေးရန်၊ စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ ဘဏ္ဍာငွေ အလေ အလွင့် မရှိစေရေး ကြပ်မတ်ဆောင်ရွက်သွား ရန် မှာကြားခဲ့သည်။
.
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ သည် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်း ရေထိန်းတံခါးပြွန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေသွယ်ဥ မင်လှိုဏ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ သည်။
.
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အ ဖွဲ့သည် တောင်ကြီးမြို့ရှိ စူဠာမုနိလောကချမ်း သာစေတီတော်အား သွားရောက်ဖူးမြော်ကြည် ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ထို့နောက် ၇၃ ကြိမ်မြောက် ရှမ်းပြည်နယ် နေ့ အခမ်းအနား ဖေဖော်ဝါရီလ ၇ ရက်၊ နံ နက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာကုန်းသာ ယာ မီးပုံးပျံကွင်းအတွင်း ကျင်းပရာ နိုင်ငံတော် သမ္မတထံမှ ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့လာ သော သဝဏ်လွှာကို ရှမ်းပြည်နယ် အစိုးရအ ဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ဖတ်ကြားခဲ့သည်။
.
ဖေဖော်ဝါရီ ၇ ရက်
.
သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက နယ် ချဲ့ဗြိတိသျှလက်ထက် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းနေချိန်တွင် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် မြန်မာ့ လွတ်လပ်ရေးအတွက် တစ်မျိုးသားလုံး သွေးစည်းညီညွတ်စွာ ကြိုးပမ်းခဲ့ကြရာတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်းပြည်နယ်ခေါင်း ဆောင်များ၊ အခြား တောင်တန်းဒေသများမှ ခေါင်းဆောင်များ ပင်လုံမြို့တွင် တွေ့ဆုံဆွေး နွေးပြီး တောင်တန်း-ပြည်မ အတူတကွ လွတ် လပ်ရေး ရယူရေးအတွက် သဘောတူဆုံးဖြတ် ချက်ကို ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် တွင် ချမှတ်နိုင်ခဲ့ပါကြောင်း၊ ထိုသို့ တောင်တန်း -ပြည်မ မခွဲခြားဘဲ မြန်မာတစ်နိုင်ငံလုံး လွတ် လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ်နိုင် ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်ကို ရှမ်းပြည် နယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပါကြောင်း။
.
အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအရေးကို အာမခံချက် အပြည့်အဝ ပေးနိုင်သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေ
.
လွတ်လပ်ရေး ရရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုင်းရင်း သားညီအစ်ကို အချင်းချင်း ကြား စိတ်ဝမ်းကွဲ ပြားခဲ့ပြီး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွား လာခဲ့ရာ ယနေ့ထက်တိုင် အချို့သော ဒေသ များတွင် သေနတ်သံများ မစဲနိုင်သေးဘဲ ငြိမ်း ချမ်းရေးနှင့် အလှမ်းဝေးနေဆဲ ဖြစ်နေသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါကြောင်း။ ပြည်ထောင် စုကို အတူတကွ တည်ဆောက်ခဲ့ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသား ခေါင်းဆောင် ကြီးများ၏ မျှော်လင့်ချက် အိပ်မက်များကို အ ကောင်အထည်ဖော်နိုင်ရန် အမျိုးသားတန်း တူရေး၊ အမျိုးသားညီညွတ်ရေး၊ ဒီမိုကရေစီ နှင့် အခြေခံ လူ့အခွင့်အရေးများကို အာမခံ ချက် အပြည့်အဝပေးနိုင်သည့် ဖွဲ့စည်းပုံ အ ခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးကိုလည်း မျက်ခြေမပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း။
.
တောင်တန်း၊ ပြည်မ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုး တက်ရေး
.
ပြည်ထောင်စုကို အတူတကွ တည်ထောင် ခဲ့ကြသည့် မိမိတို့၏ ဘိုးဘွားမိဘ ခေါင်း ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေး ကို ရည်မှန်းလျက် ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) အ စည်းအဝေးများကို ကျင်းပလျက်ရှိပြီး ဒီမို ကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ အ များအပြားကို သဘောတူညီမှု ရရှိထားပြီး ဆက်လက်၍လည်း ငြိမ်းချမ်းမှ တည်ငြိမ်၊ တည်ငြိမ်မှ ဖွံ့ဖြိုး၊ ဖွံ့ဖြိုးမှ ခေတ်မီဆိုသည့် အတိုင်း တောင်တန်း၊ ပြည်မခွဲခြားခြင်း မရှိဘဲ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မိမိတို့အားလုံး ညီညီညွတ်ညွတ်ဖြင့် ဆက် လက်ကြိုးပမ်း အားထုတ်ရမည် ဖြစ်ပါကြောင်း။
.
ပင်လုံစိတ်ဓါတ်
.
တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အကြားတွင် ၁၉၄၇ ခုနှစ်က ပင်လုံမြို့၌ တည် ဆောက်ခဲ့သော စည်းလုံးညီညွတ်မှုမျိုး၊ နား လည်ယုံကြည်မှုမျိုး ပြန်လည်ရရှိလာမည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း။ လွန်ခဲ့သော ၇၃ နှစ်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် တိုင်း ရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်သည့် အတွက် တစ်နိုင်ငံလုံးလွတ်လပ်ရေး ရရှိခဲ့သ လို ယနေ့အချိန်တွင်လည်း တိုင်းရင်းသားအား လုံး၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် တစ်နိုင် ငံလုံး ရေရှည်တည်တံ့ခိုင်မြဲသော ထာဝရငြိမ်း ချမ်းရေးကို ရရှိမည်ဖြစ်ပါကြောင်း၊ ပြည်ထောင် စုစိတ်ဓါတ် သို့မဟုတ် ပင်လုံစိတ်ဓါတ်ဖြင့် ခေါင်း ဆောင်ကြီးများက ပြည်ထောင်စုအတွက် အ တူတကွ အုတ်မြစ်ချပြီး လွတ်လပ်ရေးကို အ ရယူပေးခဲ့ပြီး ဖြစ်ရာ ဤလွတ်လပ်ရေးကို အ ဓွန့်ရှည် တည်တံ့ခိုင်မြဲရန်၊ တိုင်းရင်းသားခေါင်း ဆောင်ကြီးများ မျှော်မှန်းခဲ့သော ပြည်ထောင် စုကြီး တည်ဆောင်နိုင်ရန် မိမိတို့ ခေတ်အခါ တွင်လည်း ပင်လုံစိတ်ဓါတ်ဖြင့် ဆက်လက်ကြိုး ပမ်း ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ယုံကြည် မှုတို့ကို အခြေခံလျက် သံသယများ ဖယ်ရှားကာ ပြည်ထောင်စု စိတ်ဓာတ်ကိုတည်ဆောက်ကြ ရမည် ဖြစ်ပါကြောင်း။
.
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေး
.
တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အနေ ဖြင့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီ မျှခြင်းနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိခြင်း ဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက် ပန်းတိုင်ကို မလွဲမသွေ အောင် မြင်စွာ ရောက်ရှိရေးအတွက် စည်းလုံးညီညွတ် စွာ ပူးပေါင်းလက်တွဲ ကြိုးပမ်းဆောင်ရွက် သွား ကြရန် တိုက်တွန်းသဝဏ်လွှာပေးပို့ပါကြောင်း ဖော်ပြပါရှိသည်။
.
နိုင်ငံတော်သမ္မတ၏ နှုတ်ခွန်းဆက် အမှာစ ကား
.
ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က ၇၃ နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်း အနား၌ နှုတ်ခွန်းဆက်စကား ပြောကြားရာ ယ နေ့အချိန်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးလမ်းကြောင်းပေါ်၌ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းနေပြီဖြစ်ရာ ထွန်းသစ်စ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာပြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သည် အလွန်အရေးကြီးသည်ကို အားလုံးက လက်ခံနားလည်ကြပြီး ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးတို့ကို ဦးစားပေးအဖြစ်သတ်မှတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိ ကြောင်း၊ထိုသို့ ကြိုးပမ်း ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားအား လုံး ကျေနပ် လက်ခံ၊ ဂုဏ်ယူနိုင်မည့် ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင် ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီ လာခံ (၂၁ ရာစုပင်လုံ) အစည်းအဝေးတွင် အ ခြေခံမူများ ချမှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း၊ ရှေ့ဆက်မည့် လမ်းခရီးတွင် အ ခက်အခဲ၊ စိန်ခေါ်မှုများ များစွာရှိနေကြောင်း၊ အပြန်အလှန် နားလည် လေးစားမှု၊ ယုံကြည် မှုများကို အခြေခံပြီး ဘုံသဘော တူညီချက် များကို ရရှိအောင် ညှိနှိုင်းသွားရမည် ဖြစ် ကြောင်း ပြောသည်။

.
သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ စေ့စပ် ညှိနှိုင်းအဖြေရှာခြင်း
.
ထို့နောက် ၎င်းက အစိုးရအနေဖြင့် ပြည် ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်း ရင်းသားအားလုံး ဥမကွဲ သိုက်မပျက်စုစည်း နေထိုင်နိုင်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရေးအ တွက်ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ရှေ့တိုးလျှောက် လှမ်းသွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအားလုံး နှစ်ပေါင်းများ စွာ လိုလားတောင့်တနေသည့် ဒီမိုကရေစီ အ ခွင့်အရေး၊ အခြေခံလူ့အခွင့်အရေး၊ တန်းတူ ညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ရရှိရေး အတွက် အားလုံးသဘောတူ လက်ခံနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ် ထွန်း ပေါ်ပေါက်လာစေရေးအတွက် နိုင်ငံ တစ်ဝှမ်းလုံးက တိုင်းရင်းသားပြည်သူများ ပူး ပေါင်းပါဝင်ကြရန် အထူးလိုအပ်ကြောင်း၊ မိမိ တို့ တိုင်းရင်းသားအားလုံးသည် ပြည်ထောင် စုသားများ ဖြစ်ကြသည့်အတွက် တစ်ဦးနှင့် တစ်ဦး နားလည်ယုံကြည်မှု၊ လေးစားမှုများ ကို တိုးမြှင့်တည်ဆောက်ရင်း နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးမှုများကတစ်ဆင့် ကြိုးပမ်းဆောင် ရွက်ရေးအတွက် အထူး အရေးကြီးလှပါ ကြောင်း၊ ပြည်ထောင်စုကြီး၏ အနာဂတ်အ တွက် အရေးကြီးသည့် ၂၁ ရာစုပင်လုံ နိုင်ငံရေး စားပွဲဝိုင်းများတွင် သဘောထားကြီးခြင်း၊ သည်း ခံခြင်း၊ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းတို့ဖြင့် ပူး ပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်း ပြောကြားလိုပါကြောင်း ပြောသည်။
.
ဆုမွန်ကောင်းတောင်း
.
ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ဖက်ဒ ရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့အ တွက် မည်သို့ပင် အခက်အခဲများ တွေ့လာ သည်ဖြစ်စေ မိမိတို့အားလုံး ပြင်ထန်သော ဆန္ဒ၊ မလျှော့သော ဝီရိယ၊ ခိုင်မာသော စိတ် ဓါတ်၊ အမှားအမှန် ခွဲခြားသိမြင်သော ဉာဏ်ပ ညာအမြော်အမြင်တို့ဖြင့် ပြည်ထောင်စု စိတ် ဓါတ်ကို အခြေခံကာ ကျော်လွှားဖြတ်သန်းသွား ရ မည်ဖြစ်ပါကြောင်း၊ လွန်ခဲ့သည့် ၇၃ နှစ်က ရရှိခဲ့သည့် ပင်လုံစိတ်ဓာတ်ကဲ့သို့ စည်းလုံး ညီညွတ်မှုမျိုးကို ပြန်လည်ဖော်ထုတ်နိုင်ပါစေ ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင် စုကြီး တည်ဆောက်ရေး ရည်မှန်းချက်ပန်း တိုင်ကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ လက်တွဲပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ပါစေကြောင်း၊ ရှမ်းပြည်နယ် သူ/ ပြည်နယ်သားများ အပါအဝင် ပြည်ထောင် စုဖွား တိုင်းရင်းသားအားလုံး ကောင်းကျိုးချမ်း သာလိုရာဆန္ဒ ပြည့်ဝကြပါစေကြောင်း၊ ရှမ်း ပြည်နယ်နှင့်တကွ ပြည်ထောင်စုကြီး တစ်ခု လုံး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်နိုင်ပါ စေကြောင်း ပြောကြားခဲ့သည်။
.
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည်  တောင်ကြီးမြို့ ဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ပြီးနောက် ညောင်ရွှေမြို့၌ အင်းလေးကန် ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ နုံးများဆယ်ယူနေမှုနှင့် နုံးတား ဆည်များဖြင့် နုံးပို့ချမှုနည်းပါးအောင် ဆောင် ရွက်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
.
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့် အဖွဲ့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည် ခင်းဧည့်ခံသည့် (၇၃)နှစ်မြောက် ရှမ်းပြည်နယ် နေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြပြီး ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကာ ဆုငွေများပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၈ ရက်၊ နံနက်ပိုင်းက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ထမ့်စမ်းလိုဏ်ဂူတော် ရှိ ဗုဒ္ဓရုပ်ပွားတော်များအား သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး တောင်ကြီးမြို့-ဟဲဟိုးလေဆိပ်မှ တစ်ဆင့် နေပြည်တော်သို့ ပြန်လည် ထွက်ခွာ သွားခဲ့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)