တိုင်းရင်းသားများနှင့် မဟာမိတ် ပြုလုပ်ပါက မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို ဦးစွာ ပြုလုပ်သင့်ကြောင်း ဦးကိုကိုကြီး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, February 18, 2020

တိုင်းရင်းသားများနှင့် မဟာမိတ် ပြုလုပ်ပါက မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို ဦးစွာ ပြုလုပ်သင့်ကြောင်း ဦးကိုကိုကြီး ပြော


စုလှိုင်
.
တိုင်းရင်းသားများနှင့် မဟာမိတ် ပြုလုပ်ပါက မူဝါဒဆိုင်ရာ ဆွေးနွေးမှု များကို ဦးစွာပြုလုပ်သင့်သည်ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုခဲ့သည်။
.

.
ပြည်သူ့ပါတီ၏ ရှမ်းပြည်နယ် ရုံးဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ် ကွက်ရှိ အဆိုပါ ပါတီရုံးခွဲသစ်တွင် ကျင်းပရာ ဖွင့်ပွဲအပြီးတွင် ဦးကိုကို ကြီးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။
.
ပြည်ထောင်စု၏ အခြေခံအုတ် မြစ်သည် ရှမ်းပြည်နယ်၊ ပင်လုံမြို့မှ ပေါက်ဖွားလာခြင်းဖြစ်ပြီး သမိုင်းဝင် နေ့ထူး နေ့မြတ်ဖြစ်သည့် ပြည် ထောင်စုနေ့တွင် ပြည်သူ့ပါတီ၏ ရှမ်းပြည်နယ်ရုံးကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြည်သူ့ပါတီ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တိုင်း ရင်းသား ပါတီများ အားလုံးနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်သည် ဟု ၎င်းထံက သိရသည်။
.
အဓိကကတော့ နိုင်ငံရေးကို ယုံပါ။ နိုင်ငံရေး၊ လူမှုရေး အပြောင်း အလဲတွေ အားလုံးဟာ ၈၈၈၈ အ ရေးတော်ပုံကြီးကို အခြေခံပြီး ဖြစ် လာတာပါ။ လက်နက်ကိုင်တော်လှန် မှုတွေ ရှိခဲ့ကြတယ်ဆိုပေမယ့် တ ကယ့်အပြောင်းအလဲဟာ လူထုအင် အားနဲ့ နိုင်ငံရေး နည်းနဲ့လုပ်ရင် ပြောင်းလဲနိုင်တယ်လို့ ကျွန်တော့်အ နေနဲ့ ယုံကြည်ထားပါတယ်။ အထူး သဖြင့် လူငယ်မဲဆန္ဒရှင်တွေ၊ တက် ကြွလှုပ်ရှားသူတွေ၊ ပြည်သူတွေ အားလုံး ရွေးကောက်ပွဲမှာ တက် တက်ကြွကြွနဲ့ မဲပေးပါ” ဟု ဦးကိုကို ကြီးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းမှု များ၊ မဟာမိတ်ပြုမှုများ ဆောင်ရွက် ရာတွင် တိုင်းရင်းသားများနှင့် မဟာ မိတ် ညှိနှိုင်းမှုကို ဦးစွာပြုလုပ်သင့်ပြီး မူဝါဒဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ ပေါ် မူတည်၍ ရွေးကောက်ပွဲဆိုင်ရာ မဟာမိတ် ညှိနှိုင်းမှုများကို ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ပြည်သူ့ပါတီ အနေဖြင့် မြန်မာ နိုင်ငံတစ်ဝှမ်းတွင် မြို့နယ်ရုံးခွဲပေါင်း ၆၀ ခန့်၊ ရပ်/ကျေးရုံးခွဲပေါင်း ၂၀၀ ကျော်ခန့်  ဖွင့်လှစ်ထားရှိပြီးဖြစ်ကာ ဆက်လက်ဖွင့်လှစ်မည့် ရုံးခွဲများ လည်းရှိနေကြောင်း သိရသည်။
.
ပြည်သူ့ပါတီကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်၍ ရန် ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ် တွင် ပါတီရုံးချုပ် ထားရှိထူထောင် ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၆ ရက်တွင် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် က ပြည်သူ့ပါတီကို တည်ထောင်ခွင့် ပြုခဲ့ကာ ယင်းနှစ် ဩဂုတ်လ ၂၃ ရက်တွင် ပါတီအမှတ်စဉ် ၁၁၀ ဖြင့် ပါတီမှတ်ပုံတင်ခွင့် ပြုပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats