တောင်ကြီးမြို့ စူဠာမုနိစေတီတွင် ကုန်းတော်ပတ်လမ်း ဖောက်လုပ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 7, 2020

တောင်ကြီးမြို့ စူဠာမုနိစေတီတွင် ကုန်းတော်ပတ်လမ်း ဖောက်လုပ်သွားမည်


စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင် ကြီးမြို့၏ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာစေတီတော် မြတ်ကြီးတွင် ကုန်းတော်ပတ်လမ်း ဖောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
.
.
“တွက်ချက်မှု မပြီးသေးတော့ ကုန်ကျစရိတ်မသိရသေးပါဘူး။ အ ကြမ်းဖျဉ်းအားဖြင့်ကတော့ ကုန်း တော်ပတ်လမ်း တည်ဆောက်သွား မှာပါ။ အတည်ဖြစ်ဖို့ကတော့ သက် ဆိုင်ရာ ဌာနတွေ၊ လမ်းဦးစီးတို့နဲ့ ညှိနှိုင်းရမှာပါ။ ကုန်းတော် ပတ်လမ်း လျှောက်လမ်း လုပ်ဖို့အားလုံး အတွက် အဆင်ပြေမယ်ဆိုရင် လုပ် ဆောင်သွားမှာပါ” ဟု စူဠာမုနိစေတီ တော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးသူရစောသိန်းက ပြောသည်။
.
ယင်းကဲ့သို့ စေတီတော် ကုန်း တော်ပတ်လမ်း ပြုလုပ်ရာတွင် စေတီ တော်၏ ကြံ့ခိုင်မှု အတိုင်းအတာနှင့် ဌာနဆိုင်ရာ များ၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပြီး ဥပဒေနှင့် ညီညွတ်မှု မရှိခြင်းဖြစ်စေ အကြောင်းအရာ တစ် စုံတစ်ရာ အခက်အခဲ ဖြစ်ပေါ်လာပါ ကဖြစ်စေ ဆက်လက်လုပ်ဆောင် သွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
ကုန်းတော်ပတ်လမ်း ပြုလုပ်ရန် အတွက် သက်ဆိုင်ရာဌာနများနှင့် ကုန်ကျစရိတ် တွက်ချက်ညှိနှိုင်းပြီးမှ သာခွင့်ပြုချက် တောင်းခံရမည်ဖြစ် ပြီး ၃ လခန့် ကြာမြင့်နိုင်မည် ဖြစ် ကြောင်း သိရသည်။
.
စေတီတော်သို့ လာရောက် သော ဘုရားဖူးဧည့်သည်များ အဆင် ပြေစေရန်နှင့် အပန်းပြေစေရန် ရည် ရွယ်၍ ပန်းပင်၊ ဥယျာဉ်ငယ်များ ဆောက်လုပ်ပေးထားပြီး ယာဉ်ရပ် နားခြင်း၊ သန့်စင်ခန်း အသုံးပြုခြင်း များကိုလည်း အခမဲ့ စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရသည်။
.
စူဠာမုနိလောကချမ်းသာ စေတီ တော်ကို ၁၉၉၄ ခုနှစ်က စတင်တည် ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ပုဂံဒေသ ရှိ ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သည့် အာနန္ဒာ ဘုရား၏ မူရင်းပုံစံ အနုပညာလက် ရာများအတိုင်း တည်ထားကိုးကွယ် ထားခြင်းဖြစ်သည်။
.
တောင်ကြီးမြို့ပေါ်တွင် စူဠာမုနိ လောကချမ်းသာ စေတီတော်အပြင် ရွှေဘုန်းပွင့် စေတီတော်၊ မြစိမ်း တောင်၊ ရွှေမုဋ္ဌောစေတီတော်၊ ပတ္တမြားလိုဏ်ဂူ စသည့် ဘုရားစေတီများ ၌ ပြည်တွင်း/ပြည်ပ ဘုရားဖူး ဧည့် သည်များဖြင့် စည်ကားလျက် ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats