တောင်ကြီး စူဠာမုနိစေတီတော် ပရိဝုဏ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင် ဆေးလိပ်ရောင်းချခြင်း မပြုရန် တားမြစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, February 9, 2020

တောင်ကြီး စူဠာမုနိစေတီတော် ပရိဝုဏ်အတွင်းရှိ ဈေးဆိုင်ခန်းများတွင် ဆေးလိပ်ရောင်းချခြင်း မပြုရန် တားမြစ်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ စူဠာမုနိ လောကချမ်းသာ စေတီတော် ပရိဝုဏ်အတွင်းရှိ စျေး ဆိုင်ခန်းများတွင် ဆေးလိပ်ရောင်း ချခြင်းမပြုရန် ဂေါပကအဖွဲ့မှ တား မြစ်ထားကြောင်း သိရသည်။
.
.
စူဠာမုနိလောကချမ်းသာ စေတီ တော်အား ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၂ ရက်မှ မတ်လ ၁၂ ရက် အထိ ၂ လကြာ ပညာပေး အစီအ စဉ်ကို စူဠာမုနိလောကချမ်းသာ စေ တီတော် ဂေါပကအဖွဲ့နှင့် ရှမ်းပြည် နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ် ကြောင်း သိရသည်။
.
“ဆေးလိပ်ရယ်၊ ကွမ်းယာထဲက ဆေးရွက်ကြီးလည်း တားမြစ်တဲ့ အ ထဲမှာ ပါတယ်။ အဓိကကတော့ ဆေး လိပ်ငွေ့ကင်းစင်နယ်မြေ လုပ်ထား တာပေါ့။ အရမ်း အခက်အခဲတော့ မရှိဘူး။ ဆေးလိပ်သောက်တာတွေ့ ရှိရင်လည်း ဒဏ်ရိုက်မှာမဟုတ်ပါ ဘူး။ ပညာပေးအနေနဲ့ ပြောပေး မှာပါ။ အဓိကကတော့ မသိသေးတဲ့ အဝေးက လာတဲ့သူတွေအတွက် ပေါ့။ မြို့ပေါ်ကလူ တွေကတော့ မ သောက်ပါဘူး” ဟု စူဠာမုနိလောက ချမ်းသာစေတီတော် ဂေါပကအဖွဲ့ ဝင် ဒေါ်ချယ်ရီကျော်က ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ထိုသို့ အသိပညာပေးဆောင် ရွက်ရာတွင် စေတီတော် ပရိဝုဏ်အ တွင်း ဆေးလိပ်၊ ကွမ်းယာ မစားသုံး ရန် ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းထံက သိရသည်။
.
ထို့အပြင် စေတီတော်ပရိဝုဏ် ရှိ စျေးဆိုင်ခန်းများကို နေရာပြောင်း ရွှေ့ဖွင့်လှစ်သွားရန် ရှိနေပြီး စား သောက်ရန် နေရာများကိုလည်း စု ပေါင်းစားသောက်နိုင်ရန်၊ ကိုယ်တိုင် ယူစနစ်ဖြင့် လုပ်ဆောင်သွားရန် ရှိ နေကြောင်းနှင့် စေတီတော်ရှိ အလှ ဆင်မီးများကိုလည်း ထိန်းသိမ်းရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ချယ်ရီကျော်က ဆက်လက် ပြောဆိုခဲ့သည်။
.
စူဠာမုနိစေတီတော် လုံခြုံရေး အတွက် လုံခြုံရေးဝန်ထမ်း ၃၂ ဦးကို ခန့်ထားပြီး တစ်ရက်လျှင် အချိန် ၃ ပိုင်းခွဲ၍ အလှည့်ကျ ဆောင်ရွက် လျက်ရှိသည့်အပြင် စီစီတီဗွီလုံခြုံ ရေး ကင်မရာ ၅၅ လုံး တပ်ဆင်ရန် တင်ဒါခေါ်ယူထားပြီး တင်ဒါအောင် ကုမ္ပဏီမှ ၂ လအတွင်း တပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စူဠာမုနိလောက ချမ်းသာ စေတီတော် ပရိဝုဏ်အ တွင်း ဆေးလိပ်နှင့် ကွမ်းယာကင်း စင်နယ်မြေ သတ်မှတ်နိုင်ရေးအ တွက် အသိပညာပေးဟော ပြောခြင်း ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက် က စူဠာမုနိလောကချမ်းသာဘုရား ဗိမာန်တွင် ကျင်းပရာ ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာ သန်းသန်းဌေးက ဆေးလိပ်ငွေ့ကင်းစင် ပြုလုပ်ရခြင်း နှင့် ပတ်သက်၍ ဟောပြောပြီး အဖွဲ့ ခေါင်းဆောင်ဆရာဝန် ဒေါက်တာ နန်းကြွေစီစန်က Smoke Free Cherry Land နှင့် ဆေးလိပ်ငွေ့ ကင်းစင်နေရာဒေသ၊ ဆေးလိပ်ငွေ့ ကင်းစင်ပြုလုပ်ရသည့် အကြောင်း အရင်း၊ မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထား သည့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ၊ နိုင်ငံတကာတွင် ဆေးလိပ်ငွေ့ကင်း စင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက် နေမှုများ၊ ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တ ရာယ်နှင့် ဆေးလိပ်ကွမ်းဖြတ်ခြင်း ကြောင့်ရရှိသော အကျိုးကျေးဇူးများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်/ တိုင်း အသီးသီးတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေး လှုပ်ရှားဆောင်ရွက်နေ မှုများနှင့် ပတ်သက်၍ရှင်းလင်း ပြော ကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats