တိုင်းရင်းသား ကလေးငယ်များအား မူလတန်းမှ စတင်၍ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားနိုင်ရန် လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, February 21, 2020

တိုင်းရင်းသား ကလေးငယ်များအား မူလတန်းမှ စတင်၍ မိခင်ဘာသာစကားဖြင့် ပညာသင်ကြားနိုင်ရန် လိုအပ်နေ


စိုင်းရာဇာ
.
တိုင်းရင်းသား ကလေးငယ်များ အား အခြေခံပညာမူလတန်းမှ စ တင်၍ မိခင်ဘာသာစကားဖြင့် ပညာ သင်ကြားနိုင်ရန် လိုအပ်သည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ မသီတာထွေးက ပြောဆိုခဲ့သည်။
.
 
.
ပညာရေးစနစ် ပြုပြင်ပြောင်းလဲ ရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)၏ မိခင်ဘာသာစကား အ ခြေပြု ဘာသာစကားစုံပညာရေး အ လုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၆ ရက်၊ နံနက်ပိုင်းက တောင်ကြီး မြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့် စာပေနှင့် ယဉ်ကျေးမှု အသင်းခန်း မတွင်ကျင်းပရာ အခမ်းအနား အပြီး တွင် မသီတာထွေးက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
လက်ရှိလုပ်နေတဲ့ တစ်ပတ် ၃ ကြိမ် တိုင်းရင်းသား ဘာသာစကား သင်တာမဟုတ်ဘဲနဲ့ တိုင်းရင်းသား ကလေး ငယ်တွေကို ကျောင်းစတက် တဲ့အချိန်မှာ သူတို့ရဲ့ မိခင်ဘာသာ စကားနဲ့ ပညာသင်ကြားခွင့် ရတာ ကို လိုချင်ပါတယ်။ လက်ရှိအသုံးပြု နေတဲ့ စနစ်နဲ့တော့ ကွဲလွဲမှုရှိပါလိမ့် မယ်။ မိခင်ဘာသာ စကားအခြေပြု ဘာသာစကား သင်ကြားရေးနဲ့ ပတ် သက်ပြီးတော့ ဝိဝါဒကွဲလွဲနေတာ တွေ ရှိပါတယ်။ အဲဒီကနေ ခွဲထွက်ဖို့ လုပ်တာ ဖြစ်ပါတယ်”ဟု မသီတာ ထွေးက ပြောသည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည် နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ကချင်၊ ချင်း၊ ဓနု၊ အင်းသား၊ ပလောင်၊ ကိုး ကန့်၊ ကယန်း၊ တောင်ရိုး အစရှိသည့် တိုင်းရင်းသား လူမျိုးများနှင့် စာပေ နှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပညာရေးအဖွဲ့ အစည်းများ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။
.
အစိုးရရဲ့ သင်ရိုးညွှန်းတမ်းမှာ လည်း တိုင်းရင်းသားဘာသာစကား ထည့်သွင်းထားတာတွေ့ရပါတယ်။ အစိုးရရဲ့ ပြဌာန်းထားတဲ့ သင်ရိုးနဲ့ ကျွန်မတို့ လိုချင်တဲ့ဘာသာစကားစုံ သင်ကြားရေးက ဘယ်လို ကွဲပြား တယ်ဆိုတာ ဖော်ထုတ်သွားမှာပါ။ အစိုးရပိုင်းကလုပ်တဲ့ မိခင်ဘာသာ စကား သင်ကြားရေးနဲ့ ပတ်သက်ပြီး ဆရာ/ဆရာမတွေရဲ့ အခက်အခဲ ကိုလည်း သိချင်လို့ လုပ်တာဖြစ်ပါ တယ်။ သင်ရိုးညွှန်းတမ်းကအစ ဗ ဟိုကနေချုပ်ကိုင်ပြီး ထုတ်လိုက် တာဆိုရင် ကျွန်မတို့ တိုင်းရင်းသား ဒေသမှာ သုံးတဲ့အခါ တကယ် ထိ ရောက်သလားဆိုတာ ထောက်ပြချင် တယ်။ တိုင်းရင်းသားဘာသာစကား အခြေပြုပြီးတော့ ကျောင်းပညာရပ် သင်ကြားရေးကို ဆိုလိုတာပါ” ဟု မသီတာထွေးက ဆက်လက်ပြော ဆိုခဲ့သည်။
.
အဆိုပါ မိခင်ဘာသာစကား အ ခြေပြု ဘာသာစကားစုံ ပညာရေးနှင့် ပတ်သက်၍ ကျေးရွာဒေသများအ ထိ သွားရောက်၍ သုတေသန ပြုစု ခဲ့ပြီးနောက် ယခုကဲ့သို့ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About