တောင်ကြီးမြို့နယ်အတွင်းရှိ သတ္တုစက်ရုံမှ ထွက်ရှိသော အနံ့အသက်များကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေရဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, February 1, 2020

တောင်ကြီးမြို့နယ်အတွင်းရှိ သတ္တုစက်ရုံမှ ထွက်ရှိသော အနံ့အသက်များကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်နေရဟု ဆို


စိုင်းရာဇာ
.
တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေး ရွာအုပ်စု၊ ပုန်းစိမ်းကျေးရွာ အနီးရှိ ငွေကမ္ဘာကျော် ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံမှ ထွက်ရှိသည့် အနံ့ အသက်များကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများအနေဖြင့် ကျန်းမာရေး ထိခိုက်လာမည်ကို စိုး ရိမ်နေရသည်ဟု သိရသည်။
.
 
.
“အနံ့ စူးစူးရှရှတွေက အနံ့ တော်တော်ဆိုးရွားတယ်။ အသက်ရှူ ကြပ်တယ်။ သက်ဆိုင်ရာကိုလည်း စာတင်ခဲ့တယ်။ အဲဒီအချိန်က လူ ကြီးတွေ ရွာကိုဆင်းကြည့်တော့ မရှိ ဘူး။ စက်ရုံဘေးက အပင်တွေဆိုရင် လည်း သေနေတာရှိတယ်။ စက်ရုံ တည်ဆောက်တော့ ရွာက လူတွေ က ဖိနပ်စက်ရုံလုပ်မယ်ဆိုတာပဲ သိ တယ်။ နောက်မှ ခနောက်စိမ်းသတ္တု သန့်စင်စက်ရုံဆိုတာ သိရတယ်။ စက်ရုံတည်ပြီးကတည်းက ရွာအ တွက် ဘာကောင်းကျိုးမှ မရှိခဲ့ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအ နေနဲ့ လာရောက်စစ်ဆေးပြီး ဆိုး ကျိုးတွေများနေရင် စက်ရုံပိတ်သိမ်း ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပုန်းစိမ်းကျေးရွာနေ ကိုသန်းစိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ငွေကမ္ဘာကျော် ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံမှ ထွက်ရှိသည့် အနံ့ဆိုးများနှင့် အခိုးအငွေ့များ ကြောင့် စက်ရုံအနီးဝန်းကျင်ရှိ နောင် လံ၊ ဟမ်းခြောက်၊ ဘုရားငါးဆူ၊ ပုန်း စိမ်း၊ ညောင်ဖြူနှင့် လွယ်နောင်ကျေး ရွာ ၆ ရွာမှ ဒေသခံများ၏ ကျန်းမာ ရေးကို စိုးရိမ်နေရခြင်း ဖြစ်ကြောင်း သိရသည်။
.
“အဲဒီ စက်ရုံကထွက်တဲ့ အငွေ့၊ အနံ့တွေက ညညဆို အိပ်မရဘူး။ ကျွန်တော်ကတော့ နမ့်ဆီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးကို တင်ပြ ထားတယ်။ သူကနေတစ်ဆင့် အ ထက်ကို တင်ပေးမယ်လို့ ပြော တယ်။ ဒီစက်ရုံရဲ့ အနံ့တွေက က လေးငယ်တွေကို ထိခိုက်သွားမှာ လည်း စိုးရိမ်ရတယ်” ဟု ပုန်းစိမ်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ချစ် ပြားကလည်း ပြောဆိုခဲ့သည်။
.
ဒေသခံများအနေဖြင့် စက်ရုံကို အရေးယူပေးရန်အတွက် သက်ဆိုင် ရာဌာနများသို့ အကြိမ်ကြိမ် တင်ပြ တိုင်ကြားခဲ့သော်လည်း ဌာနဆိုင်ရာ များ ကွင်းဆင်းစစ်ဆေးချိန်တွင် စက် ရုံ ရပ်နားထားသည့်အတွက် အနံ့ အသက်ဆိုးများ ထွက်ရှိခြင်းမရှိဘဲ ကျန်အချိန်များတွင်သာ အနံ့အ သက်နှင့် အခိုးအငွေ့များ ထွက်ရှိ နေခြင်းဖြစ်ကြောင်း သိရသည်။
.
“အနံ့က အရမ်းနံတယ်။ ညဆို ရင် စက်သံကလည်း ဆူညံနေတယ်။ နေ့ခင်းဆိုရင် မီးခိုးထွက်လို့ နေမရ ဘူး။ စက်ရုံ မလည်စေချင်ဘူး။ သူ တို့စက်ရုံလည်တော့ သီးနှံစိုက်ပျိုး တာ အရင်ကထက် မြေဩဇာ ၂ ဆ ပိုထည့်ရတယ်” ဟု ပုန်းစိမ်းကျေးရွာ နေ ဒေါ်နန်းသွမ်က  ပြောသည်။
.
ယင်းစက်ရုံမှ ထွက်ရှိသည့် အနံ့ အသက်နှင့် အခိုးအငွေ့များကြောင့် ၂၀၁၅၊ ၂၀၁၆ ခုနှစ်များ အတွင်းက သက်ဆိုင်ရာ ဌာနများသို့ စာတင်ပြ တိုင်ကြားခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ထပ် မံတင်ပြခဲ့ရာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများမှ လာရောက်ကွင်းဆင်း ကြည့်ရှုခဲ့ဖူး ကြောင်း သိရသည်။
.
ထို့အတူ ညောင်ဖြူကျေးရွာ နေ ဦးဝင်းနိုင်ကြွယ်ကလည်း “ကျွန်တော့် သားက ဒုက္ခိတဖြစ်တယ်။ အနံ့ဆိုး တွေကြောင့် ကျန်းမာရေးထိခိုက် လာတယ်။ အိမ်နီးချင်း အဒေါ်တစ် ယောက်ဆိုရင်လည်း အနံ့ကြောင့် ကျန်းမာရေးမကောင်းဘူး။ နောက် ဆို ဘာတွေထပ်ဖြစ်မယ် မသိဘူး။ စက်ရုံနဲ့ ရွာသားတွေ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် ညှိနှိုင်းစေချင်ပါ တယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့ သည်။
.
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ငွေကမ္ဘာကျော် ခဲသတ္တုသန့်စင်ရေး စက်ရုံ တာဝန်ရှိသူများထံသို့ ကမ္ဘော ဇတိုင်းမှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း တယ်လီဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိချေ။
.
ငွေကမ္ဘာကျော် ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံကို ၂၀၁၂-၂၀၁၃ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ ပြီး ၂၀၁၄ ခုနှစ်တွင် စက်ရုံစတင် လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ် အတွင်း မြို့ ၄ မြို့၊ ရပ်ကွက် ၅၁ ရပ်ကွက်၊ ကျေး ရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာ ၃၇၁ ရွာ၊ လူဦးရေစုစုပေါင်း ၃၈၆၉၁၇ ဦး ရှိပြီး တစ်မြို့နယ်လုံးတွင် သတ္တု တူးဖော်မှုလုပ်ငန်းအနေဖြင့် ယင်းခဲ သတ္တုသန့်စင် လုပ်ငန်းတစ်ခုသာ ရှိ ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦး စီးဌာန၏ စာရင်းများအရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About