တောင်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, February 13, 2020

တောင်ကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ


စိုင်းရာဇာ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြို့မဈေး အပါအဝင် လူစည်ကားသည့် နေရာများတွင် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်မှုနှင့် ပတ်သက်သော လက်ကမ်း‌စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
.
.
တောင်ကြီးမြို့ရှိ မြို့မဈေး၊ City Square နှင့် လူစည်ကားသောနေရာများတွင်  ကိုရိုနာဗိုင်းရပ်စ် (Coronavirus) အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အချက်များ ပါဝင်သည့် လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ပြီး အသိပညာပေး ပိုစတာများကိုလည်း လိုက်လံကပ်ပေးခဲ့ကြောင်း သိရသည်။
.
ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ဓါတ်ခွဲအဖြေစောင့်နေရသူများ အနေဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် ၁ ဦး၊  မောက်မယ်ဆေးရုံတွင် ၄ ဦး စုစုပေါင်း ၅ ဦးရှိပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနာ ၁၆ ဦးရှိကာ သက်ဆိုင်ရာ ဆေးရုံများ၌ စောင့်ကြပ်ကြည့်ရှု ကုသပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
.
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၂၈ နိုင်ငံတွင် ဝူဟန် (ခေါ်) ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကူးစက်ခံရသူ ၆၀၃၇၃ ဦး၊ သေဆုံးသူ ၁၃၆၉ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၆၀၃၂ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About