ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရပ်များ ဖလှယ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, February 19, 2020

ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရပ်များ ဖလှယ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်


စုလှိုင်
.
ဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပညာရပ်များ ဖလှယ်နိုင်ရေးအ တွက် ရှမ်းပြည်နယ်မြို့တော်၊ တောင် ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်များအသင်း (တောင်ကြီး)တွင် အကြိမ် ၂၀ မြောက် မြန်မာနိုင်ငံ ဆရာဝန်များ ညီလာခံကို ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၆ ရက်အထိ ၄ ရက်ကြာ ပြုလုပ် ခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ ညီလာခံတွင် ရှမ်းပြည် နယ်တောင်ပိုင်း၏ ဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရှမ်းပြည်နယ် ဒေ သနှင့် ဆက်စပ်နေသော ဒေသများ မှ ဆရာဝန်များဆေးပညာ တိုးတက် စေရေး၊ ပြည်သူလူထုများအား ကောင်းမွန်သော ကုသမှုပေးနိုင်ရေး၊ ဆေးပညာ တိုးပွားရေးတို့အတွက် အ ဓိက ဦးတည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
နှစ်တိုင်း ၄ ရက် လုပ်တယ်။ သားဖွားမီးယပ်နဲ့ ပတ်သက်တာ ဆွေးနွေးတယ်။ ဒီနှစ်မှာ ထူးထူးခြား ခြားအနေနဲ့ စိတ်ပညာ၊ စိတ်ရောဂါ နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေလုပ် ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံမှာ အဖြစ် များတဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးသွေး ကြောကျဉ်းရောဂါတွေနဲ့ ပတ်သက် တာတွေ၊ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်တာတွေ ဆွေးနွေးတယ်။ ဘာသာရပ်တွေစုံအောင် ကြိုးစားပြီး ဆွေးနွေးခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း အထွေထွေ အတွင်းရေးမှူး (၁) ဒေါက်တာသက် မြင့်ညိုက ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
အဆိုပါ ဆွေးနွေးပွဲသို့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ မြစ်ကြီးနား စသည့် မြို့များမှ ဆရာဝန်များ လာရောက် ဆွေးနွေးခဲ့ပြီး ဆေးပညာဖလှယ်မှု ကို အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
ဆရာဝန်တွေကတော့ အမြဲ တမ်း နယ်တွေကို ဆင်းပြီး ဆေးကု သမှုတွေ လုပ်နေပါတယ်။ ဒီပွဲလုပ် တော့ နီးစပ်ရာ လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ လွိုင်ကော်မြို့တွေက ဆရာ ဝန်တွေ၊ ဟဲဟိုး၊ ကလော၊ ညောင် ရွှေဘက်က ဆရာဝန်တွေ အကုန် လုံး လာနိုင်အောင်၊ ပြောင်းလဲနေတဲ့ ဆေးပညာတွေကို အမြဲတမ်း လိုက် မီနိုင်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်”ဟု ဒေါက်တာသက်မြင့် ညိုက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ ညီလာခံတွင် ဆေးပ ညာဆိုင်ရာ ဆွေးနွေးမှုများ အပြင် ပြောင်းလဲတိုးတက်လာနေသော ဆေးဝါးပစ္စည်း၊ စက်ပစ္စည်းများနှင့် ပတ်သက်သော ပြခန်း ၄၃ ခန်းပါဝင် ပြသ ရောင်းချခဲ့ကြောင်း သိရသည်။
.
မြန်မာနိုင်ငံ ဆရာဝန်အသင်း (တောင်ကြီးမြို့နယ်)သည် သီးခြား ရပ်တည်နေသော အသင်းတစ်သင်း မဟုတ်ဘဲ မြန်မာနိုင်ငံ ဆရာဝန်အ သင်း (ဗဟို)၏ လက်အောက်တွင် ရပ်တည်နေသော အသင်းတစ်သင်း ဖြစ်ပြီး လက်ရှိတွင် အသင်းဝင် ဆရာဝန်အရေအတွက် ၄၀၀ ကျော် ရှိ နေကာ နှစ်စဉ် အသင်းဝင်များ တိုး ပွားလာလျက်ရှိကြောင်း သိရသည်။
.
မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို)ကို ၁၉၆၈ ခုနှစ်က စတင်ဖွဲ့ စည်းခဲ့ခြင်းဖြစ်ပြီး တောင်ကြီးမြို့ နယ်အသင်း ကို ၂၀၁၉ ခုနှစ်၊ လက် ရှိ အဆောက်အဦ ဆောက်လုပ်ပြီး ချိန်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About