တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကေတီဗွီနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ပါက အရေးယူမည် - Kanbawza Tai News

Breaking

Boxed(True/False)

Thursday, February 27, 2020

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကေတီဗွီနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ပါက အရေးယူမည်


စိုင်းရာဇာ
.
တောင်ကြီးမြို့ပေါ်ရှိ ကေတီဗွီ နှင့် စားသောက်ဆိုင်များ အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း ခေတ္တပိတ် သိမ်းထားရန် ညွှန်ကြားထားပြီး လိုက် နာမှု မရှိပါက အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။ 
.
 
.
“မြို့နယ်တွေ အနေနဲ့လည်း ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ထားတာ တွေ ရှိပါတယ်။ အသံချဲ့စက်တွေ ကျယ်လောင်စွာ မဖွင့်ဖို့လည်း ထုတ် ပြန်ထားတယ်။ စားသောက်ဆိုင် တွေ အစုံပေါ့။ မလိုက်နာရင်တော့ ဆက်လက် အရေးယူ ဆောင်ရွက် မယ်။ လောလောဆယ် မြို့နယ်တွေ ကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကို ခံဝန်ကတိတွေနဲ့ ဆောင်ရွက် ပြီးပါပြီဟု တောင်ကြီးခရိုင် အုပ်ချုပ် ရေးမှူး ဦးကိုကိုလွင်က ပြောသည်။
.
ယင်းကဲ့သို့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေစဉ် ကာလအ တွင်း စားသောက်ဆိုင်များ၊ ကေတီ ဗွီများအား ပိတ်သိမ်းစေခြင်းအပြင် လိုက်နာမှု မရှိပါက အရေးယူ သင့် ကြောင်းနှင့် အသံကျယ်လောင်စွာ ဖွင့်လှစ်သည့် ထီလှည်းနှင့် အခြား သော အသံချဲ့စက် အသုံးပြုသူများ ကိုလည်း တားမြစ်ပေးရန် လိုအပ် နေကြောင်း ဒေသခံများထံမှ သိရ သည်။
.
“စာမေးပွဲ ဖြေမယ့်နေ့တွေမှာ အသံကျယ်ကျယ် မဖွင့်သင့်ဘူး။ ဖွင့် ရင်လည်း သက်ဆိုင်ရာက ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ ဒါမှ တခြားသူတွေလည်း မလုပ်ရဲ မှာ။ ဒီစာမေးပွဲက အရေးကြီးတယ်လေ။ နောက်မီးလည်း မပျက်ဖို့ လိုမယ်။ မီးပျက်နေရင်တော့ အဆင်မပြေဘူး။ တစ်နှစ်လုံး ကြိုးစားခိုင်းပြီး ထားလာ ရတာလေ ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
.
တောင်ကြီးမြို့တွင် ကေတီဗွီ ဆိုင်များ၊ စားသောက်ဆိုင်များ တစ် နေ့ထက်တစ်နေ့ များပြားလာလျက် ရှိပြီး အမျိုးသမီးအဆိုရှင်ထားရှိသည့် တရားမဝင် ကေတီဗွီများ၊ စင်တင် တေးဂီတများလည်း ရှိနေကြောင်း သိရသည်။
.
“အသံချဲ့စက် မဖွင့်ဖို့ကိုတော့ စာမေးပွဲမဖြေခင် တစ်လလောက် ကြိုတင်ပြီး နားခိုင်းထားတယ်။ စင် တင်တို့လည်း ပါတယ်။ လုပ်ငန်း ကတော့ လုပ်ပေါ့။ သို့သော် ကျယ် လောင်တဲ့အသံတွေ မထွက်အောင် ဆောင်ရွက်ထားတဲ့ အနေအထား ရှိပါတယ် ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောဆိုခဲ့သည်။
.
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲများကို မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ စာဖြေဌာနအသီးသီးတွင် ဖြေဆိုရမည်ဖြစ်ပြီး ရှမ်းပြည်နယ် အနေဖြင့် တက္ကသိုလ်ဝင်တန်း စာ မေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်း ထားသူ ရှမ်းတောင်မှ ၄၀၂၃၇ ဦး၊ ရှမ်းမြောက်မှ ၁၉၂၂၈ ဦး၊ ရှမ်းရှေ့မှ ၅၄၅၇ ဦး၊ စုစုပေါင်း ၆၄၉၁၂ ဦး ရှိနေကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)