ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ် ပုံမှန်အစည်းအဝေး စတင်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, February 17, 2020

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ် ပုံမှန်အစည်းအဝေး စတင်ကျင်းပ


စိုင်းရာဇာ
.
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ၁၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော် အဆောက်အဦတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.
.
အစည်းအဝေး ပထမနေ့တွင် လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄၀ ဦး ရှိသည့်အနက် ၁၂၆ ဦး တက်ရောက်ခဲ့ပြီး ခွင့်ပန်ကြားသူ ၁၄ ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် တက်ရောက်သူ ၉၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
.
လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကတိသစ္စာပြုလက်မှတ်ရေးထိုးခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးမှ ကြယ်ပွင့်ပြမေးခွန်း ၁၂ ခု မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
ထို့အပြင် ယနေ့ ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေး ပထမနေ့တွင် ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးညီလေးချမ်းက  ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌ ပလပ်စတစ်အိတ်သုံးစွဲခြင်းကို လျော့ချရေးအတွက် ပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန်နှင့် ပလပ်စတစ်အိတ် သုံးစွဲမှု ကင်းမဲ့ဇုန်များကို စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About